Home
မြန်မာသတင်း
သဘာဝဘေးအန္တရာယ် ရှာဖွေကယ်ဆယ်ရေး မီးသတ်တပ်ဖွဲ့ စွမ်းရည်မြှင့်တင်သည့် ပြိုင်ပွဲကျင်းပ
အောင်ကိုကိုလတ် (နေပြည်တော်)
·
August 5, 2019
67615398_883694158671875_3638980456797437952_o
67794853_883694225338535_3324058160276176896_o
67783132_883694192005205_8192676750212202496_o
67681465_883694028671888_1064632713761259520_o
67456772_883694135338544_4899509923169173504_o
67454564_883694055338552_2213622764219138048_o
နေပြည်တော် နေပြည်တော်မီးသတ်ဦးစီးမှူးရုံး ကွပ်ကဲမှု အောက်မှာရှိတဲ့ မီးသတ်တပ်ဖွဲ့ ဝင်တွေဟာ သဘာဝဘေးအန္တရာယ် ထိခိုက်မှုတွေကို ရှာဖွေကယ်ဆယ်တဲ့ စွမ်းဆောင်ရည်မြှင့်တင်တဲ့ ပြိုင်ပွဲကို သြဂုတ် ၅ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီပြိုင်ပွဲမှာ အုပ်စုလိုက် မီးငြှိမ်းသတ်မှုတွေ၊ ယာဉ်တိုက်မှု ဖြစ်စဉ်တွေမှာ ကယ်ဆယ်ရေး ဆောင်ရွက်မှုတွေ၊ မီးငြှိမ်းသတ်ရေး ဝတ်စုံဝတ်ဆင်မှုတွေ၊ အသက်ရှုကိရိယာ ဝတ်ဆင်မှု၊ မီးငြှိမ်းသတ်ရေးနဲ့ ရှာဖွေကယ်ဆယ်ရေး ပစ္စည်း ခင်းကျင်းမှုတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ “ပြည်သူလူထု မီးဘေးနဲ့ သဘာဝဘေးအန္တရာယ်တွေနဲ့ ကြုံတွေ့လာတဲ့ အခါ တပ်ဖွဲ့ဝင်တွေ အနေနဲ့ ပိုမိုကြံခိုင်ပြီး စွမ်းရည်ပြည့်စွာနဲ့ လူပစ္စည်း နည်းပညာစွမ်းအားတွေကို အသုံးချပြီး အပြည့်အ၀ အချိန်မီ ကူညီကယ်ဆယ်ဆောင်ရွက်နိုင်ဖို့အတွက် ရည်ရွယ်ပြီး အခုလို ပြိုင်ပွဲ ပြုလုပ်ပေးတာပါ”လို့ နေပြည်တော် မီးသတ်ဦးစီးမှူးရုံး ဗဟိုမီးသတ်စခန်း ညွှန်ကြားရေးမှူး ဦးဇော်လင်းထွန်းက ပြောပါတယ်။ နေပြည်တော်မီးသတ်ဦးစီးမှူးရုံးအောက်မှာရှိတဲ့ သီရိ (၅)မြို့နယ်အပါအဝင် ပျဉ်းမနား၊ လယ်ဝေး၊ တပ်ကုန်း မြို့နယ်တွေက မီးသတ်စခန်း တပ်ဖွဲ့ဝင် ၇၂ ဦးက ဒီပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတာပါ။
သဘာဝေဘးအႏၲရာယ္ ရွာေဖြကယ္ဆယ္ေရး မီးသတ္တပ္ဖြဲ႕ စြမ္းရည္ျမႇင့္တင္သည့္ ၿပိဳင္ပြဲက်င္းပ ေအာင္ကိုကိုလတ္ (ေနျပည္ေတာ္) ေနျပည္ေတာ္ ေနျပည္ေတာ္မီးသတ္ဦးစီးမႉး႐ုံး ကြပ္ကဲမႈ ေအာက္မွာရွိတဲ့ မီးသတ္တပ္ဖြဲ႕ ဝင္ေတြဟာ သဘာဝေဘးအႏၲရာယ္ ထိခိုက္မႈေတြကို ရွာေဖြကယ္ဆယ္တဲ့ စြမ္းေဆာင္ရည္ျမႇင့္တင္တဲ့ ၿပိဳင္ပြဲကို ၾသဂုတ္ ၅ ရက္ေန႔က က်င္းပျပဳလုပ္ခဲ့ပါတယ္။ အဲ့ဒီၿပိဳင္ပြဲမွာ အုပ္စုလိုက္ မီးျငႇိမ္းသတ္မႈေတြ၊ ယာဥ္တိုက္မႈ ျဖစ္စဥ္ေတြမွာ ကယ္ဆယ္ေရး ေဆာင္႐ြက္မႈေတြ၊ မီးျငႇိမ္းသတ္ေရး ဝတ္စုံဝတ္ဆင္မႈေတြ၊ အသက္ရႈကိရိယာ ဝတ္ဆင္မႈ၊ မီးျငႇိမ္းသတ္ေရးနဲ႔ ရွာေဖြကယ္ဆယ္ေရး ပစၥည္း ခင္းက်င္းမႈေတြ ျပဳလုပ္ခဲ့တာျဖစ္ပါတယ္။ “ျပည္သူလူထု မီးေဘးနဲ႔ သဘာဝေဘးအႏၲရာယ္ေတြနဲ႔ ႀကဳံေတြ႕လာတဲ့ အခါ တပ္ဖြဲ႕ဝင္ေတြ အေနနဲ႔ ပိုမိုႀကံခိုင္ၿပီး စြမ္းရည္ျပည့္စြာနဲ႔ လူပစၥည္း နည္းပညာစြမ္းအားေတြကို အသုံးခ်ၿပီး အျပည့္အ၀ အခ်ိန္မီ ကူညီကယ္ဆယ္ေဆာင္႐ြက္ႏိုင္ဖို႔အတြက္ ရည္႐ြယ္ၿပီး အခုလို ၿပိဳင္ပြဲ ျပဳလုပ္ေပးတာပါ”လို႔ ေနျပည္ေတာ္ မီးသတ္ဦးစီးမႉး႐ုံး ဗဟိုမီးသတ္စခန္း ၫႊန္ၾကားေရးမႉး ဦးေဇာ္လင္းထြန္းက ေျပာပါတယ္။ ေနျပည္ေတာ္မီးသတ္ဦးစီးမႉး႐ုံးေအာက္မွာရွိတဲ့ သီရိ (၅)ၿမိဳ႕နယ္အပါအဝင္ ပ်ဥ္းမနား၊ လယ္ေဝး၊ တပ္ကုန္း ၿမိဳ႕နယ္ေတြက မီးသတ္စခန္း တပ္ဖြဲ႕ဝင္ ၇၂ ဦးက ဒီၿပိဳင္ပြဲကို ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ၾကတာပါ။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024