Home
မြန်မာသတင်း
ရာသီဥတု ဆိုးရွားနေသဖြင့် ပုသိမ်မြို့ ရေယာဉ်လိုင်းအားလုံး ပြေးဆွဲမှု ယာယီရပ်ဆိုင်း
DVB
·
August 6, 2019
ပုသိမ်မြို့ဆိပ်ကမ်းတွေကနေ ဧရာဝတီတိုင်းအတွင်းက မြို့တွေကို ပြေးဆွဲနေတဲ့ သင်္ဘောနဲ့ မော်တော်လိုင်း စက်လှေအားလုံးကို ရာသီဥတု ဆိုးဝါးနေတဲ့အတွက် သြဂုတ် ၅ ရက်နေ့ကနေ စတင်ပြီး ပြေးဆွဲမှု ယာယီရပ်ဆိုင်းထားတယ်လို့ သိရပါတယ်။ ပုသိမ်မြို့ဆိပ်ကမ်းတွေကနေ ဖျာပုံမြို့၊ ငပုတောမြို့၊ လပွတ္တာမြို့၊ ဟိုင်းကြီးကျွန်းမြို့နဲ့ ဘိုကလေးမြို့ စတဲ့မြို့တွေကို ပြေးဆွဲနေတဲ့ ခရီးသည်တင်သင်္ဘောနဲ့ မော်တော်လိုင်း စက်လှေပေါင်း ၁၆ လိုင်းက မော်တော်အစင်းပေါင်း ၆၀ နီးပါးကို ပြေးဆွဲမှုအားလုံး ယာယီရပ်နားထားတာလို့ ဧရာဝတီတိုင်း ပုဂ္ဂလိကရေယာဉ်များ စနစ်တကျ ပြေးဆွဲမှု ကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးတိုင်းအောင်က ပြောပါတယ်။ “ရာသီဥတုက တော်တော်လေး ဆိုးနေတယ်။ မိုးလည်း သည်းတယ်၊ လေကလည်း ထန်တော့ လိုင်းထွက်ရင် အန္တရာယ်ဖြစ်မှာစိုးတဲ့အတွက် မော်တော်လိုင်းအားလုံးကို ရပ်နားထားတာ ဖြစ်ပါတယ်။ ရာသီဥတုကောင်းတာနဲ့ တိုင်းဒေသကြီးအစိုးရအဖွဲ့ထံ တင်ပြပြီး လိုင်းတွေအားလုံး ပြန်လည်ပြေးဆွဲသွားမှာပါ။” မိုးဇလ ထုတ်ပြန်ချက်အရ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း မြောင်းမြမြို့မှာ မိုးရေချိန် (၄.၈၀) လက်မနဲ့ ပုသိမ်မြို့မှာ မိုးရေချိန် (၄.၂၅) လက်မ ရွာသွန်းခဲ့တယ်လို့ သိရပါတယ်။ မိုးသည်းထန်ပြီး လှိုင်းကြီးတာကြောင့် ဇူလိုင် ၂၆ ရက်နေ့က ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်၊ အိုင်မကျေးရွာ ကုလားသောင်လိပ်ကျွန်းနားမှာ ရန်ကုန်မြို့ကနေ သံတွဲ ရေအားလျှပ်စစ်စီမံကိန်းကို ဘိလပ်မြေအိတ် ၂၅၀၀၀ ပို့ဖို့ ထွက်လာခဲ့တဲ့ သင်္ဘောနစ်မြုပ်ခဲ့တာကြောင့် လူ ၅ ဦး သေဆုံးကာ ၂ ဦး ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။ သြဂုတ် ၁ ရက်နေ့ကလည်း ဝါးခယ်မမြို့နယ် သဘော့ချောင်းအတွင်းမှာ စက်လှေ ၂ စီး မျက်နှာချင်းဆိုင် ပွတ်တိုက်မိပြီး အသက် ၁၅ နှစ်အရွယ် မိန်းကလေးတဦး သေဆုံးခဲ့ပါတယ်။ သြဂုတ်လ ၄ ရက်နေက မအူပင်မြို့နယ် ကျုံကရင်ကျေးရွာအနီး စက်လှေနစ်မြုပ်ခဲ့တာကြောင့် ၇ တန်းကျောင်းသူနဲ့ အစ်ကိုဖြစ်သူတို့ ၂ ဦးလုံး ပျောက်ဆုံးနေတာကြောင့် ဆက်လက် လိုက်လံရှာဖွေနေတယ်လို့ ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးကနေ သိရပါတယ်။ ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ နောက် ၄၈ နာရီအတွင်း ပိုမိုအားကောင်းနေပြီး မိုးကြီး လေပြင်းတိုက်ခြင်းကြောင့် ရေကြီး မြေပြိုမှု အန္တရာယ် သတိပြုကြဖို့ မိုးဇလက ဒီနေ့မနက် ထုတ်ပြန်ထားပါတယ်။ ကုန်းမြင့်ဒေသအနီးနဲ့ မြစ်ငယ်၊ ချောင်းငယ်များအနီး နေထိုင်ကြသူတွေအနေနဲ့ မြေပြို၊ ရေကြီး၊ ရေလျှံတာတွေ ဖြစ်ပေါ်နိုင်သောကြောင့် ကြိုတင်သတိပြုနေထိုင်ကြဖို့ တိုက်တွန်းထားပါထယ်။ သတင်း - မြမင်းဦး(ပုသိမ်) ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ Zawgyi_version ရာသီဥတုဆိုး႐ြားေနသျဖင့္ ပုသိမ္ၿမိဳ႕ ေရယာဥ္လိုင္းအားလုံး ေျပးဆြဲမႈ ယာယီရပ္ဆိုင္း DVB ပုသိမ္ၿမိဳ႕ဆိပ္ကမ္းေတြကေန ဧရာဝတီတိုင္းအတြင္းက ၿမိဳ႕ေတြကို ေျပးဆြဲေနတဲ့ သေဘၤာနဲ႔ ေမာ္ေတာ္လိုင္း စက္ေလွအားလုံးကို ရာသီဥတု ဆိုးဝါးေနတဲ့အတြက္ ၾသဂုတ္ ၅ ရက္ေန႔ကေန စတင္ၿပီး ေျပးဆြဲမႈ ယာယီရပ္ဆိုင္းထားတယ္လို႔ သိရပါတယ္။ ပုသိမ္ၿမိဳ႕ဆိပ္ကမ္းေတြကေန ဖ်ာပုံၿမိဳ႕၊ ငပုေတာၿမိဳ႕၊ လပြတၱာၿမိဳ႕၊ ဟိုင္းႀကီးကြၽန္းၿမိဳ႕နဲ႔ ဘိုကေလးၿမိဳ႕ စတဲ့ၿမိဳ႕ေတြကို ေျပးဆြဲေနတဲ့ ခရီးသည္တင္သေဘၤာနဲ႔ ေမာ္ေတာ္လိုင္း စက္ေလွေပါင္း ၁၆ လိုင္းက ေမာ္ေတာ္အစင္းေပါင္း ၆၀ နီးပါးကို ေျပးဆြဲမႈအားလုံး ယာယီရပ္နားထားတာလို႔ ဧရာဝတီတိုင္း ပုဂၢလိကေရယာဥ္မ်ား စနစ္တက် ေျပးဆြဲမႈ ႀကီးၾကပ္ေရးေကာ္မတီ ဥကၠ႒ ဦးတိုင္းေအာင္က ေျပာပါတယ္။ “ရာသီဥတုက ေတာ္ေတာ္ေလး ဆိုးေနတယ္။ မိုးလည္း သည္းတယ္၊ ေလကလည္း ထန္ေတာ့ လိုင္းထြက္ရင္ အႏၲရာယ္ျဖစ္မွာစိုးတဲ့အတြက္ ေမာ္ေတာ္လိုင္းအားလုံးကို ရပ္နားထားတာ ျဖစ္ပါတယ္။ ရာသီဥတုေကာင္းတာနဲ႔ တိုင္းေဒသႀကီးအစိုးရအဖြဲ႕ထံ တင္ျပၿပီး လိုင္းေတြအားလုံး ျပန္လည္ေျပးဆြဲသြားမွာပါ။” မိုးဇလ ထုတ္ျပန္ခ်က္အရ ၿပီးခဲ့တဲ့ ၂၄ နာရီအတြင္း ေျမာင္းျမၿမိဳ႕မွာ မိုးေရခ်ိန္ (၄.၈၀) လက္မနဲ႔ ပုသိမ္ၿမိဳ႕မွာ မိုးေရခ်ိန္ (၄.၂၅) လက္မ ႐ြာသြန္းခဲ့တယ္လို႔ သိရပါတယ္။ မိုးသည္းထန္ၿပီး လႈိင္းႀကီးတာေၾကာင့္ ဇူလိုင္ ၂၆ ရက္ေန႔က ဧရာဝတီတိုင္းေဒသႀကီး၊ လပြတၱာၿမိဳ႕နယ္၊ အိုင္မေက်း႐ြာ ကုလားေသာင္လိပ္ကြၽန္းနားမွာ ရန္ကုန္ၿမိဳ႕ကေန သံတြဲ ေရအားလွ်ပ္စစ္စီမံကိန္းကို ဘိလပ္ေျမအိတ္ ၂၅၀၀၀ ပို႔ဖို႔ ထြက္လာခဲ့တဲ့ သေဘၤာနစ္ျမဳပ္ခဲ့တာေၾကာင့္ လူ ၅ ဦး ေသဆုံးကာ ၂ ဦး ေပ်ာက္ဆုံးေနတယ္လို႔ သိရပါတယ္။ ၾသဂုတ္ ၁ ရက္ေန႔ကလည္း ဝါးခယ္မၿမိဳ႕နယ္ သေဘာ့ေခ်ာင္းအတြင္းမွာ စက္ေလွ ၂ စီး မ်က္ႏွာခ်င္းဆိုင္ ပြတ္တိုက္မိၿပီး အသက္ ၁၅ ႏွစ္အ႐ြယ္ မိန္းကေလးတဦး ေသဆုံးခဲ့ပါတယ္။ ၾသဂုတ္လ ၄ ရက္ေနက မအူပင္ၿမိဳ႕နယ္ က်ဳံကရင္ေက်း႐ြာအနီး စက္ေလွနစ္ျမဳပ္ခဲ့တာေၾကာင့္ ၇ တန္းေက်ာင္းသူနဲ႔ အစ္ကိုျဖစ္သူတို႔ ၂ ဦးလုံး ေပ်ာက္ဆုံးေနတာေၾကာင့္ ဆက္လက္ လိုက္လံရွာေဖြေနတယ္လို႔ ဧရာဝတီတိုင္းေဒသႀကီးရဲတပ္ဖြဲ႕မႉး႐ုံးကေန သိရပါတယ္။ ဘဂၤလားပင္လယ္ေအာ္ ေျမာက္ပိုင္းမွာ ျဖစ္ေပၚေနတဲ့ ေလဖိအားနည္းရပ္ဝန္းဟာ ေနာက္ ၄၈ နာရီအတြင္း ပိုမိုအားေကာင္းေနၿပီး မိုးႀကီး ေလျပင္းတိုက္ျခင္းေၾကာင့္ ေရႀကီး ေျမၿပိဳမႈ အႏၲရာယ္ သတိျပဳၾကဖို႔ မိုးဇလက ဒီေန႔မနက္ ထုတ္ျပန္ထားပါတယ္။ ကုန္းျမင့္ေဒသအနီးနဲ႔ ျမစ္ငယ္၊ ေခ်ာင္းငယ္မ်ားအနီး ေနထိုင္ၾကသူေတြအေနနဲ႔ ေျမၿပိဳ၊ ေရႀကီး၊ ေရလွ်ံတာေတြ ျဖစ္ေပၚႏိုင္ေသာေၾကာင့္ ႀကိဳတင္သတိျပဳေနထိုင္ၾကဖို႔ တိုက္တြန္းထားပါထယ္။ သတင္း - ျမမင္းဦး(ပုသိမ္)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024