Home
မြန်မာသတင်း
ရေနံချောင်း မြေနုကျွန်း ပဋိပက္ခဖြစ်စဉ် နှစ်ဖက်ရွာမှ လူ ၃၀ ကျော်ကို စစ်ဆေး
DVB
·
August 6, 2019
လူသေဆုံးတဲ့အထိ ဖြစ်ခဲ့တဲ့ ရေနံချောင်း မြေနုကျွန်း ပဋိပက္ခ ဖြစ်စဉ်မှာ နှစ်ဖက်ရွာက ပါဝင်ပတ်သက်သူ ၃၀ ကျော်ကို ခေါ်ယူစစ်ဆေးထားတယ်လို့ ရေနံချောင်းမြို့နယ် လက်မှတ်ကုန်း နယ်မြေစခန်းက တာဝန်ရှိသူက ပြောပါတယ်။  “ဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ ဆေးစာများလည်း လက်ခံရရှိထားပါပြီ၊ နှစ်ရွာ အငြင်းပွားမှုကြောင့် အခင်းဖြစ်ရခြင်းအတွက် ဦးဆောင်သူကို ဖော်ထုတ်နိုင်ရေးအတွက် အလေးထား ဆောင်ရွက်နေပါတယ်” လို့ လက်မှတ်ကုန်း နယ်မြေစခန်းမှူး ရဲအုပ်မိုးညိုက ပြောပါတယ်။ မှုခင်းဆေးစာ ပြန်ကြားချက်အရ အခြားသေဆုံးသူတွေမှာ ရေနစ်မွန်းကြပ် သေဆုံးတယ်လို့ ပါရှိပေမယ့် သုံးဦးကတော့ တုံးတဲ့လက်နက်နဲ့ သာမန်ဒဏ်ရာ ရေနစ်မွန်းကြပ် သေဆုံးမှုတွေ ပါရှိတာကြောင့် သက်ဆိုင်ရာနယ်မြေရဲစခန်းက တရားလိုပြုလုပ်ပြီး ဆက်လက် အမှုဖွင့်သွားမယ်လို့ သိရပါတယ်။  ပဋိပက္ခ ဖြစ်စဉ်နဲ့ပတ်သက်ပြီး နှစ်ဖက် ကျေးရွာက လူ ၃၆ ဦးကို စစ်ဆေးထားပြီး   ၄ ယောက်ကိုတော့ လူသေဆုံးစေမှု၊ လူသတ်မှုနဲ့ ဖမ်းဆီးထိန်းသိမ်းထားပါတယ်။  ဇူလိုင် ၂၃ ရက်နေ့က ဖရဲကျွန်းကျေးရွာနဲ့ ကန်သာကျေးရွာတို့ ဧရာဝတီမြစ်အတွင်းက မြေနုကျွန်း ပိုင်ဆိုင်ကြောင်း အငြင်းပွား ပဋိပက္ခ ဖြစ်ခဲ့ရာကနေ လူ ၄၀ နီးပါးသေဆုံးမှု ဖြစ်ခဲ့ပြီး ဒီနေ့အချိန်ထိ ဧရာဝတီမြစ်အတွင်းက အလောင်း ၂၇ လောင်းသာ မြစ်အတွင်းက ရှာဖွေတွေ့ရှိထားကာ ၁၀ ဦးထက်မနည်း ပျောက်ဆုံးနေပါတယ်။ ဧရာဝတီမြစ်အတွင်းမှာရှိတဲ့ အဲဒီ မြေနုကျွန်းဟာ ဖရဲကျွန်းရွာနဲ့ ကျမ်းကိုင်းကျွန်းရွာအကြား တည်ရှိပါတယ်။ မြေနုကျွန်း ပိုင်ဆိုင်မှုကို လွန်ခဲ့တဲ့ တနှစ်ကျော်ကတည်းကစပြီး သက်ဆိုင်ရာက ပြေလည်အောင် မရှင်းပေးနိုင်တာကနေတဆင့် လူတွေ သေတဲ့အထိ ဖြစ်ပွားခဲ့တာပါ။ မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်မှာ မြေနုကျွန်းကိစ္စအငြင်းပွားပြီး ရွာ ၂ ရွာ ခိုက်ရန်ဖြစ်လို့ လူသေဆုံးခဲ့တဲ့ ကိစ္စကို တိုင်းအလုပ်သမားဝန်ကြီး ဦးဆောင်ပြီး အဖွဲ့ဝင် ၅ ယောက်နဲ့ စစ်ဆေးနေတာလည်း ဖြစ်ပါတယ်။ သတင်း - ကိုလင်း (ချောက်) ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ Zawgyi_version ေရနံေခ်ာင္း ေျမႏုကြၽန္း ပဋိပကၡျဖစ္စဥ္ ႏွစ္ဖက္႐ြာမွ လူ ၃၀ ေက်ာ္ကို စစ္ေဆး DVB လူေသဆုံးတဲ့အထိ ျဖစ္ခဲ့တဲ့ ေရနံေခ်ာင္း ေျမႏုကြၽန္း ပဋိပကၡ ျဖစ္စဥ္မွာ ႏွစ္ဖက္႐ြာက ပါဝင္ပတ္သက္သူ ၃၀ ေက်ာ္ကို ေခၚယူစစ္ေဆးထားတယ္လို႔ ေရနံေခ်ာင္းၿမိဳ႕နယ္ လက္မွတ္ကုန္း နယ္ေျမစခန္းက တာဝန္ရွိသူက ေျပာပါတယ္။ “ျဖစ္စဥ္နဲ႔ပတ္သက္ၿပီးေတာ့ ေဆးစာမ်ားလည္း လက္ခံရရွိထားပါၿပီ၊ ႏွစ္႐ြာ အျငင္းပြားမႈေၾကာင့္ အခင္းျဖစ္ရျခင္းအတြက္ ဦးေဆာင္သူကို ေဖာ္ထုတ္ႏိုင္ေရးအတြက္ အေလးထား ေဆာင္႐ြက္ေနပါတယ္” လို႔ လက္မွတ္ကုန္း နယ္ေျမစခန္းမႉး ရဲအုပ္မိုးညိဳက ေျပာပါတယ္။ မႈခင္းေဆးစာ ျပန္ၾကားခ်က္အရ အျခားေသဆုံးသူေတြမွာ ေရနစ္မြန္းၾကပ္ ေသဆုံးတယ္လို႔ ပါရွိေပမယ့္ သုံးဦးကေတာ့ တုံးတဲ့လက္နက္နဲ႔ သာမန္ဒဏ္ရာ ေရနစ္မြန္းၾကပ္ ေသဆုံးမႈေတြ ပါရွိတာေၾကာင့္ သက္ဆိုင္ရာနယ္ေျမရဲစခန္းက တရားလိုျပဳလုပ္ၿပီး ဆက္လက္ အမႈဖြင့္သြားမယ္လို႔ သိရပါတယ္။ ပဋိပကၡ ျဖစ္စဥ္နဲ႔ပတ္သက္ၿပီး ႏွစ္ဖက္ ေက်း႐ြာက လူ ၃၆ ဦးကို စစ္ေဆးထားၿပီး   ၄ ေယာက္ကိုေတာ့ လူေသဆုံးေစမႈ၊ လူသတ္မႈနဲ႔ ဖမ္းဆီးထိန္းသိမ္းထားပါတယ္။ ဇူလိုင္ ၂၃ ရက္ေန႔က ဖရဲကြၽန္းေက်း႐ြာနဲ႔ ကန္သာေက်း႐ြာတို႔ ဧရာဝတီျမစ္အတြင္းက ေျမႏုကြၽန္း ပိုင္ဆိုင္ေၾကာင္း အျငင္းပြား ပဋိပကၡ ျဖစ္ခဲ့ရာကေန လူ ၄၀ နီးပါးေသဆုံးမႈ ျဖစ္ခဲ့ၿပီး ဒီေန႔အခ်ိန္ထိ ဧရာဝတီျမစ္အတြင္းက အေလာင္း ၂၇ ေလာင္းသာ ျမစ္အတြင္းက ရွာေဖြေတြ႕ရွိထားကာ ၁၀ ဦးထက္မနည္း ေပ်ာက္ဆုံးေနပါတယ္။ ဧရာဝတီျမစ္အတြင္းမွာရွိတဲ့ အဲဒီ ေျမႏုကြၽန္းဟာ ဖရဲကြၽန္း႐ြာနဲ႔ က်မ္းကိုင္းကြၽန္း႐ြာအၾကား တည္ရွိပါတယ္။ ေျမႏုကြၽန္း ပိုင္ဆိုင္မႈကို လြန္ခဲ့တဲ့ တႏွစ္ေက်ာ္ကတည္းကစၿပီး သက္ဆိုင္ရာက ေျပလည္ေအာင္ မရွင္းေပးႏိုင္တာကေနတဆင့္ လူေတြ ေသတဲ့အထိ ျဖစ္ပြားခဲ့တာပါ။ မေကြးတိုင္း၊ ေရနံေခ်ာင္းၿမိဳ႕နယ္မွာ ေျမႏုကြၽန္းကိစၥအျငင္းပြားၿပီး ႐ြာ ၂ ႐ြာ ခိုက္ရန္ျဖစ္လို႔ လူေသဆုံးခဲ့တဲ့ ကိစၥကို တိုင္းအလုပ္သမားဝန္ႀကီး ဦးေဆာင္ၿပီး အဖြဲ႕ဝင္ ၅ ေယာက္နဲ႔ စစ္ေဆးေနတာလည္း ျဖစ္ပါတယ္။ သတင္း - ကိုလင္း (ေခ်ာက္)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024