A d v e r t i s e m e n t With Us

လီဗာပူးဂိုးသမား မစ်ဂ်နိုလက် ဘယ်လ်ဂျီယံကလပ်သို့ ပြောင်းရွှေ့ရန် သဘောတူ

လီဗာပူးဂိုးသမား မစ်ဂ်နိုလက်ဟာ မွေးရပ်မြေက ကလပ်ဘရုဂေးကို ပြန်လည်ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရရှိသွားပြီဖြစ်ပါတယ်။ ဘယ်လ်ဂျီယံဂိုးသမား မစ်ဂ်နိုလက်ဟာ ဂျာမန်ဂိုးသမား ကားရီးယက်စ် ရှိစဉ်ကတည်းက အရန်ဂိုးသမားအဖြစ် ကစားခဲ့ရပြီး ဘရာဇီးဂိုးသမား အလက်ဆန် ရောက်ရှိလာချိန်မှာတော့ ပွဲထွက်ခွင့်ရဖို့ ပိုမိုရုန်းကန်ခဲ့ရပါတယ်။ လက်ရှိအချိန်မှာတော့ ဘယ်လ်ဂျီယံ ထိပ်သီးအသင်း ကလပ်ဘရုဂေးအသင်းဆီကို ပေါင် ၆ သန်းနဲ့ ပြောင်းရွှေ့ဖို့ သေချာသွားခဲ့တာပါ။ ကလပ်ဘရုဂေးအသင်းကလည်း တနင်္ဂနွေနေ့က အတည်ပြုချက် ထုတ်ပြန်ခဲ့ပြီး မစ်ဂ်နိုလက်ကို ၅ နှစ်စာချုပ် ချုပ်ဆိုမှာပါ။ အသက် ၃၁ နှစ်ရှိ မစ်ဂ်နိုလက်ဟာ မန်စီးတီးနဲ့ ကွန်မြူနတီဒိုင်း ဗိုလ်လုပွဲ အရန်စာရင်းမှာ ပါဝင်ခဲ့ပြီး အဲဒီပွဲအပြီးမှာ ဘယ်လ်ဂျီယံကို ထွက်ခွာသွားပါတယ်။ လီဗာပူးလ်အသင်းဟာ အရန်ဂိုးသမားနေရာအတွက် လူငယ်ဂိုးသမား ၂ ဦး ရှိပေမယ့်လည်း ဒဏ်ရာရနေကြတာကြောင့် အပြောင်းအရွှေ့ မပိတ်ခင် ဂိုးသမားတဦး အရေးပေါ်ခေါ်ယူသွားရဖို့ ရှိနေပါတယ်။
Zawgyi Version လီဗာပူးဂိုးသမား မစ္ဂ္ႏိုလက္ ဘယ္လ္ဂ်ီယံကလပ္သို႔ ေျပာင္းေ႐ႊ႕ရန္ သေဘာတူ DVB လီဗာပူးဂိုးသမား မစ္ဂ္ႏိုလက္ဟာ ေမြးရပ္ေျမက ကလပ္ဘ႐ုေဂးကို ျပန္လည္ေျပာင္းေ႐ႊ႕ဖို႔ သေဘာတူညီမႈ ရရွိသြားၿပီျဖစ္ပါတယ္။ ဘယ္လ္ဂ်ီယံဂိုးသမား မစ္ဂ္ႏိုလက္ဟာ ဂ်ာမန္ဂိုးသမား ကားရီးယက္စ္ ရွိစဥ္ကတည္းက အရန္ဂိုးသမားအျဖစ္ ကစားခဲ့ရၿပီး ဘရာဇီးဂိုးသမား အလက္ဆန္ ေရာက္ရွိလာခ်ိန္မွာေတာ့ ပြဲထြက္ခြင့္ရဖို႔ ပိုမို႐ုန္းကန္ခဲ့ရပါတယ္။ လက္ရွိအခ်ိန္မွာေတာ့ ဘယ္လ္ဂ်ီယံ ထိပ္သီးအသင္း ကလပ္ဘ႐ုေဂးအသင္းဆီကို ေပါင္ ၆ သန္းနဲ႔ ေျပာင္းေ႐ႊ႕ဖို႔ ေသခ်ာသြားခဲ့တာပါ။ ကလပ္ဘ႐ုေဂးအသင္းကလည္း တနဂၤေႏြေန႔က အတည္ျပဳခ်က္ ထုတ္ျပန္ခဲ့ၿပီး မစ္ဂ္ႏိုလက္ကို ၅ ႏွစ္စာခ်ဳပ္ ခ်ဳပ္ဆိုမွာပါ။ အသက္ ၃၁ ႏွစ္ရွိ မစ္ဂ္ႏိုလက္ဟာ မန္စီးတီးနဲ႔ ကြန္ျမဴနတီဒိုင္း ဗိုလ္လုပြဲ အရန္စာရင္းမွာ ပါဝင္ခဲ့ၿပီး အဲဒီပြဲအၿပီးမွာ ဘယ္လ္ဂ်ီယံကို ထြက္ခြာသြားပါတယ္။ လီဗာပူးလ္အသင္းဟာ အရန္ဂိုးသမားေနရာအတြက္ လူငယ္ဂိုးသမား ၂ ဦး ရွိေပမယ့္လည္း ဒဏ္ရာရေနၾကတာေၾကာင့္ အေျပာင္းအေ႐ႊ႕ မပိတ္ခင္ ဂိုးသမားတဦး အေရးေပၚေခၚယူသြားရဖို႔ ရွိေနပါတယ္။

A d v e r t i s e m e n t With Us

More News
Up