Home
မြန်မာသတင်း
အေအေ လေ့ကျင့်ရေးစခန်း တပ်မတော် သိမ်းပိုက်မှု မဟုတ်မှန်ကြောင်း ခိုင်သုခ ပြော
DVB
·
August 6, 2019
ရသေ့တောင်မြို့နယ် ခြေရာတော်ကျေးရွာအနီးမှာ ရက္ခိုင့်တပ်တော်အေအေ လေ့ကျင့်ရေးစခန်းတခုကို တပ်မတော်က သိမ်းပိုက်ရရှိခဲ့တယ်ဆိုတာ မဟုတ်မှန်ဘူးလို့ အေအေအဖွဲ့က ပြောပါတယ်။ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ခြေရာတော်ကျေးရွာအနီးမှာ သြဂုတ် ၂ ရက်နေ့ နဲ့ ၃ ရက်နေ့တွေမှာ တပ်မတော်က နယ်မြေလုံခြုံရေး ဆောင်ရွက်နေစဉ်မှာ ခြေရာတော်ကျေးရွာရဲ့ အနောက်ဘက် မီတာ ၂၀၀၀ ခန့်အကွာမှာ အဲဒီလေ့ကျင့်ရေးစခန်းကို တွေ့ရှိသိမ်းပိုက်ခဲ့တာလို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက သြဂုတ် ၅ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါ။ ဒီသတင်း ထုတ်ပြန်ပြန်မှုနဲ့ပတ်သက်လို့ ရက္ခိုင့်တပ်တော်အေအေ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက စခန်းသိမ်း ရရှိတယ်ဆိုတာ လုံးဝမဟုတ်ဘူးလို့ ဆိုပါတယ်။ “အဲ့ဒါက ဗမာစစ်တပ်ဘက်က ဝါဒဖြန့်တဲ့ဥစ္စာပဲဗျ၊ ဗမာ့စစ်တပ်ဘက်က ဒီဇွန်လနဲ့ သြဂုတ်လတို့မှာ တော်တော် ကျဆုံးရှုံးတာ များတယ်။ အဲဒါတွေကို သူတို့ရဲဘော်တွေကို စိတ်ဓာတ်မြှင့်တင်တဲ့အနေနဲ့ လုပ်ကြံပြီးတော့ ဝါဒဖြန့်တယ်လို့ ထင်တယ်။ ဒီရက်ပိုင်းမှ ကျနော်တို့ သင်တန်းကျောင်းတွေ သိမ်းဆည်ရမိတယ်ဆိုတာ လုံးဝ မရှိဘူးခင်ဗျ၊ အဲဒီလို ဖြစ်စဉ်မျိုးလည်း မရှိခဲ့ဘူး။ အဲဒီနေရာဘက်မှာလည်း ကျနော်တို့ စခန်းချတာ မရှိပါဘူး။ အရင်တုန်းကလည်း သူတို့ လုပ်ကြံပြီး ပြခဲ့တာတွေ အများကြီးရှိခဲ့တာပဲ ”လို့ ပြောပါတယ်။ သြဂုတ် ၂ ရက်နေ့ ခြေရာတော် ကျေးရွာရဲ့ အနောက်ဘက် လေ့ကျင့်ရေးစခန်းတခုမှာ ပစ်ကျင်း ၆ ကျင်း၊ လူနေတဲ ၃ လုံး၊ ယူနီဖောင်း ၂ စုံ၊ အရပ်ဝတ် ၃၃ ထည်၊ မိုးကာ၊ မြေခင်းစ ၁၄ ထည်၊ ဂေါ်ပြား၊ တူးရွင်း၊ ဓား ၈ ချောင်း၊ လက်ကိုင်ဖုန်း ၁ လုံး၊ တန်းစီကွင်း ၁ ကွင်းတို့နဲ့အတူ သိမ်းဆည်းရမိတယ်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။ ဒါ့အပြင် သြဂုတ် ၃ ရက် အဲဒီအနားတဝိုက်မှာ အေအေ ဝှက်ထားတဲ့ လေ့ကျင့််ဖို့ ပြုလုပ်ထားတဲ့ သစ်သားသေနတ် ၅၀၀ လက်၊ ဒီတိုနေတာ ၆ ခု၊ ပွိုင့်၅ ကျည်ခွံပုံး ၃ ပုံး၊ တဲမျိုးစုံ ၁၃ လုံး၊ ပေါက်ပြား၊ ဂေါ်ပြား ၆၀ လက်၊ သံတူးရွင်း ၄၀ လက်၊ ဓား ၅၀ ချောင်း၊ ဖုန်း ၁ လုံး၊ ဆန်နှင့် စားသောက်ဖွယ်ရာများ၊ ဆေးမျိုးစုံ ၃ အိတ်၊ အခြား အသုံးအဆောင်ပစ္စည်း မျိုးစုံတို့အား ထပ်မံသိမ်းဆည်းရတယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ခဲပါတယ်။ သတင်း-ဝဏ္ဏခွာညို ဓာတ်ပုံ- တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ Zawgyi_version ေအေအ ေလ့က်င့္ေရးစခန္း တပ္မေတာ္ သိမ္းပိုက္မႈ မဟုတ္မွန္ေၾကာင္း ခိုင္သုခ ေျပာ DVB ရေသ့ေတာင္ၿမိဳ႕နယ္ ေျခရာေတာ္ေက်း႐ြာအနီးမွာ ရကၡိဳင့္တပ္ေတာ္ေအေအ ေလ့က်င့္ေရးစခန္းတခုကို တပ္မေတာ္က သိမ္းပိုက္ရရွိခဲ့တယ္ဆိုတာ မဟုတ္မွန္ဘူးလို႔ ေအေအအဖြဲ႕က ေျပာပါတယ္။ ရခိုင္ျပည္နယ္၊ ရေသ့ေတာင္ၿမိဳ႕နယ္၊ ေျခရာေတာ္ေက်း႐ြာအနီးမွာ ၾသဂုတ္ ၂ ရက္ေန႔ နဲ႔ ၃ ရက္ေန႔ေတြမွာ တပ္မေတာ္က နယ္ေျမလုံၿခဳံေရး ေဆာင္႐ြက္ေနစဥ္မွာ ေျခရာေတာ္ေက်း႐ြာရဲ႕ အေနာက္ဘက္ မီတာ ၂၀၀၀ ခန႔္အကြာမွာ အဲဒီေလ့က်င့္ေရးစခန္းကို ေတြ႕ရွိသိမ္းပိုက္ခဲ့တာလို႔ တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံးက ၾသဂုတ္ ၅ ရက္ေန႔မွာ သတင္းထုတ္ျပန္ထားပါ။ ဒီသတင္း ထုတ္ျပန္ျပန္မႈနဲ႔ပတ္သက္လို႔ ရကၡိဳင့္တပ္ေတာ္ေအေအ ေျပာေရးဆိုခြင့္ရွိသူ ခိုင္သုခက စခန္းသိမ္း ရရွိတယ္ဆိုတာ လုံးဝမဟုတ္ဘူးလို႔ ဆိုပါတယ္။ “အဲ့ဒါက ဗမာစစ္တပ္ဘက္က ဝါဒျဖန႔္တဲ့ဥစၥာပဲဗ်၊ ဗမာ့စစ္တပ္ဘက္က ဒီဇြန္လနဲ႔ ၾသဂုတ္လတို႔မွာ ေတာ္ေတာ္ က်ဆုံးရႈံးတာ မ်ားတယ္။ အဲဒါေတြကို သူတို႔ရဲေဘာ္ေတြကို စိတ္ဓာတ္ျမႇင့္တင္တဲ့အေနနဲ႔ လုပ္ႀကံၿပီးေတာ့ ဝါဒျဖန႔္တယ္လို႔ ထင္တယ္။ ဒီရက္ပိုင္းမွ က်ေနာ္တို႔ သင္တန္းေက်ာင္းေတြ သိမ္းဆည္ရမိတယ္ဆိုတာ လုံးဝ မရွိဘူးခင္ဗ်၊ အဲဒီလို ျဖစ္စဥ္မ်ိဳးလည္း မရွိခဲ့ဘူး။ အဲဒီေနရာဘက္မွာလည္း က်ေနာ္တို႔ စခန္းခ်တာ မရွိပါဘူး။ အရင္တုန္းကလည္း သူတို႔ လုပ္ႀကံၿပီး ျပခဲ့တာေတြ အမ်ားႀကီးရွိခဲ့တာပဲ ”လို႔ ေျပာပါတယ္။ ၾသဂုတ္ ၂ ရက္ေန႔ ေျခရာေတာ္ ေက်း႐ြာရဲ႕ အေနာက္ဘက္ ေလ့က်င့္ေရးစခန္းတခုမွာ ပစ္က်င္း ၆ က်င္း၊ လူေနတဲ ၃ လုံး၊ ယူနီေဖာင္း ၂ စုံ၊ အရပ္ဝတ္ ၃၃ ထည္၊ မိုးကာ၊ ေျမခင္းစ ၁၄ ထည္၊ ေဂၚျပား၊ တူး႐ြင္း၊ ဓား ၈ ေခ်ာင္း၊ လက္ကိုင္ဖုန္း ၁ လုံး၊ တန္းစီကြင္း ၁ ကြင္းတို႔နဲ႔အတူ သိမ္းဆည္းရမိတယ္လို႔ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးက သတင္းထုတ္ျပန္ပါတယ္။ ဒါ့အျပင္ ၾသဂုတ္ ၃ ရက္ အဲဒီအနားတဝိုက္မွာ ေအေအ ဝွက္ထားတဲ့ ေလ့က်င့္္ဖို႔ ျပဳလုပ္ထားတဲ့ သစ္သားေသနတ္ ၅၀၀ လက္၊ ဒီတိုေနတာ ၆ ခု၊ ပြိဳင့္၅ က်ည္ခြံပုံး ၃ ပုံး၊ တဲမ်ိဳးစုံ ၁၃ လုံး၊ ေပါက္ျပား၊ ေဂၚျပား ၆၀ လက္၊ သံတူး႐ြင္း ၄၀ လက္၊ ဓား ၅၀ ေခ်ာင္း၊ ဖုန္း ၁ လုံး၊ ဆန္ႏွင့္ စားေသာက္ဖြယ္ရာမ်ား၊ ေဆးမ်ိဳးစုံ ၃ အိတ္၊ အျခား အသုံးအေဆာင္ပစၥည္း မ်ိဳးစုံတို႔အား ထပ္မံသိမ္းဆည္းရတယ္လို႔ တပ္မေတာ္က သတင္းထုတ္ျပန္ခဲပါတယ္။ သတင္း-ဝဏၰခြာညိဳ  ဓာတ္ပုံ- တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024