Live
Home
မြန်မာသတင်း
မယ်ဆိုင်တွင် မြန်မာအမျိုးသမီး ၃ ဦးထံမှ ဘိန်းစိမ်း ကီလို ၃၀ ခန့် ဖမ်းမိ
DVB
·
August 7, 2019
ထိုင်-မြန်မာနယ်စပ် တာချီလိတ် - မယ်ဆိုင်ကြား ချစ်ကြည်ရေးတံတားဂိတ်မှာ ထိုင်းဘက်ခြမ်းအာဏာပိုင်တွေက မြန်မာအမျိုးသမီး ၃ ဦးထံမှ ဘိန်းစိမ်း အလေးချိန်စုစုပေါင်း ၃၀ ကီလိုဂရမ်နီးပါး ဖမ်းဆီးရမိတယ်လို့ မန်နေဂျာအွန်လိုင်းထိုင်းသတင်းမှာ ဖော်ပြပါတယ်။ သြဂုတ် ၆ ရက် နေ့ခင်းပိုင်းက မယ်ဆိုင်အဝင်ဂိတ်ရှိ ထိုင်းရဲ၊ စစ်တပ်နဲ့ အကောက်ခွန်ဌာနဆိုင်ရာ တာဝန်ရှိသူတွေဟာ ဖြတ်သန်းသွားလာသူတွေကို စစ်ဆေးကြည့်ရှုစဉ် မြန်မာဘက်ခြမ်းက ဝင်လာတဲ့ အမျိုးသမီး ၃ ဦးရဲ့  ပစ္စည်းတွေထဲကနေ ဘိန်းစိမ်းတွေ ဖမ်းမိခဲ့တာလို့ တာဝန်ရှိသူတဦးက သတင်းထောက်ကို ပြောပါတယ်။ အဆိုပါ အမျိုးသမီး ၃ ဦးမှာ နန်းအေလောက်၊ နန်းဖစ်နဲ့ နန်းလူတို့ဖြစ်ပြီး ခန္ဓာကိုယ်မှာ ဘာဥပဒေမဲ့ပစ္စည်းမှ မတွေ့ရပေမယ့်လည်း မျက်နှာအနေအထား သင်္ကာဖွယ်တွေ့ရတာကြောင့် သုံးဘီးနဲ့ သယ်ဆောင်လာတဲ့ သူတို့ပစ္စည်းတွေကို X- Ray စက်နဲ့ စစ်ဆေးရာမှာ နေကြာစေ့၊ ပဲကြော် ၊ ငါး ခြောက် စတဲ့ စားစရာတွေထဲ ဝှက်ယူလာတဲ့ ဘိန်းစိမ်းတွေ တွေ့ရှိတာလို့ ဆိုပါတယ်။ စစ်ဆေးချက်အရ ဘိန်းစိန်းအတုံးပေါင်း ၁၇ တုံးတွေ့ပြီး အလေးချိန်စုစုပေါင်း ၂၇ ဒဿမ ၈၃၄၆ ကီလိုဂ ရမ်ရှိကာ တန်ဖိုး ဘတ် ၆၂၉ ၀၀၀ ( ၆ သိန်း ၂ သောင်း ၉ ထောင် ) ဖိုး ရှိမယ်လို့ တာဝန်ရှိသူတွေက ခန့်မှန်းပါတယ်။ သူတို့ ၃ ယောက်လုံးကို မူးယစ်မှုနဲ့ အရေးယူဖို့အတွက် မယ်ဆိုင်ရဲစခန်းမှာ ဖမ်းဆီးထားတယ်လို့ သတင်းမှာ ဖော်ပြသွားပါတယ်။ Source: https://mgronline.com/local/detail/9620000074781?fbclid=IwAR0d1-0P5BIb8IrUXz68EygxqC2HxvJr3hdpYrtO4LBjiWAPUVknUIAvEeE
မယ္ဆိုင္တြင္ ျမန္မာအမ်ိဳးသမီး ၃ ဦးထံမွ ဘိန္းစိမ္း ကီလို ၃၀ ခန႔္ ဖမ္းမိ ဒီဗြီဘီ ထိုင္-ျမန္မာနယ္စပ္ တာခ်ီလိတ္ - မယ္ဆိုင္ၾကား ခ်စ္ၾကည္ေရးတံတားဂိတ္မွာ ထိုင္းဘက္ျခမ္းအာဏာပိုင္ေတြက ျမန္မာအမ်ိဳးသမီး ၃ ဦးထံမွ ဘိန္းစိမ္း အေလးခ်ိန္စုစုေပါင္း ၃၀ ကီလိုဂရမ္နီးပါး ဖမ္းဆီးရမိတယ္လို႔ မန္ေနဂ်ာအြန္လိုင္းထိုင္းသတင္းမွာ ေဖာ္ျပပါတယ္။ ၾသဂုတ္ ၆ ရက္ ေန႔ခင္းပိုင္းက မယ္ဆိုင္အဝင္ဂိတ္ရွိ ထိုင္းရဲ၊ စစ္တပ္နဲ႔ အေကာက္ခြန္ဌာနဆိုင္ရာ တာဝန္ရွိသူေတြဟာ ျဖတ္သန္းသြားလာသူေတြကို စစ္ေဆးၾကည့္ရႈစဥ္ ျမန္မာဘက္ျခမ္းက ဝင္လာတဲ့ အမ်ိဳးသမီး ၃ ဦးရဲ႕ ပစၥည္းေတြထဲကေန ဘိန္းစိမ္းေတြ ဖမ္းမိခဲ့တာလို႔ တာဝန္ရွိသူတဦးက သတင္းေထာက္ကို ေျပာပါတယ္။ အဆိုပါ အမ်ိဳးသမီး ၃ ဦးမွာ နန္းေအေလာက္၊ နန္းဖစ္နဲ႔ နန္းလူတို႔ျဖစ္ၿပီး ခႏၶာကိုယ္မွာ ဘာဥပေဒမဲ့ပစၥည္းမွ မေတြ႕ရေပမယ့္လည္း မ်က္ႏွာအေနအထား သကၤာဖြယ္ေတြ႕ရတာေၾကာင့္ သုံးဘီးနဲ႔ သယ္ေဆာင္လာတဲ့ သူတို႔ပစၥည္းေတြကို X- Ray စက္နဲ႔ စစ္ေဆးရာမွာ ေနၾကာေစ့၊ ပဲေၾကာ္ ၊ ငါး ေျခာက္ စတဲ့ စားစရာေတြထဲ ဝွက္ယူလာတဲ့ ဘိန္းစိမ္းေတြ ေတြ႕ရွိတာလို႔ ဆိုပါတယ္။ စစ္ေဆးခ်က္အရ ဘိန္းစိန္းအတုံးေပါင္း ၁၇ တုံးေတြ႕ၿပီး အေလးခ်ိန္စုစုေပါင္း ၂၇ ဒႆမ ၈၃၄၆ ကီလိုဂ ရမ္ရွိကာ တန္ဖိုး ဘတ္ ၆၂၉ ၀၀၀ ( ၆ သိန္း ၂ ေသာင္း ၉ ေထာင္ ) ဖိုး ရွိမယ္လို႔ တာဝန္ရွိသူေတြက ခန႔္မွန္းပါတယ္။ သူတို႔ ၃ ေယာက္လုံးကို မူးယစ္မႈနဲ႔ အေရးယူဖို႔အတြက္ မယ္ဆိုင္ရဲစခန္းမွာ ဖမ္းဆီးထားတယ္လို႔ သတင္းမွာ ေဖာ္ျပသြားပါတယ္။ Source: https://mgronline.com/local/detail/9620000074781?fbclid=IwAR0d1-0P5BIb8IrUXz68EygxqC2HxvJr3hdpYrtO4LBjiWAPUVknUIAvEeE

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024