A d v e r t i s e m e n t With Us

ကော်တင်ဟို ပရီးမီးယားလိဂ်သို့ ပြန်ရောက်ဖွယ်ရှိ

ဓာတ်ပုံ - Getty Images
ဘာစီလိုနာ ကစားသမား ကော်တင်ဟိုဟာ ပရီးမီးယားလိဂ်ကို ပြန်လာဖို့ ရှိနေပါတယ်။ ဘာစီလိုနာအသင်းဟာ ကော်တင်ဟိုကို အငှားချဖို့ ဆုံးဖြတ်လိုက်ပြီး ပရီးမီးယားလိဂ် ကလပ်အသင်းတွေနဲ့ ဆွေးနွေးနေတာပါ။ ကော်တင်ဟိုကို ခေါ်ယူနိုင်ဖို့အတွက် စပါးအသင်းက အခြေအနေ ပိုကောင်းနေပြီး အာဆင်နယ်၊ မန်ချက်စတာယူနိုက်တက်နဲ့ အသင်းဟောင်း လီဗာပူးတို့နဲ့လည်း သတင်းထွက်နေပါတယ်။ ဘာစီလိုနာအသင်းဟာ ကော်တင်ဟိုအတွက် တနှစ် အငှားချကြေးအဖြစ် ပေါင် ၁၂ သန်း ရယူဖို့ အလိုရှိနေပါတယ်။ ကော်တင်ဟိုဟာ ၂၀၁၈ ခုနှစ် ဇန်နဝါရီ အပြောင်းအရွှေ့မှာ လီဗာပူးကနေ ပေါင် ၁၄၂ သန်းနဲ့ ဘာစီလိုနာကို ပြောင်းရွှေ့ခဲ့ပြီး ခြေစွမ်းပြကစားနိုင်ဖို့ ရုန်းကန်နေရပါတယ်။
Zawgyi Version ေကာ္တင္ဟို ပရီးမီးယားလိဂ္သို႔ ျပန္ေရာက္ဖြယ္ရွိ DVB ဘာစီလုိနာ ကစားသမား ေကာ္တင္ဟိုဟာ ပရီးမီးယားလိဂ္ကုိ ျပန္လာဖုိ႔ ရွိေနပါတယ္။ ဘာစီလုိနာအသင္းဟာ ေကာ္တင္ဟိုကုိ အငွားခ်ဖုိ႔ ဆုံးျဖတ္လုိက္ၿပီး ပရီးမီးယားလိဂ္ ကလပ္အသင္းေတြနဲ႔ ေဆြးေႏြးေနတာပါ။ ေကာ္တင္ဟိုကို ေခၚယူႏုိင္ဖုိ႔အတြက္ စပါးအသင္းက အေျခအေန ပုိေကာင္းေနၿပီး အာဆင္နယ္၊ မန္ခ်က္စတာယူႏုိက္တက္နဲ႔ အသင္းေဟာင္း လီဗာပူးတို႔နဲ႔လည္း သတင္းထြက္ေနပါတယ္။ ဘာစီလုိနာအသင္းဟာ ေကာ္တင္ဟိုအတြက္ တႏွစ္ အငွားခ်ေၾကးအျဖစ္ ေပါင္ ၁၂ သန္း ရယူဖုိ႔ အလုိရွိေနပါတယ္။ ေကာ္တင္ဟိုဟာ ၂၀၁၈ ခုႏွစ္ ဇန္နဝါရီ အေျပာင္းအေရႊ႕မွာ လီဗာပူးကေန ေပါင္ ၁၄၂ သန္းနဲ႔ ဘာစီလိုနာကို ေျပာင္းေရႊ႕ခဲ့ၿပီး ေျခစြမ္းျပကစားႏုိင္ဖုိ႔ ႐ုန္းကန္ေနရပါတယ္။

A d v e r t i s e m e n t With Us

More News
Up