ကိုရီးယားနှစ်နိုင်ငံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ဂျပန်စီးပွားရေးကို အမီလိုက်နိုင်မည်
1K
ကိုရီးယားနှစ်နိုင်ငံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဟာ ဂျပန်ရဲ့ စီးပွားရေးအသာစီးရမှုကို အမီလိုက်နိုင်လိမ့်မယ်လို့ တောင်ကိုရီးယားသမ္မတ မွန်းဂျဲအင်းက သြဂုတ် ၅ ရက်မှာ ပြောလိုက်ပါတယ်။
ဂျပန်နိုင်ငံဟာ တောင်ကိုရီးယားနိုင်ငံက တပိုင်းလျှပ်ကူးပစ္စည်း ထုတ်လုပ်ရေးသုံး ကုန်ကြမ်းတင်ပို့မှုကို ကန့်သတ်လိုက်ပြီးနောက် သြဂုတ် ၂ ရက်မှာ တောင်ကိုရီးယားနိုင်ငံကို ကုန်ပစ္စည်း အမြန်တင်ပို့တဲ့နိုင်ငံများ စာရင်းကနေ ပယ်ဖျက်လိုက်ပါတယ်။
အဲဒါနဲ့ပတ်သက်လို့ တောင်ကိုရီးယားသမ္မတ မွန်းဂျဲအင်းက ဂျပန်ရဲ့ ကုန်သွယ်ရေး လက်တုံ့ပြန်မှုကို ကျော်လွှားရုံတင် မဟုတ်ဘဲ ဂျပန်စီးပွားရေးထက် သာလွန်အောင် အမြင်ကျယ်ကျယ် သန္နိဋ္ဌာန်ချဖို့ လိုတယ်လို့ ပြောခဲ့ပါတယ်။
အဲဒီနောက် မွန်းဂျဲအင်းက ကိုရီးယားနှစ်နိုင်ငံ စီးပွားရေး ပူးပေါင်းဆောင်ရွက်တာဟာ ငြိမ်းချမ်းရေးရှေ့ရှုတဲ့ စီးပွားရေးကို ဖြစ်စေပြီး ဂျပန်လွှမ်းမိုးတာကို အမီလိုက်နိုင်လိမ့်မယ်လို့ ပြောခဲ့ပါတယ်။
ငြိမ်းချမ်းရေးရှေ့ရှုတဲ့ စီးပွားရေးယုံကြည်ချက်နဲ့ဆို ကိုရီးယားနိုင်ငံရဲ့ အနာဂတ်မျိုးကို တခြားဘယ်နိုင်ငံမှာမှ ရမှာမဟုတ်ဘဲ ငြိမ်းချမ်းရေးကို အခြေခံပြီး ကိုရီးယားနှစ်နိုင်ငံ ပူးပေါင်းမယ်ဆိုရင် နှစ်နိုင်ငံ အတူကြွယ်ဝမှုကို ရရှိနိုင်မယ်လို့လည်း တောင်ကိုရီးယားသမ္မတ မွန်းဂျဲအင်းက ပြောပါတယ်။