Home
မြန်မာသတင်း
မဟာမုနိပုရိဝုဏ်အတွင်း စစ်တပ်နေရာမယူရန် ကျောက်တော်သံဃနာယက မေတ္တာရပ်ခံစာပေးပို့
DVB
·
August 5, 2019
ရခိုင်ပြည်နယ်အတွင်း အထင်ကရ သမိုင်းဝင်ဘုရားတဆူဖြစ်တဲ့ ကျောက်တော်တောင်ပေါ်က မဟာမုနိဘုရားတည်ရှိရာ ပရိဝုဏ်အတွင်း စစ်တပ်ကနေရာယူထားတာကို အမြန်ဆုံးဖယ်ရှားပေးဖို့ မြို့နယ် သံဃနာယကအဖွဲ့က အစည်းအဝေးလုပ်ပြီး စာရေးသားတောင်းဆိုလိုက်ပါတယ်။ သြဂုတ် ၄ ရက်နေ့ မဟာမုနိဂေါပကအဖွဲ့က မြို့နယ်သံဃာနာယက ဆရာတော်တွေကို ပင့်ဖိတ်ပြီး မဟာမုနိပရိဝုဏ်အတွင်းအစည်း အဝေးကျင်းပကာ အဲ့ဒီဘုရားအတွင်းမှာ စစ်တပ် နေရာယူထားကို အမြန်ဆုံးဖယ်ရှားပေးဖို့ ပင့်ဖိတ်လျှောက်ထားခဲ့ကြတာပါ။  ကျောက်တော်မြို့နယ်သံဃနာယက ဥက္ကဋ္ဌဆရာတော် ဦးသောဘိတက “အဲ့ဒီ မဟာမုနိဘုရား ပရိဝုဏ်ထဲမှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့တွေက နေရာယူထားတွေကို အဲ့ဒီကဂေါပကတွေလျှ လျှောက်ထားတာတွေရှိတယ်။ အဲ့ဒီမှာ သူတို့ခိုအောင်းပြီးတော့ နေထိုင်ကြတာရှိတယ်။ ဘုန်းဘုန်းတို့ကတော့ ဝါတွင်းကာလလည်းဖြစ်တယ်။ နောက်ပြီး ဒါကဘုရားပရိဝုဏ် အတွင်းမှာလည်း ဖြစ်နေတယ်။ ဥပုသ်သီလ ဆောက်တည်ကြတယ်။ ဒါကြောင့်မို့ အဲ့ဒီမှာမနေ့ဖို့ ဘုန်းဘုန်းတို မေတ္တာရပ်ခံစာပို့တာပါ”လို့ဒီဗွီဘီကိုပြောပါတယ်။ အဲ့ဒီမေတ္တာရပ်ခံစာကို ကွက်ကဲရေးမှူး အမှတ် ၉ စစ်ဆေးရေးဌာနချုပ်ကျောက်တော်မြို့ကို ဒီကနေ့ သွားရောက်ပေးပို့ခဲ့တာလို့ ကျောက်တော်မြို့နယ် သံဃနာယက ဥက္ကဋ္ဌ ဆရာတော် ဦးသောဘိတက ပြောဆိုပါတယ်။  ဒီလိုစစ်သားတွေ ဘုရားပုရိဝုဏ်အတွင်းမှာ နေရာယူထားတာကြောင့် ဘုရားဖူးတွေ၊ ဥပုသ်သီလဆောက်တည်သူတွေ လာရောက်မှုမရှိတော့ဘူးလို့ ဆရာတော်က ဆက်လက်မိန့်ပါတယ်။ “သူတို့တွေက ဆွမ်းချက်တဲ့ အဆောင်တွေရယ်၊ သံဃာတည်းခိုဆောင်တွေ၊ ဆွမ်းစားဆောင် တွေ၊ ပြီးတော့ မုခ်ဦးတွေမှာ နေရာယူထားတယ်။ အကုန်လုံး နေရာယူထားကြပါတယ်။ ဘုန်းဘုန်းတို့ ဒကာ ဒကာမတွေလည်း စိုးရိမ်ကြတာပေါနော်။ အကုန်ကြောက်ကြတာပေါနော်။ တချို့ကျတော့် ဥပုသ်သီလ ဆောက်တည်ဖို့ မလာတာလည်းရှိပါတယ်။” ပြီးခဲ့တဲ့ ရပ်ပိုင်းအတွင်း ကျောက်တော်မြို့ မဟာမုနိဘုရားအနီးမှာ တပ်မတော်ဘက်က ပစ်ခတ်လို့ ၉ လအရွယ် ကိုယ်ဝန်ဆောင်အမျိုးသမီး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စစ်တွေဆေးရုံမှာ ဆေးကုသမှုခံယူနေရပါတယ်။  ဒီလိုတပ်မတော်က မဟာမုနိပုရိဝုဏ်အတွင်းနေရာ ယူထားကြောင့်လည်း ဈေးရောင်းသူတွေ လည်း အဆင်မပြေကြတာရှိတယ်လို့ မုခ်ဦးအရှေ့မှာ ထမင်းဆိုင်ရောင်းနေ သူတယောက်က ပြောပါတယ်။ “အရင်ဆိုရင် လုပ်လို့ ကိုင်လို့ အဆင်ပြေကြပါတယ်။ ခရီးသွားဧည့်သည်တွေလာကြတာ ရှိတယ်။ ဘုရားဖူးလည်းလာကြတယ်။ အခုက စစ်သားတွေ မုခ်ဝတွေမှာရော၊ ဘုရားအတွင်းမှာရော အများကြီးနေရာယူတော့ မလာရဲတော့တာနဲ့တူပါတယ်။ အရောင်းအဝယ်က အရင်က ထက်ပါးလာတယ်။ အဆင်မပြေတော့ဘူး။” အခုကိစ္စနဲ့ပတ်သက်လို့ တပ်မတော်သတင်းမှန်ပြန်ရေးအဖွဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းဦးစီးဗိုလ်မှူးကြီး ဝင်းဇော်ဦးကို ဆက်သွယ်မေးမြန်းရာမှာတော့ အစည်းအဝေးလုပ်နေတာကြောင့် ပြန်လည်ဖြေဆိုဖို့ အဆင်မပြေသေးဘူးလို့ ပြောပါတယ်။ ကျောက်တော်တောင်ပေါ် မဟာမုနိဘုရားဟာ အထင်ကရှေ့ဟောင်း ဘုရားတဆူဖြစ်ပြီးတော့ ရခိုင်ပြည်နယ်အတွင်း အနယ်နယ်အရပ်ရပ်က ဘုရားဖူးဧည့်သည်တွေဆိုရင် နေ့တိုင်းလိုလို လာရောက်ကြတာလည်းဖြစ်ပါတယ်။ ဝဏ္ဏခွာညို
မဟာမုနိပုရိဝုဏ္အတြင္း စစ္တပ္ေနရာမယူရန္ ေက်ာက္ေတာ္သံဃနာယက ေမတၱာရပ္ခံစာေပးပို႔ ဝဏၰခြာညိဳ ရခိုင္ျပည္နယ္အတြင္း အထင္ကရ သမိုင္းဝင္ဘုရားတဆူျဖစ္တဲ့ ေက်ာက္ေတာ္ေတာင္ေပၚက မဟာမုနိဘုရားတည္ရွိရာ ပရိဝုဏ္အတြင္း စစ္တပ္ကေနရာယူထားတာကို အျမန္ဆုံးဖယ္ရွားေပးဖို႔ ၿမိဳ႕နယ္ သံဃနာယကအဖြဲ႕က အစည္းအေဝးလုပ္ၿပီး စာေရးသားေတာင္းဆိုလိုက္ပါတယ္။ ၾသဂုတ္ ၄ ရက္ေန႔ မဟာမုနိေဂါပကအဖြဲ႕က ၿမိဳ႕နယ္သံဃာနာယက ဆရာေတာ္ေတြကို ပင့္ဖိတ္ၿပီး မဟာမုနိပရိဝုဏ္အတြင္းအစည္း အေဝးက်င္းပကာ အဲ့ဒီဘုရားအတြင္းမွာ စစ္တပ္ ေနရာယူထားကို အျမန္ဆုံးဖယ္ရွားေပးဖို႔ ပင့္ဖိတ္ေလွ်ာက္ထားခဲ့ၾကတာပါ။ ေက်ာက္ေတာ္ၿမိဳ႕နယ္သံဃနာယက ဥကၠ႒ဆရာေတာ္ ဦးေသာဘိတက “အဲ့ဒီ မဟာမုနိဘုရား ပရိဝုဏ္ထဲမွာ စစ္တပ္နဲ႔ ရဲတပ္ဖြဲ႕ေတြက ေနရာယူထားေတြကို အဲ့ဒီကေဂါပကေတြလွ် ေလွ်ာက္ထားတာေတြရွိတယ္။ အဲ့ဒီမွာ သူတို႔ခိုေအာင္းၿပီးေတာ့ ေနထိုင္ၾကတာရွိတယ္။ ဘုန္းဘုန္းတို႔ကေတာ့ ဝါတြင္းကာလလည္းျဖစ္တယ္။ ေနာက္ၿပီး ဒါကဘုရားပရိဝုဏ္ အတြင္းမွာလည္း ျဖစ္ေနတယ္။ ဥပုသ္သီလ ေဆာက္တည္ၾကတယ္။ ဒါေၾကာင့္မို႔ အဲ့ဒီမွာမေန႔ဖို႔ ဘုန္းဘုန္းတို ေမတၱာရပ္ခံစာပို႔တာပါ”လို႔ဒီဗြီဘီကိုေျပာပါတယ္။ အဲ့ဒီေမတၱာရပ္ခံစာကို ကြက္ကဲေရးမႉး အမွတ္ ၉ စစ္ေဆးေရးဌာနခ်ဳပ္ေက်ာက္ေတာ္ၿမိဳ႕ကို ဒီကေန႔ သြားေရာက္ေပးပို႔ခဲ့တာလို႔ ေက်ာက္ေတာ္ၿမိဳ႕နယ္ သံဃနာယက ဥကၠ႒ ဆရာေတာ္ ဦးေသာဘိတက ေျပာဆိုပါတယ္။ ဒီလိုစစ္သားေတြ ဘုရားပုရိဝုဏ္အတြင္းမွာ ေနရာယူထားတာေၾကာင့္ ဘုရားဖူးေတြ၊ ဥပုသ္သီလေဆာက္တည္သူေတြ လာေရာက္မႈမရွိေတာ့ဘူးလို႔ ဆရာေတာ္က ဆက္လက္မိန႔္ပါတယ္။ “သူတို႔ေတြက ဆြမ္းခ်က္တဲ့ အေဆာင္ေတြရယ္၊ သံဃာတည္းခိုေဆာင္ေတြ၊ ဆြမ္းစားေဆာင္ ေတြ၊ ၿပီးေတာ့ မုခ္ဦးေတြမွာ ေနရာယူထားတယ္။ အကုန္လုံး ေနရာယူထားၾကပါတယ္။ ဘုန္းဘုန္းတို႔ ဒကာ ဒကာမေတြလည္း စိုးရိမ္ၾကတာေပါေနာ္။ အကုန္ေၾကာက္ၾကတာေပါေနာ္။ တခ်ိဳ႕က်ေတာ့္ ဥပုသ္သီလ ေဆာက္တည္ဖို႔ မလာတာလည္းရွိပါတယ္။” ၿပီးခဲ့တဲ့ ရပ္ပိုင္းအတြင္း ေက်ာက္ေတာ္ၿမိဳ႕ မဟာမုနိဘုရားအနီးမွာ တပ္မေတာ္ဘက္က ပစ္ခတ္လို႔ ၉ လအ႐ြယ္ ကိုယ္ဝန္ေဆာင္အမ်ိဳးသမီး ထိခိုက္ဒဏ္ရာရရွိခဲ့ၿပီး စစ္ေတြေဆး႐ုံမွာ ေဆးကုသမႈခံယူေနရပါတယ္။ ဒီလိုတပ္မေတာ္က မဟာမုနိပုရိဝုဏ္အတြင္းေနရာ ယူထားေၾကာင့္လည္း ေဈးေရာင္းသူေတြ လည္း အဆင္မေျပၾကတာရွိတယ္လို႔ မုခ္ဦးအေရွ႕မွာ ထမင္းဆိုင္ေရာင္းေန သူတေယာက္က ေျပာပါတယ္။ “အရင္ဆိုရင္ လုပ္လို႔ ကိုင္လို႔ အဆင္ေျပၾကပါတယ္။ ခရီးသြားဧည့္သည္ေတြလာၾကတာ ရွိတယ္။ ဘုရားဖူးလည္းလာၾကတယ္။ အခုက စစ္သားေတြ မုခ္ဝေတြမွာေရာ၊ ဘုရားအတြင္းမွာေရာ အမ်ားႀကီးေနရာယူေတာ့ မလာရဲေတာ့တညနဲ႔တူပါတယ္။ အေရာင္းအဝယ္က အရင္က ထက္ပါးလာတယ္။ အဆင္မေျပေတာ့ဘူး။” အခုကိစၥနဲ႔ပတ္သက္လို႔ တပ္မေတာ္သတင္းမွန္ျပန္ေရးအဖြဲ႕ အေနာက္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္ တိုင္းဦးစီးဗိုလ္မႉးႀကီး ဝင္းေဇာ္ဦးကို ဆက္သြယ္ေမးျမန္းရာမွာေတာ့ အစည္းအေဝးလုပ္ေနတာေၾကာင့္ ျပန္လည္ေျဖဆိုဖို႔ အဆင္မေျပေသးဘူးလို႔ ေျပာပါတယ္။ ေက်ာက္ေတာ္ေတာင္ေပၚ မဟာမုနိဘုရားဟာ အထင္ကေရွ႕ေဟာင္း ဘုရားတဆူျဖစ္ၿပီးေတာ့ ရခိုင္ျပည္နယ္အတြင္း အနယ္နယ္အရပ္ရပ္က ဘုရားဖူးဧည့္သည္ေတြဆိုရင္ ေန႔တိုင္းလိုလို လာေရာက္ၾကတာလည္းျဖစ္ပါတယ္။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024