A d v e r t i s e m e n t With Us

ပွဲကစားခွင့်ရရန် ကြံ့ခိုင်ကြောင်း ပြသဖို့လိုဟု လာကာဇက်တီကို အာဆင်နယ်နည်းပြ ပြော

တိုက်စစ်မှူး လာကာဇက်တီအနေနဲ့ ပရီးမီးယားလိဂ်အဖွင့်မှာ ပါဝင်ကစားချင်တယ်ဆိုရင် ကြံ့ခိုင်မှုကောင်းမွန်ကြောင်း ပြသဖို့လိုတယ်လို့ အာဆင်နယ်နည်းပြ အမ်မရီက သတိပေးလိုက်ပါတယ်။ လာကာဇက်တီဟာ လိုင်ယွန်နဲ့ ကစားခဲ့တဲ့ အမ်းမရိတ်ဖလားမှာ ခြေချင်းဝတ်ဒဏ်ရာ ရခဲ့တာကြောင့် စောစာစီးစီး လူစားလဲခံခဲ့ရတာပါ။ ခြေချင်းဝတ်ဒဏ်ရာကြောင့် ဘာစီလိုနာအသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ ယိုဟန်ဂမ်ဘာဖလားမှာလည်း လွဲချော်ခဲ့ပါတယ်။ နည်းပြ အူနိုင်းအမ်မရီကတော့ တိုက်စစ်မှူး လာကာဇက်တီအနေနဲ့ လာမယ့်ရက်ပိုင်းအတွင်းမှာ ကောင်းမွန်တဲ့ ကြံ့ခိုင်မှု ပြသနိုင်ဖို့လိုတယ်လို့ ပြောပါတယ်။ လာကာဇက်တီဟာ လာမယ့် သြဂုတ် ၁၁ ရက်နေ့မှာ ပရီးမီးယားလိဂ် ပွဲစဉ် ၁ အဖြစ် နယူးကာဆယ်အသင်းနဲ့ အဝေးကွင်း သွားရောက်ကစားရမှာပါ။ လာကာဇက်တီဟာ လက်ရှိအချိန်မှာ ကြံ့ခိုင်မှုအတွက် လေ့ကျင့်ခန်းတွေ ပြုလုပ်နေပေမယ့်လည်း ပွဲစဉ်မတိုင်ခင်မှာ ပွဲကစားနိုင်မယ့် ကြံ့ခိုင်မှု ပြသနိုင်မှ လူစာရင်းထဲ ပါဝင်နိုင်မယ်လို့ နည်းပြ အမ်မရီကဆိုပါတယ်။
Zawgyi Version ပြဲကစားခြင့္ရရန္ ႀကံ့ခိုင္ေၾကာင္း ျပသဖို႔လိုဟု လာကာဇက္တီကို အာဆင္နယ္နည္းျပ ေျပာ DVB တိုက္စစ္မႉး လာကာဇက္တီအေနနဲ႔ ပရီးမီးယားလိဂ္အဖြင့္မွာ ပါဝင္ကစားခ်င္တယ္ဆိုရင္ ႀကံ့ခိုင္မႈေကာင္းမြန္ေၾကာင္း ျပသဖို႔လိုတယ္လို႔ အာဆင္နယ္နည္းျပ အမ္မရီက သတိေပးလိုက္ပါတယ္။ လာကာဇက္တီဟာ လိုင္ယြန္နဲ႔ ကစားခဲ့တဲ့ အမ္းမရိတ္ဖလားမွာ ေျခခ်င္းဝတ္ဒဏ္ရာ ရခဲ့တာေၾကာင့္ ေစာစာစီးစီး လူစားလဲခံခဲ့ရတာပါ။ ေျခခ်င္းဝတ္ဒဏ္ရာေၾကာင့္ ဘာစီလိုနာအသင္းကို ၂ ဂိုး ၁ ဂိုးနဲ႔ ရႈံးနိမ့္ခဲ့တဲ့ ယိုဟန္ဂမ္ဘာဖလားမွာလည္း လြဲေခ်ာ္ခဲ့ပါတယ္။ နည္းျပ အူႏိုင္းအမ္မရီကေတာ့ တိုက္စစ္မႉး လာကာဇက္တီအေနနဲ႔ လာမယ့္ရက္ပိုင္းအတြင္းမွာ ေကာင္းမြန္တဲ့ ႀကံ့ခိုင္မႈ ျပသႏိုင္ဖို႔လိုတယ္လို႔ ေျပာပါတယ္။ လာကာဇက္တီဟာ လာမယ့္ ၾသဂုတ္ ၁၁ ရက္ေန႔မွာ ပရီးမီးယားလိဂ္ ပြဲစဥ္ ၁ အျဖစ္ နယူးကာဆယ္အသင္းနဲ႔ အေဝးကြင္း သြားေရာက္ကစားရမွာပါ။ လာကာဇက္တီဟာ လက္ရွိအခ်ိန္မွာ ႀကံ့ခိုင္မႈအတြက္ ေလ့က်င့္ခန္းေတြ ျပဳလုပ္ေနေပမယ့္လည္း ပြဲစဥ္မတိုင္ခင္မွာ ပြဲကစားႏိုင္မယ့္ ႀကံ့ခိုင္မႈ ျပသႏိုင္မွ လူစာရင္းထဲ ပါဝင္ႏိုင္မယ္လို႔ နည္းျပ အမ္မရီကဆိုပါတယ္။

A d v e r t i s e m e n t With Us

More News
Up