ပေါ့ဂ်ဘာ မန်ယူမှထွက်မည်ဟု မထင်ကြောင်း မာတစ် ပြော

ကွင်းလယ်လူ ပေါ့ဂ်ဘာ မန်ယူအသင်းကနေ ထွက်ခွာမယ်လို့ မထင်ကြောင်း အသင်းဖော် မာတစ်က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
မန်ယူကွင်းလယ်လူ ပေါ့ဂ်ဘာဟာ အခုနှစ် အပြောင်းအရွှေ့မှာ ရီးရဲလ်မက်ဒရစ်၊ ဂျူဗင်တပ်အသင်းတွေဆီ ပြောင်းရွှေ့ဖို့ သတင်းထွက်ပေါ်နေတာပါ။
ဒါပေမယ့်လည်း အသင်းဖော် နီမန်ဂျာ မာတစ်ကတော့ ပေါ့ဂ်ဘာဟာ အရေးကြီးတဲ့ ကစားသမားဖြစ်ပြီး အသင်းမှာရှိနေတဲ့အတွက် ပျော်ရွှင်မိကြောင်းနဲ့ အသင်းကနေ ထွက်မယ်လို့ မထင်မိကြောင်း ပြောပါတယ်။
ဘောလုံးမှာ ဘာမဆိုဖြစ်တတ်တဲ့ အတွက်တော့ နောက်ဆုံးအချိန်အထိ စောင့်ကြည့်ရနိုင်တယ်လို့လည်း မာတစ်က ဆိုပါတယ်။
မန်ယူအသင်းဟာ ပြီးခဲ့တဲ့တပတ်က အေစီမီလန်အသင်းနဲ့ နောက်ဆုံးခြေစမ်းပွဲ ကစားခဲ့ပြီး ၂ ဂိုးစီသရေကျခဲ့ပေမယ့် ပယ်နယ်တီ အဆုံးအဖြတ်မှာ အနိုင်ရခဲ့ပါတယ်။
မန်ယူအသင်းအနေနဲ့ လာမယ့်ရာသီသစ်အတွက် အဆင်သင့်ဖြစ်နေပြီလို့လည်း မာတစ်က ပြောပါတယ်။
Zawgyi Version
ေပါ့ဂ္ဘာ မန္ယူမွထြက္မည္ဟု မထင္ေၾကာင္း မာတစ္ ေျပာ
DVB
ကြင္းလယ္လူ ေပါ့ဂ္ဘာ မန္ယူအသင္းကေန ထြက္ခြာမယ္လို႔ မထင္ေၾကာင္း အသင္းေဖာ္ မာတစ္က ထုတ္ေဖာ္ေျပာၾကားလိုက္ပါတယ္။
မန္ယူကြင္းလယ္လူ ေပါ့ဂ္ဘာဟာ အခုႏွစ္ အေျပာင္းအေ႐ႊ႕မွာ ရီးရဲလ္မက္ဒရစ္၊ ဂ်ဴဗင္တပ္အသင္းေတြဆီ ေျပာင္းေ႐ႊ႕ဖို႔ သတင္းထြက္ေပၚေနတာပါ။
ဒါေပမယ့္လည္း အသင္းေဖာ္ နီမန္ဂ်ာ မာတစ္ကေတာ့ ေပါ့ဂ္ဘာဟာ အေရးႀကီးတဲ့ ကစားသမားျဖစ္ၿပီး အသင္းမွာရွိေနတဲ့အတြက္ ေပ်ာ္႐ႊင္မိေၾကာင္းနဲ႔ အသင္းကေန ထြက္မယ္လို႔ မထင္မိေၾကာင္း ေျပာပါတယ္။
ေဘာလုံးမွာ ဘာမဆိုျဖစ္တတ္တဲ့ အတြက္ေတာ့ ေနာက္ဆုံးအခ်ိန္အထိ ေစာင့္ၾကည့္ရႏိုင္တယ္လို႔လည္း မာတစ္က ဆိုပါတယ္။
မန္ယူအသင္းဟာ ၿပီးခဲ့တဲ့တပတ္က ေအစီမီလန္အသင္းနဲ႔ ေနာက္ဆုံးေျခစမ္းပြဲ ကစားခဲ့ၿပီး ၂ ဂိုးစီသေရက်ခဲ့ေပမယ့္ ပယ္နယ္တီ အဆုံးအျဖတ္မွာ အႏိုင္ရခဲ့ပါတယ္။
မန္ယူအသင္းအေနနဲ႔ လာမယ့္ရာသီသစ္အတြက္ အဆင္သင့္ျဖစ္ေနၿပီလို႔လည္း မာတစ္က ေျပာပါတယ္။