မိုးထိမိုးမိဆန္ဒပြ ခေါင်းဆောင်များကို ရုံးထုတ်
အေးနိုင်
·
December 7, 2012
နေပြည်တော်ကို ချီတက်ရင်းဖမ်းဆီးခံတဲ့ မိုးထိမိုးမိရွှေလုပ်သား ဆန္ဒပြသမားခေါင်ေးဆာင် ၄ ဦးကို ဒီကနေ့ ရေတာရှည်မြို့နယ် တရားရုံးမှာ ဆက်လက်ရုံးထုတ်ရာမှာ နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မနဲ့ ခွင့်ပြုချက်မရဘဲ ဆန္ဒပြမှုပုဒ်မ ၂ ခုကို စစ်ဆေးတယ်လို့ တရားခွင်တက်နားထောင်တဲ့ တရားစွဲခံရသူ ကိုနေထက်အောင်ရဲ့ ဖခင် ဦးမြင့်သန်းက ပြောပါတယ်၊
ရန်ကုန်ကနေ နေပြည်တော်ထိချီတက်ရာမှာ ခေါင်းဆောင်တွေဖြစ်တဲ့ ကိုရဲရင့်ထွန်း၊ ကိုနိုင်ဝင်း၊ ကိုနေအောင်ထက်နဲ့ ကိုစောနောင်တို့ကို အာဏာပိုင်တွေက နိုဝင်ဘာ ၂၃ ရက်မှာ ဖမ်းဆီးပြီး တောင်ငူထောင်မှာ ချုပ်နှောင်ထားတာပါ။
[caption id="attachment_32864" align="alignleft" width="300" caption=" နေပြည်တော်မသွားမီ ရွှေလုပ်သားများ အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီရှေ့ဆန္ဒပြခဲ့ကြစဉ်"][/caption]
ဒီနေ့ နိုင်ငံတော်အကြည်ညိုပျက်စေမှုကို စွပ်စွဲခံရသူတွေဘက်က လျှောက်လဲချက်ပေးပြီး ခွင့်ပြုမိန့်မရဘဲ ဆန္ဒပြမှုကို တရားလိုဘက်က သက်သေနဲ့ တရားလိုကို စစ်တယ်လို့ ဆိုပါတယ်။
ပုဒ်မနှစ်ခုစလုံးအတွက် အာမခံလျှောက်ရာမှာ ဆန္ဒပြမှုအတွက်သာ အာမခံရတဲ့အတွက် တောင်ငူထောင် ကို ပြန်ခေါ်သွားတယ်လို့ ဆိုပါတယ်။
ဒီအမှုတွေကို လာမယ့် ၁၀ ရက်နေ့မှာ ဆက်လက်စစ်ဆေးဖို့ တရားသူကြီးက ရုံးချိန်းပေးလိုက်ပါတယ်။
မိုးထိမိုးမိဆန္ဒပြလုပ်သမားခေါင်းဆောင် ၄ ဦး အမှုရင်ဆိုင်နေရချိန်မှာ သူတို့နောက်လိုက်တွေကို အစိုးရနဲ့ ကုမ္ပဏီသဘောတူညီချက်နဲ့ ရမည်းသင်းမြို့ကို ပြန်လည်ခေါ်ဆောင်ပြီး သူတို့တောင်းဆိုချက်တွေကို တကြိမ်ဆွေးနွေးခဲ့ပြီးပါပြီ။