ဂျူဗင်တပ်နောက်ခံလူ ကန်ဆယ်လိုကို မန်စီးတီး ခေါ်ယူရန် နီးစပ်

မန်စီးတီးအသင်းဟာ အီတလီကလပ် ဂျူဗင်တပ်နောက်ခံလူ ကန်ဆယ်လိုကို ပေါင် ၂၇ သန်းခန့်နဲ့ ခေါ်ယူနိုင်ဖို့ နီးစပ်နေပါတယ်။
ပေါ်တူဂီနောက်ခံလူ ကန်ဆယ်လိုဟာ ဘယ်ညာ အစွန်နှစ်ဖက်စလုံးမှာ ကစားနိုင်သူဖြစ်ပြီး ပြီးခဲ့တဲ့ရာသီက ဂျူဗင်တပ်အသင်းအတွက် ၅ ကြိမ် ဂိုးဖန်တီးမှု ပြုလုပ်နိုင်ခဲ့ပါတယ်။
မန်စီးတီးအသင်းဟာ ကန်ဆယ်လိုရဲ့ အပြောင်းအရွှေ့ အစိတ်အပိုင်းတရပ်အနေနဲ့ အသင်းနောက်ခံလူ ဒန်နီလိုကို အလိုက်ပေးသွားရမှာဖြစ်တယ်လို့ သိရပါတယ်။
မန်စီးတီးအသင်းဟာ ကန်ဆယ်လိုရဲ့ အပြောင်းအရွှေ့ကိစ္စကို တနင်္လာနေ့မှာ အပြီးသတ်လုပ်ဆောင်မယ်လို့ ဆိုပါတယ်။
အသက် ၂၅ နှစ်အရွယ် ဂျိုအာ ကန်ဆယ်လိုဟာ ပြီးခဲ့တဲ့နှစ်ကမှ အင်တာမီလန်ကနေ ဂျူဗင်တပ်အသင်းဆီ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။
Zawgyi Version
ဂ်ဴဗင္တပ္ေနာက္ခံလူ ကန္ဆယ္လိုကို မန္စီးတီး ေခၚယူရန္ နီးစပ္
DVB
မန္စီးတီးအသင္းဟာ အီတလီကလပ္ ဂ်ဴဗင္တပ္ေနာက္ခံလူ ကန္ဆယ္လိုကို ေပါင္ ၂၇ သန္းခန႔္နဲ႔ ေခၚယူႏိုင္ဖို႔ နီးစပ္ေနပါတယ္။
ေပၚတူဂီေနာက္ခံလူ ကန္ဆယ္လိုဟာ ဘယ္ညာ အစြန္ႏွစ္ဖက္စလုံးမွာ ကစားႏိုင္သူျဖစ္ၿပီး ၿပီးခဲ့တဲ့ရာသီက ဂ်ဴဗင္တပ္အသင္းအတြက္ ၅ ႀကိမ္ ဂိုးဖန္တီးမႈ ျပဳလုပ္ႏိုင္ခဲ့ပါတယ္။
မန္စီးတီးအသင္းဟာ ကန္ဆယ္လိုရဲ႕ အေျပာင္းအေ႐ႊ႕ အစိတ္အပိုင္းတရပ္အေနနဲ႔ အသင္းေနာက္ခံလူ ဒန္နီလိုကို အလိုက္ေပးသြားရမွာျဖစ္တယ္လို႔ သိရပါတယ္။
မန္စီးတီးအသင္းဟာ ကန္ဆယ္လိုရဲ႕ အေျပာင္းအေ႐ႊ႕ကိစၥကို တနလၤာေန႔မွာ အၿပီးသတ္လုပ္ေဆာင္မယ္လို႔ ဆိုပါတယ္။
အသက္ ၂၅ ႏွစ္အ႐ြယ္ ဂ်ိဳအာ ကန္ဆယ္လိုဟာ ၿပီးခဲ့တဲ့ႏွစ္ကမွ အင္တာမီလန္ကေန ဂ်ဴဗင္တပ္အသင္းဆီ ေျပာင္းေ႐ႊ႕လာခဲ့တာ ျဖစ္ပါတယ္။