A d v e r t i s e m e n t With Us

မက္ကဆီကိုနယ်စပ်က ရွှေ့ပြောင်းကလေးငယ်များအတွက် စာသင်ကျောင်းဘတ်စ်ကား

မက္ကဆီကိုနယ်စပ်က ယာယီကျောင်းတဖြစ်လည်း ဘတ်စ်ကားပေါ်မှာ ရွှေ့ပြောင်းကလေးငယ်တွေ ပညာသင်နေကြပါတယ်။ အဲဒီဘတ်စ်ကားကို ရွှေ့ပြောင်းသူများစခန်းအနီးမှာ ပါကင်ထိုးပြီး ဗဟိုအမေရိကနဲ့ မက္ကဆီကန် ကလေးငယ်တွေကို ရှားရှားပါးပါး ပညာသင်ခွင့် ပေးနေပါတယ်။ မိဘတွေက ပိုမိုကောင်းမွန်တဲ့ ဘဝအတွက် အမေရိကသွားဖို့ ဆုံးဖြတ်ထားတာကြောင့် ကလေးအများစုအတွက် ပညာရေးဟာ ဝေးလှတဲ့ အိပ်မက်တခု ဖြစ်နေပါတယ်။ Yes We Can လို့ နာမည်ပေးထားတဲ့ ဒီပညာရေး ပရိုဂရမ်ဟာ စာတတ်မြောက်မှု နိမ့်ကျပြီး လူမှုဆက်ဆံရေး အားနည်းတဲ့ ကလေးငယ်တွေကို ဘာသာစကားနှစ်မျိုးနဲ့ သင်ကြားပေးပါတယ်။ ဒီပရိုဂရမ်ကို ဦးဆောင်ပြုလုပ်နေတဲ့ ဒါရိုက်တာ ရယ်ဘယ်ယွန်က ရွှေ့ပြောင်းကလေးငယ်အဖြစ် လမ်းပျောက်နေတဲ့ ဘဝကို သူနားလည်တယ်လို့ ပြောပါတယ်။ သူ ၁၀ နှစ်သမီးဘဝ ကိုလံဘီယာကနေ မိုင်ယာမီကို ပြောင်းလာတုန်းကလည်း သူ့မိဘတွေဟာ အသတ်ခံရမယ်ဆိုတဲ့ ခြိမ်းခြောက်စာတွေ ရခဲ့ပြီး ကျောင်းဟာ သူခိုကိုးရာနေရာ ဖြစ်လာတယ်လို့ ဆိုပါတယ်။ ရယ်ဘယ်ယွန်ရဲ့ စာသင်ကျောင်းဘတ်စ်ကားဟာ ဖွင့်စမှာ အသက် ၅ နှစ်နဲ့ ၁၂ နှစ်အကြား ကျောင်းသား ကျောင်းသူ ၃၇ ယောက်ကို လက်ခံခဲ့ပြီး လာမယ့် သီတင်းပတ်အတွင်း နောက်ထပ် ၂၀ လက်ခံသင်ကြားပေးသွားမှာပါ။ ဒါ့အပြင် Yes We Can ပရိုဂရမ်အနေနဲ့ ဆယ်ကျော်သက်တွေအတွက်လည်း ယာယီတဲထိုးပြီး ပညာသင်ကြားပေးသွားမယ်လို့ ရယ်ဘယ်ယွန်က ပြောပါတယ်။
Zawgyi Version မကၠဆီကိုနယ္စပ္က ေရႊ႕ေျပာင္းကေလးငယ္မ်ားအတြက္ စာသင္ေက်ာင္းဘတ္စ္ကား DVB မကၠဆီကိုနယ္စပ္က ယာယီေက်ာင္းတျဖစ္လည္း ဘတ္စ္ကားေပၚမွာ ေရႊ႕ေျပာင္းကေလးငယ္ေတြ ပညာသင္ေနၾကပါတယ္။ အဲဒီဘတ္စ္ကားကို ေရႊ႕ေျပာင္းသူမ်ားစခန္းအနီးမွာ ပါကင္ထိုးၿပီး ဗဟိုအေမရိကနဲ႔ မကၠဆီကန္ ကေလးငယ္ေတြကို ရွားရွားပါးပါး ပညာသင္ခြင့္ ေပးေနပါတယ္။ မိဘေတြက ပိုမိုေကာင္းမြန္တဲ့ ဘဝအတြက္ အေမရိကသြားဖို႔ ဆံုးျဖတ္ထားတာေၾကာင့္ ကေလးအမ်ားစုအတြက္ ပညာေရးဟာ ေဝးလွတဲ့ အိပ္မက္တခု ျဖစ္ေနပါတယ္။ Yes We Can လို႔ နာမည္ေပးထားတဲ့ ဒီပညာေရး ပ႐ိုဂရမ္ဟာ စာတတ္ေျမာက္မႈ နိမ့္က်ၿပီး လူမႈဆက္ဆံေရး အားနည္းတဲ့ ကေလးငယ္ေတြကို ဘာသာစကားႏွစ္မ်ိဳးနဲ႔ သင္ၾကားေပးပါတယ္။ ဒီပ႐ိုဂရမ္ကို ဦးေဆာင္ျပဳလုပ္ေနတဲ့ ဒါ႐ိုက္တာ ရယ္ဘယ္ယြန္က ေရႊ႕ေျပာင္းကေလးငယ္အျဖစ္ လမ္းေပ်ာက္ေနတဲ့ ဘဝကို သူနားလည္တယ္လို႔ ေျပာပါတယ္။ သူ ၁၀ ႏွစ္သမီးဘဝ ကိုလံဘီယာကေန မိုင္ယာမီကို ေျပာင္းလာတုန္းကလည္း သူ႔မိဘေတြဟာ အသတ္ခံရမယ္ဆိုတဲ့ ၿခိမ္းေျခာက္စာေတြ ရခဲ့ၿပီး ေက်ာင္းဟာ သူခိုကိုးရာေနရာ ျဖစ္လာတယ္လို႔ ဆိုပါတယ္။ ရယ္ဘယ္ယြန္ရဲ႕ စာသင္ေက်ာင္းဘတ္စ္ကားဟာ ဖြင့္စမွာ အသက္ ၅ ႏွစ္နဲ႔ ၁၂ ႏွစ္အၾကား ေက်ာင္းသား ေက်ာင္းသူ ၃၇ ေယာက္ကို လက္ခံခဲ့ၿပီး လာမယ့္ သီတင္းပတ္အတြင္း ေနာက္ထပ္ ၂၀ လက္ခံသင္ၾကားေပးသြားမွာပါ။ ဒါ့အျပင္ Yes We Can ပ႐ိုဂရမ္အေနနဲ႔ ဆယ္ေက်ာ္သက္ေတြအတြက္လည္း ယာယီတဲထိုးၿပီး ပညာသင္ၾကားေပးသြားမယ္လို႔ ရယ္ဘယ္ယြန္က ေျပာပါတယ္။

A d v e r t i s e m e n t With Us

More News
Up