Home
မြန်မာသတင်း
မြန်မာအလုပ်သမား လုပ်ငန်းခွင်အတွင်းသေဆုံးခဲ့မှု ဆိုးလ်မြို့တော်ဝန် တောင်းပန်
ပိုင်စိုး
·
August 7, 2019
ကိုရီးယားက ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ မတော်တဆဖြစ်သေဆုံးသွားတဲ့ မြန်မာလုပ်သားနဲ့ပတ်သက်ပြီး ဆိုးလ်မြို့တော်ဝန်က တောင်းပန်စကားပြောခဲ့ပါတယ်။ ဇူလိုင် ၃၁ ရက် မနက်ပိုင်းက ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်၊ ယန်းချွန်မြို့နယ်မှာ ဟွန်ဒိုင်း ဆောက်လုပ်ရေးကုမ္ပဏီက ဦးစီးပြီး အသစ်ဆောက်လုပ်နေတဲ့ မြေအောက် ဥမင်လိုဏ်ခေါင်း ရေစီးလမ်းကြောင်းထဲမှာ ပြင်ဆင်ဆောက်လုပ်ရေး လုပ်နေကြတုန်း မိုးပြင်းထန်ပြီး ရေထိန်းတံခါး ပွင့်သွားတာကြောင့် ကိုရီးယားနိုင်ငံသား ၂ ယောက်နဲ့ မြန်မာနိုင်ငံသား အသက် ၂၃ နှစ်အရွယ် ကိုဇွဲလင်းမောင်တို့ ရေစီးနဲ့မျောပါသွားခဲ့ပါတယ်။ အဲဒီနေ့ မနက် ၇ နာရီကျော်က ကိုဇွဲလင်းမောင်နဲ့ ကိုရီးယားအလုပ်သမားတယောက်တို့ဟာ အခြေအနေကို စစ်ဆေးဖို့အတွက် မြေအောက် ပေ ၁၀၀ ကျော်မှာရှိတဲ့ ရေပိုက်လုံးလိုဏ်ခေါင်းထဲကို ဆင်းသွားခဲ့ရင်း ရေတံခါးပွင့်သွားလို့ သူတို့ကိုကယ်ဖို့ဆင်းသွားတဲ့ ကိုရီးယားလုပ်သား တယောက်လည်း မျောပါသွားတာပါ။  သူတို့ထဲက ကိုရီးယားလုပ်သားတယောက်ရဲ့ အလောင်းကို အဲဒီနေ့မှာ ပြန်တွေ့ခဲ့ပြီး နောက် ၂ ယောက်ကိုတော့ သြဂုတ် ၁ ရက် မနက်ပိုင်းမှာ ကယ်ဆယ်ရေးအဖွဲ့က ရေအောက်ဆင်းတဲ့ဝင်ပေါက်နဲ့ ပေ ၆၀၀ လောက်အကွာမှာ ပြန်ရှာတွေ့ခဲ့ပါတယ်။ ကိုဇွဲလင်းမောင်ဟာ မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ နတ်ညွှန်းရွာကဖြစ်ပြီး ဆောက်လုပ်ရေး လုပ်သားအနေနဲ့ ကိုရီးယားကို ရောက်ရှိလုပ်ကိုင်နေတာ ၂ နှစ်ကျော်ပြီ ဖြစ်ပါတယ်။ ဒီလိုထပ်မဖြစ်ဖို့အတွက် ကွယ်လွန်သူ ကိုရီးယားလုပ်သားရဲ့ကျန်ရစ်သူမိသားစုဝင်တွေနဲ့ ကိုရီးယား အလုပ်သမားသမဂ္ဂအဖွဲ့တွေ၊ ရွှေ့ပြောင်းအလုပ်သမားသမဂ္ဂအဖွဲ့တွေ စုပေါင်းပြီး သက်ဆိုင်ရာတွေက တာဝန်အပြည့်ယူစေဖို့၊ လုပ်ငန်းခွင်အန္တရာယ်ကင်းဝေးရေး အစီအမံတွေ လုပ်ပေးစေဖို့အတွက် ကွယ်လွန်သူတွေအတွက် အမှတ်တရ ဆုတောင်းပွဲကို ဆိုးလ်မြို့ ယန်ချွန်းဂူချောင်းမှာ သြဂုတ် ၅ ရက်ကစပြီး ပြုလုပ်ခဲ့ပါတယ်။ အဲဒီကို ဆိုးလ်မြို့တော်ဝန်နဲ့ ယန်ချွန်းခရိုင်မှူးတို့ လာရောက်ပြီး အသီးသီး ဦးညွတ် ဆုတောင်းခဲ့သလို အထူးဝမ်းနည်းကြေကွဲကြောင်း၊ နစ်နာခဲ့ရသူတွေအတွက် တောင်းပန်ကြောင်း ပြောခဲ့ပါတယ်။ မြန်မာအလုပ်သမားလူမှုဖူလုံရေးစင်တာ( ကိုရီးယား)ရဲ့ လုပ်ငန်းကော်မတီဥက္ကဋ္ဌ ကိုစိုးမိုးသူက “ဆုတောင်းပွဲကို ယန်ချွန်းမြို့နယ်ရုံးက စီစဉ်ပေးတာပါ။ ဆိုးလ်မြို့တော်ဝန်က ကွယ်လွန်သူတွေအတွက် တောင်းပန်ပါတယ်။ ဝမ်းနည်းစကား၊ အားပေးစကားလည်း ပြောပါတယ်။ အခုလို အဖြစ်ဆိုး ဖြစ်ရတဲ့အကြောင်းရင်းကိုလည်း အမြန်ဆုံး ရှာဖွေအရေးယူသွားမယ်လို့ ပြောပါတယ်။ မြို့တော်ဝန်ဟာ ၈ လပိုင်း ၂ ရက်နေ့အထိ နွေရာသီ နားရက်ရှည် (လက်ရှိ ကိုရီးယားမှာ နွေပိတ်ရက်ရှည်ဖြစ်ပါတယ်) ယူထားပေမယ့် အခုကိစ္စကြောင့် ချက်ချင်း ဆိုးလ်ကို ပြန်ရောက်လာတာပါ’’ လို့ ပြောပါတယ်။ မြန်မာသံအမတ်ကြီး ဦးသန့်စင်ဟာလည်း မနေ့မနက်က ယန်ချွန်းခရိုင်ရုံးမှာ ကိုဇွဲလင်းမောင်အတွက် ဝမ်းနည်းကြောင်းမှတ်တမ်းမှာ လက်မှတ်ရေးထိုးခဲ့သလို ခရိုင်အုပ်ချုပ်ရေးမှူးနဲ့တွေ့ပြီး မြန်မာ အလုပ်သမားတွေ လုပ်ငန်းခွင်အန္တရာယ်ကင်းရေးကူညီပေးဖို့ မေတ္တာရပ်ခံခဲ့ပါတယ်။ ကိုစိုးမိုးသူက “လက်ရှိ ယန်ချွန်းခရိုင်မှူးကလည်း သူ့မြို့နယ်ထဲမှာ အခုလို အဖြစ်ဆိုး ဖြစ်ပွားရတာအတွက် အထူးဝမ်းနည်းပြီး တောင်းပန်ကြောင်းပြောပါတယ်။ ကွယ်လွန်သူ ကိုရီးယားတွေကတော့ မိဘဆွေမျိုးတွေက ဈာပနအခမ်းအနားကို လုပ်ပေးနေပေမယ့် မြန်မာလုပ်သားမှာတော့ ဒီအတိုင်း အလောင်းပြန်ပို့ရမယ့် အခြေအနေမို့ စိတ်ထဲမှာ အလွန်မကောင်းဖြစ်ရပြီး အခုလို ဆုတောင်းစင်ကို စီစဉ်ပေးရတာလို့ ဆိုပါတယ်” လို့ ပြောပါတယ်။ ယန်ချွန်ခရိုင်မှူးနဲ့ ရုံးဝန်ထမ်းတွေ၊ မြို့သူမြို့သားတွေကလည်း ကိုဇွဲလင်းမောင်အတွက် စုဆောင်းထားတဲ့ နာရေးကူငွေကို မြန်မာသံရုံးကတဆင့် ပေးပို့ဖို့စီစဉ်နေသလို ကုမ္ပဏီကလည်း နစ်နာကြေးပေးမယ်လို့ ပြောဆိုထားပါတယ်။ ကွယ်လွန်သူတွေအတွက် ကိုရီးယားဓလေ့ဖြစ်တဲ့ ဆုတောင်းနေရာကို ဆိုးလ်မြို့ရဲ့ အချက်အချာ ကျတဲ့နေရာမှာ ထားပေးမယ်လို့ ပြောပြီး လက်တလောမှာတော့ နေရာအတိအကျ မသိရ သေးဘူးလို့လည်း သူက ဆိုပါတယ်။ ကိုဇွဲလင်းနိုင်ရဲ့ ရုပ်ကလပ်ကိုတော့ ကုမ္ပဏီရဲ့အစီအစဉ်နဲ့ မနေ့ညနေကပဲ မြန်မာနိုင်ငံကို လေယာဉ်နဲ့ ပြန်သယ်လာပြီ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ဟယွန်းဒဲ (ဟွန်ဒိုင်း) ဆောက်လုပ်ရေးလုပ်သား ၂ ယောက်နဲ့ အရာရှိတယောက်၊ ဖက်စပ် လုပ်ငန်းဝင်တယောက်တို့ကို ဖမ်းဆီး စစ်ဆေးနေပါတယ်။
ျမန္မာအလုပ္သမား လုပ္ငန္းခြင္အတြင္းေသဆုံးခဲ့မႈ ဆိုးလ္ၿမိဳ႕ေတာ္ဝန္ ေတာင္းပန္ ပိုင္စိုး ကိုရီးယားက ေဆာက္လုပ္ေရးလုပ္ငန္းခြင္မွာ မေတာ္တဆျဖစ္ေသဆုံးသြားတဲ့ ျမန္မာလုပ္သားနဲ႔ပတ္သက္ၿပီး ဆိုးလ္ၿမိဳ႕ေတာ္ဝန္က ေတာင္းပန္စကားေျပာခဲ့ပါတယ္။ ဇူလိုင္ ၃၁ ရက္ မနက္ပိုင္းက ကိုရီးယားႏိုင္ငံ ဆိုးလ္ၿမိဳ႕ေတာ္၊ ယန္းခြၽန္ၿမိဳ႕နယ္မွာ ဟြန္ဒိုင္း ေဆာက္လုပ္ေရးကုမၸဏီက ဦးစီးၿပီး အသစ္ေဆာက္လုပ္ေနတဲ့ ေျမေအာက္ ဥမင္လိုဏ္ေခါင္း ေရစီးလမ္းေၾကာင္းထဲမွာ ျပင္ဆင္ေဆာက္လုပ္ေရး လုပ္ေနၾကတုန္း မိုးျပင္းထန္ၿပီး ေရထိန္းတံခါး ပြင့္သြားတာေၾကာင့္ ကိုရီးယားႏိုင္ငံသား ၂ ေယာက္နဲ႔ ျမန္မာႏိုင္ငံသား အသက္ ၂၃ ႏွစ္အ႐ြယ္ ကိုဇြဲလင္းေမာင္တို႔ ေရစီးနဲ႔ေမ်ာပါသြားခဲ့ပါတယ္။ အဲဒီေန႔ မနက္ ၇ နာရီေက်ာ္က ကိုဇြဲလင္းေမာင္နဲ႔ ကိုရီးယားအလုပ္သမားတေယာက္တို႔ဟာ အေျခအေနကို စစ္ေဆးဖို႔အတြက္ ေျမေအာက္ ေပ ၁၀၀ ေက်ာ္မွာရွိတဲ့ ေရပိုက္လုံးလိုဏ္ေခါင္းထဲကို ဆင္းသြားခဲ့ရင္း ေရတံခါးပြင့္သြားလို႔ သူတို႔ကိုကယ္ဖို႔ဆင္းသြားတဲ့ ကိုရီးယားလုပ္သား တေယာက္လည္း ေမ်ာပါသြားတာပါ။ သူတို႔ထဲက ကိုရီးယားလုပ္သားတေယာက္ရဲ႕ အေလာင္းကို အဲဒီေန႔မွာ ျပန္ေတြ႕ခဲ့ၿပီး ေနာက္ ၂ ေယာက္ကိုေတာ့ ၾသဂုတ္ ၁ ရက္ မနက္ပိုင္းမွာ ကယ္ဆယ္ေရးအဖြဲ႕က ေရေအာက္ဆင္းတဲ့ဝင္ေပါက္နဲ႔ ေပ ၆၀၀ ေလာက္အကြာမွာ ျပန္ရွာေတြ႕ခဲ့ပါတယ္။ ကိုဇြဲလင္းေမာင္ဟာ မေကြးတိုင္း၊ ေရစႀကိဳၿမိဳ႕နယ္၊ နတ္ၫႊန္း႐ြာကျဖစ္ၿပီး ေဆာက္လုပ္ေရး လုပ္သားအေနနဲ႔ ကိုရီးယားကို ေရာက္ရွိလုပ္ကိုင္ေနတာ ၂ ႏွစ္ေက်ာ္ၿပီ ျဖစ္ပါတယ္။ ဒီလိုထပ္မျဖစ္ဖို႔အတြက္ ကြယ္လြန္သူ ကိုရီးယားလုပ္သားရဲ႕က်န္ရစ္သူမိသားစုဝင္ေတြနဲ႔ ကိုရီးယား အလုပ္သမားသမဂၢအဖြဲ႕ေတြ၊ ေ႐ႊ႕ေျပာင္းအလုပ္သမားသမဂၢအဖြဲ႕ေတြ စုေပါင္းၿပီး သက္ဆိုင္ရာေတြက တာဝန္အျပည့္ယူေစဖို႔၊ လုပ္ငန္းခြင္အႏၲရာယ္ကင္းေဝးေရး အစီအမံေတြ လုပ္ေပးေစဖို႔အတြက္ ကြယ္လြန္သူေတြအတြက္ အမွတ္တရ ဆုေတာင္းပြဲကို ဆိုးလ္ၿမိဳ႕ ယန္ခြၽန္းဂူေခ်ာင္းမွာ ၾသဂုတ္ ၅ ရက္ကစၿပီး ျပဳလုပ္ခဲ့ပါတယ္။ အဲဒီကို ဆိုးလ္ၿမိဳ႕ေတာ္ဝန္နဲ႔ ယန္ခြၽန္းခ႐ိုင္မႉးတို႔ လာေရာက္ၿပီး အသီးသီး ဦးၫြတ္ ဆုေတာင္းခဲ့သလို အထူးဝမ္းနည္းေၾကကြဲေၾကာင္း၊ နစ္နာခဲ့ရသူေတြအတြက္ ေတာင္းပန္ေၾကာင္း ေျပာခဲ့ပါတယ္။ ျမန္မာအလုပ္သမားလူမႈဖူလုံေရးစင္တာ( ကိုရီးယား)ရဲ႕ လုပ္ငန္းေကာ္မတီဥကၠ႒ ကိုစိုးမိုးသူက “ဆုေတာင္းပြဲကို ယန္ခြၽန္းၿမိဳ႕နယ္႐ုံးက စီစဥ္ေပးတာပါ။ ဆိုးလ္ၿမိဳ႕ေတာ္ဝန္က ကြယ္လြန္သူေတြအတြက္ ေတာင္းပန္ပါတယ္။ ဝမ္းနည္းစကား၊ အားေပးစကားလည္း ေျပာပါတယ္။ အခုလို အျဖစ္ဆိုး ျဖစ္ရတဲ့အေၾကာင္းရင္းကိုလည္း အျမန္ဆုံး ရွာေဖြအေရးယူသြားမယ္လို႔ ေျပာပါတယ္။ ၿမိဳ႕ေတာ္ဝန္ဟာ ၈ လပိုင္း ၂ ရက္ေန႔အထိ ေႏြရာသီ နားရက္ရွည္ (လက္ရွိ ကိုရီးယားမွာ ေႏြပိတ္ရက္ရွည္ျဖစ္ပါတယ္) ယူထားေပမယ့္ အခုကိစၥေၾကာင့္ ခ်က္ခ်င္း ဆိုးလ္ကို ျပန္ေရာက္လာတာပါ’’ လို႔ ေျပာပါတယ္။ ျမန္မာသံအမတ္ႀကီး ဦးသန႔္စင္ဟာလည္း မေန႔မနက္က ယန္ခြၽန္းခ႐ိုင္႐ုံးမွာ ကိုဇြဲလင္းေမာင္အတြက္ ဝမ္းနည္းေၾကာင္းမွတ္တမ္းမွာ လက္မွတ္ေရးထိုးခဲ့သလို ခ႐ိုင္အုပ္ခ်ဳပ္ေရးမႉးနဲ႔ေတြ႕ၿပီး ျမန္မာ အလုပ္သမားေတြ လုပ္ငန္းခြင္အႏၲရာယ္ကင္းေရးကူညီေပးဖို႔ ေမတၱာရပ္ခံခဲ့ပါတယ္။ ကိုစိုးမိုးသူက “လက္ရွိ ယန္ခြၽန္းခ႐ိုင္မႉးကလည္း သူ႔ၿမိဳ႕နယ္ထဲမွာ အခုလို အျဖစ္ဆိုး ျဖစ္ပြားရတာအတြက္ အထူးဝမ္းနည္းၿပီး ေတာင္းပန္ေၾကာင္းေျပာပါတယ္။ ကြယ္လြန္သူ ကိုရီးယားေတြကေတာ့ မိဘေဆြမ်ိဳးေတြက ဈာပနအခမ္းအနားကို လုပ္ေပးေနေပမယ့္ ျမန္မာလုပ္သားမွာေတာ့ ဒီအတိုင္း အေလာင္းျပန္ပို႔ရမယ့္ အေျခအေနမို႔ စိတ္ထဲမွာ အလြန္မေကာင္းျဖစ္ရၿပီး အခုလို ဆုေတာင္းစင္ကို စီစဥ္ေပးရတာလို႔ ဆိုပါတယ္” လို႔ ေျပာပါတယ္။ ယန္ခြၽန္ခ႐ိုင္မႉးနဲ႔ ႐ုံးဝန္ထမ္းေတြ၊ ၿမိဳ႕သူၿမိဳ႕သားေတြကလည္း ကိုဇြဲလင္းေမာင္အတြက္ စုေဆာင္းထားတဲ့ နာေရးကူေငြကို ျမန္မာသံ႐ုံးကတဆင့္ ေပးပို႔ဖို႔စီစဥ္ေနသလို ကုမၸဏီကလည္း နစ္နာေၾကးေပးမယ္လို႔ ေျပာဆိုထားပါတယ္။ ကြယ္လြန္သူေတြအတြက္ ကိုရီးယားဓေလ့ျဖစ္တဲ့ ဆုေတာင္းေနရာကို ဆိုးလ္ၿမိဳ႕ရဲ႕ အခ်က္အခ်ာ က်တဲ့ေနရာမွာ ထားေပးမယ္လို႔ ေျပာၿပီး လက္တေလာမွာေတာ့ ေနရာအတိအက် မသိရ ေသးဘူးလို႔လည္း သူက ဆိုပါတယ္။ ကိုဇြဲလင္းႏိုင္ရဲ႕ ႐ုပ္ကလပ္ကိုေတာ့ ကုမၸဏီရဲ႕အစီအစဥ္နဲ႔ မေန႔ညေနကပဲ ျမန္မာႏိုင္ငံကို ေလယာဥ္နဲ႔ ျပန္သယ္လာၿပီ ျဖစ္ပါတယ္။ လက္ရွိမွာေတာ့ ဟယြန္းဒဲ (ဟြန္ဒိုင္း) ေဆာက္လုပ္ေရးလုပ္သား ၂ ေယာက္နဲ႔ အရာရွိတေယာက္၊ ဖက္စပ္ လုပ္ငန္းဝင္တေယာက္တို႔ကို ဖမ္းဆီး စစ္ေဆးေနပါတယ္။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024