Home
မြန်မာသတင်း
ကျောက်တော်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူး အသတ်ခံရ
DVB
·
August 6, 2019
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မှာ ကျေးရွာအုပ်ချုပ်ရေးမှူးတဦးနဲ့ ရာအိမ်မှူးတဦးတို့ ထပ်မံအသတ်ခံခဲ့ရတယ်လို့ ပြည်နယ်ရဲတပ်ဖွဲ့က ဒီဗွီဘီကို ပြောပါတယ်။ ကျောက်တော်မြို့နယ် ဆင်အိုးချိုင်ကျေးရွာအုပ်စု ခေတ္တအုပ်ချုပ်ရေးမှူး ဦးဦးသန်းမောင် (၅၅ နှစ်) နဲ့ သာဒါဆိပ်ကျေးရွာ ရာအိမ်မှူး ဦးမောင်ဝင်းနိုင် (၃၄ နှစ်) တို့ နှစ်ဦးဟာ သြဂုတ် ၃ ရက်နေ့က ဆင်အိုးချိုင် ဘင်္ဂါလီကျေးရွာကို အိမ်ထောင်စုစာရင်းကောက်ယူပြီး အပြန်မှာ လူအုပ်စု ကြိုးတုပ်ခေါ်ယူသွားပြီးနောက် သြဂုတ် ၅ ရက်နေ့မှာ သူတို့နှစ်ဦးရဲ့အလောင်းတွေကို တွေ့ရှိခဲ့ကြတာလို့ ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံး၊ ဒုတိယရဲမှူးကြီး မောင်မောင်စိုးက ဒီဗွီဘီကို ပြောပါတယ်။ “ကျောက်တော်က ဆင်အိုးချိုင်ကျေးရွာက ခေတ္တအုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူးတို့နှစ်ယောက်က သူတို့ပိုင်တဲ့ ကုလားရွာမှာသွားပြီး လူစာရင်းသွားကောက်တာပေါ့နော်။ သွားပြီးတော့ အပြန်မှာ သူတို့ကို လူ ၇ ယောက်ကနေပြီးတော့ ခေါ်သွားတယ်တဲ့ ကြိုးတုပ်ပြီးတော့ပေါ့။ အဲဒီရွာက ကုလားမလေးကနေပြီးတော့ ခေတ္တအုပ်ချုပ်ရေးမှူးရဲ့ သမီးကို အကြောင်းကြားတာပေါ့နော်။ ခေတ္တအုပ်ချုပ်ရေးမှူးရဲ့ သမီးက မစိုးမှုန်။ နောက်ပြန်တုပ်ပြီးတော့ ခေါ်သွားတယ်။ အဲဒီလူတွေက ရခိုင်စကားပြောတယ်။ ဘာ၊ ညာနော်။ အဲဒါနဲ့ ကျနော်တို့က လူပျောက် ရှာဖွေတာပေါ့။ မနေ့က အလောင်း ၂ လောင်းပေါ်လာတာပေါ့နော်။” ဆင်အိုးချိုင်ကျေးရွာအုပ်စု ခေတ္တအုပ်ချုပ်ရေးမှူး ဦးဦးသန်းမောင်ရဲ့ သမီး ဖြစ်သူ မစိုးမှုန်က “ကုလားလေးတယောက် လာပြောပါတယ်။ မမ ဦးလေးကို ဖမ်းတယ်တဲ့။ ချောင်းကို ဖမ်းသွားတယ်တဲ့။ ချောင်းမှာ အဖေက ဘာသွားလုပ်တာလဲဆိုတော့ မဟုတ်ဘူး။ ရွာထဲကနေပြီး ဖမ်းသွားတာတဲ့ အခုရှိသေးလားဆိ‌ုတော့ ချောင်းကိုသွားတယ်တဲ့။ ဆိုတော့ ကုလားလေးကို မေးလည်း မမေးခဲ့တော့ဘူး။ နားလည်းသိပ်မလည်တော့ သူက ရခိုင်စကာလည်း သိပ်မတတ်ဘူး။ ကျမတို့လည်း လိုက်သွားကြတော့ အဖေကိုလည်း မတွေ့ဘူး” လို့ ပြောပါတယ်။ ဆင်အိုးချိုင်ကျေးရွာအုပ်စု ခေတ္တအုပ်ချုပ်ရေးမှူး ဦးဦးသန်းမောင်မှာ အခင်းမဖြစ်ပွားခင်မှာ ရွာတွင်း လမ်းခင်းမယ့်ကိစ္စ အချေအတင်တခုတော့ ရှိခဲ့တယ်လို့ ဆိုပေမယ့် ကြီးကြီးမားမားတော့ မဟုတ်ဘူးလို့ မိသားစုတွေက ဆိုပါတယ်။ ပျောက်ဆုံးသွားတဲ့ နေ့ကတည်းကနေ မိသားစုတွေက တောက်လျှောက်ရှာနေခဲ့ကြပေမယ့် သြဂုတ် ၅ ရက်နေ့မှာမှ သူတို့နှစ်ဦးကို ကြိုးတုပ်ပြီး ဓားနဲ့ ထိုးသတ်ထားတဲ့ဒဏ်ရာတွေနဲ့ တောပန်ဇင်းဆိုတဲ့ရွာအနီးက ပေါ်ကျွန်းမှာ တွေ့ရှိခဲ့ကြတာပါ။ အလောင်းတွေကို ဆေးရုံပို့ဆောင်စစ်ဆေးခဲ့ပြီး ကျောက်တော်မြို့ သုသာန်မှာပဲ သြင်္ဂိုဟ်ခဲ့တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။ ရဲတပ်ဖွဲ့ကတော့ နစ်နာသူတွေဘေက်က တရားလိုလုပ်ပြီး အမှုဖွင့်ထားကြတယ်လို့ ဆိုပေမယ့် ဘယ်ပုဒ်မတွေနဲ့ ဖွင့်တယ်ဆိုတာကို ထုတ်ဖော်ပြောတာ မရှိသလို ဘယ်သူတွေကို သံသယရှိတယ်ဆိုတာကို မေးမြန်းရာမှာလည်း ဖြေဆိုခဲ့ခြင်း မရှိပါဘူး။ ရခိုင့်တပ်တော် အေအေနဲ့ မြန်မာ့တပ်မတော်တို့ တိုက်ပွဲတွေဖြစ်ပွားပြီးနောက်ပိုင်း ရပ်ကျေးအုပ်ချုပ်ရေးမှူးအဖွဲ့ဝင်တွေ သတ်ဖြတ်ခံရတာ၊ ဖမ်းဆီးခံရာတွေ မြင့်တက်လာနေသလို သူတို့ရဲ့ ဘဝတွေအတွက် အာမခံချက်မရှိတော့ဘူးလို့ဆိုကာ နုတ်ထွက်မှုတွေလည်း ရှိနေပါတယ်။ သတင်း၊ ဓာတ်ပုံ - ဝဏ္ဏခွာညို
Zawgyi Version ေက်ာက္ေတာ္တြင္ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးႏွင့္ ရာအိမ္မႉး အသတ္ခံရ သတင္း-ဓာတ္ပုံ- ဝဏၰခြာညိဳ ရခိုင္ျပည္နယ္ ေက်ာက္ေတာ္ၿမိဳ႕နယ္မွာ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးတဦးနဲ႔ ရာအိမ္မႉးတဦးတို႔ ထပ္မံအသတ္ခံခဲ့ရတယ္လို႔ ျပည္နယ္ရဲတပ္ဖြဲ႕က ဒီဗြီဘီကို ေျပာပါတယ္။ ေက်ာက္ေတာ္ၿမိဳ႕နယ္ ဆင္အိုးခ်ိဳင္ေက်း႐ြာအုပ္စု ေခတၱအုပ္ခ်ဳပ္ေရးမႉး ဦးဦးသန္းေမာင္ (၅၅ ႏွစ္) နဲ႔ သာဒါဆိပ္ေက်း႐ြာ ရာအိမ္မႉး ဦးေမာင္ဝင္းႏိုင္ (၃၄ ႏွစ္) တို႔ ႏွစ္ဦးဟာ ၾသဂုတ္ ၃ ရက္ေန႔က ဆင္အိုးခ်ိဳင္ ဘဂၤါလီေက်း႐ြာကို အိမ္ေထာင္စုစာရင္းေကာက္ယူၿပီး အျပန္မွာ လူအုပ္စု ႀကိဳးတုပ္ေခၚယူသြားၿပီးေနာက္ ၾသဂုတ္ ၅ ရက္ေန႔မွာ သူတို႔ႏွစ္ဦးရဲ႕အေလာင္းေတြကို ေတြ႔ရွိခဲ့ၾကတာလို႔ ရခိုင္ျပည္နယ္ ရဲတပ္ဖြဲ႔မႉး႐ုံး၊ ဒုတိယရဲမႉးႀကီး ေမာင္ေမာင္စိုးက ဒီဗြီဘီကို ေျပာပါတယ္။ “ေက်ာက္ေတာ္က ဆင္အိုးခ်ိဳင္ေက်း႐ြာက ေခတၱအုပ္ခ်ဳပ္ေရးမႉးနဲ႔ ရာအိမ္မႉးတို႔ႏွစ္ေယာက္က သူတို႔ပိုင္တဲ့ ကုလား႐ြာမွာသြားၿပီး လူစာရင္းသြားေကာက္တာေပါ့ေနာ္။ သြားၿပီးေတာ့ အျပန္မွာ သူတို႔ကို လူ ၇ ေယာက္ကေနၿပီးေတာ့ ေခၚသြားတယ္တဲ့ ႀကိဳးတုပ္ၿပီးေတာ့ေပါ့။ အဲဒီ႐ြာက ကုလားမေလးကေနၿပီးေတာ့ ေခတၱအုပ္ခ်ဳပ္ေရးမႉးရဲ႕ သမီးကို အေၾကာင္းၾကားတာေပါ့ေနာ္။ ေခတၱအုပ္ခ်ဳပ္ေရးမႉးရဲ႕ သမီးက မစိုးမႈန္။ ေနာက္ျပန္တုပ္ၿပီးေတာ့ ေခၚသြားတယ္။ အဲဒီလူေတြက ရခိုင္စကားေျပာတယ္။ ဘာ၊ ညာေနာ္။ အဲဒါနဲ႔ က်ေနာ္တို႔က လူေပ်ာက္ ရွာေဖြတာေပါ့။ မေန႔က အေလာင္း ၂ ေလာင္းေပၚလာတာေပါ့ေနာ္။” ဆင္အိုးခ်ိဳင္ေက်း႐ြာအုပ္စု ေခတၱအုပ္ခ်ဳပ္ေရးမႉး ဦးဦးသန္းေမာင္ရဲ႕ သမီး ျဖစ္သူ မစိုးမႈန္က “ကုလားေလးတေယာက္ လာေျပာပါတယ္။ မမ ဦးေလးကို ဖမ္းတယ္တဲ့။ ေခ်ာင္းကို ဖမ္းသြားတယ္တဲ့။ ေခ်ာင္းမွာ အေဖက ဘာသြားလုပ္တာလဲဆိုေတာ့ မဟုတ္ဘူး။ ႐ြာထဲကေနၿပီး ဖမ္းသြားတာတဲ့ အခုရွိေသးလားဆိ‌ုေတာ့ ေခ်ာင္းကိုသြားတယ္တဲ့။ ဆိုေတာ့ ကုလားေလးကို ေမးလည္း မေမးခဲ့ေတာ့ဘူး။ နားလည္းသိပ္မလည္ေတာ့ သူက ရခိုင္စကာလည္း သိပ္မတတ္ဘူး။ က်မတို႔လည္း လိုက္သြားၾကေတာ့ အေဖကိုလည္း မေတြ႕ဘူး” လို႔ ေျပာပါတယ္။ ဆင္အိုးခ်ိဳင္ေက်း႐ြာအုပ္စု ေခတၱအုပ္ခ်ဳပ္ေရးမႉး ဦးဦးသန္းေမာင္မွာ အခင္းမျဖစ္ပြားခင္မွာ ႐ြာတြင္း လမ္းခင္းမယ့္ကိစၥ အေခ်အတင္တခုေတာ့ ရွိခဲ့တယ္လို႔ ဆိုေပမယ့္ ႀကီးႀကီးမားမားေတာ့ မဟုတ္ဘူးလို႔ မိသားစုေတြက ဆိုပါတယ္။ ေပ်ာက္ဆုံးသြားတဲ့ ေန႔ကတည္းကေန မိသားစုေတြက ေတာက္ေလွ်ာက္ရွာေနခဲ့ၾကေပမယ့္ ၾသဂုတ္ ၅ ရက္ေန႔မွာမွ သူတို႔ႏွစ္ဦးကို ႀကိဳးတုပ္ၿပီး ဓားနဲ႔ ထိုးသတ္ထားတဲ့ဒဏ္ရာေတြနဲ႔ ေတာပန္ဇင္းဆိုတဲ့႐ြာအနီးက ေပၚကြၽန္းမွာ ေတြ႕ရွိခဲ့ၾကတာပါ။ အေလာင္းေတြကို ေဆး႐ုံပို႔ေဆာင္စစ္ေဆးခဲ့ၿပီး ေက်ာက္ေတာ္ၿမိဳ႕ သုသာန္မွာပဲ သၿဂႋဳဟ္ခဲ့တယ္လို႔ မိသားစုဝင္ေတြက ေျပာပါတယ္။ ရဲတပ္ဖြဲ႕ကေတာ့ နစ္နာသူေတြေဘက္က တရားလိုလုပ္ၿပီး အမႈဖြင့္ထားၾကတယ္လို႔ ဆိုေပမယ့္ ဘယ္ပုဒ္မေတြနဲ႔ ဖြင့္တယ္ဆိုတာကို ထုတ္ေဖာ္ေျပာတာ မရွိသလို ဘယ္သူေတြကို သံသယရွိတယ္ဆိုတာကို ေမးျမန္းရာမွာလည္း ေျဖဆိုခဲ့ျခင္း မရွိပါဘူး။ ရခိုင့္တပ္ေတာ္ ေအေအနဲ႔ ျမန္မာ့တပ္မေတာ္တို႔ တိုက္ပြဲေတြျဖစ္ပြားၿပီးေနာက္ပိုင္း ရပ္ေက်းအုပ္ခ်ဳပ္ေရးမႉးအဖြဲ႕ဝင္ေတြ သတ္ျဖတ္ခံရတာ၊ ဖမ္းဆီးခံရာေတြ ျမင့္တက္လာေနသလို သူတို႔ရဲ႕ ဘဝေတြအတြက္ အာမခံခ်က္မရွိေတာ့ဘူးလို႔ဆိုကာ ႏုတ္ထြက္မႈေတြလည္း ရွိေနပါတယ္။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024