အမေရိကန်တွင် တရက်တည်း သေနတ်ပစ်ခတ်မှု ၂ ခုဖြစ်၊ ၂၉ ဦး သေဆုံး

အမေရိကန်နိုင်ငံ အိုဟိုင်းယိုးနဲ့ တက္ကဆက်ပြည်နယ်တွေမှာ သြဂုတ် ၄ ရက် တနေ့တည်း သေနတ်ပစ်ခတ်မှု ၂ ခု ဖြစ်ခဲ့ပြီး လူ ၂၉ ယောက် သေဆုံးခဲ့ပါတယ်။
အိုဟိုင်းယိုးပြည်နယ် ဒေတန်မြို့မှာ သေနတ်သမားတယောက်က လူအုပ်ထဲ ပစ်ခတ်တဲ့အတွက် သေနတ်သမားရဲ့ ညီမဖြစ်သူ အပါအဝင် လူ ၉ ယောက် သေဆုံးပြီး ၂၇ ယောက်ထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။
သေနတ်ပစ်တဲ့ နေရာအနီးမှာ ကင်းလှည့်နေတဲ့ ရဲတပ်ဖွဲ့ဝင်တွေက အခင်းနေရာကို မိနစ်ပိုင်းအတွင်း ရောက်လာခဲ့ပြီး အဲဒီသေနတ်သမားကို ပစ်သတ်ခဲ့ပါတယ်။
ရဲတပ်ဖွဲ့ ပြောကြားချက်အရ သေနတ်သမားဟာ အသက် ၂၄ နှစ်အရွယ် လူဖြူတဦးဖြစ်ပြီး ဘဲလ်ဘရွခ်မြို့က ဖြစ်တယ်လို့ သိရပါတယ်။
အဲဒီနောက် ၁၃ နာရီအကြာ တက္ကဆက်ပြည်နယ် နယ်စပ် အယ်ပါဆိုနဲ့ မိုင်ချီဝေးတဲ့ Walmart ရှော့ပင်းမောလ်မှာ အသက် ၂၁ နှစ်အရွယ် လူဖြူလူရွယ်တဦး ပစ်ခတ်တဲ့အတွက် လူအယောက် ၂၀ သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့ပါတယ်။
တက္ကဆက်ပြည်နယ် အုပ်ချုပ်ရေးမှူးက ဒီသတ်ဖြတ်မှုဟာ အမုန်းကြောင့် ကျူးလွန်တဲ့ ပြစ်မှု ဖြစ်ပုံရတယ်လို့ ပြောခဲ့ပါတယ်။
ရဲတပ်ဖွဲ့က သေနတ်သမားကို ထိန်းသိမ်းထားပြီး ဒီသတ်ဖြတ်မှုဟာ လူမျိုးရေးအရ လှုံ့ဆော်တာဖြစ်တယ်လို့ သေနတ်သမားရဲ့ ကြေညာစာတမ်းကို ကိုးကားပြီး ရဲတပ်ဖွဲ့က ပြောခဲ့ပါတယ်။
အဲဒီနောက် ဒီပစ်ခတ်မှုကို ပြည်တွင်းအကြမ်းဖက်မှုအဖြစ် သတ်မှတ်ပြီး သေနတ်ပစ်မှု ဖြစ်ရာနေရာကို ရဲတပ်ဖွဲ့၊ ပြည်နယ်တပ်ဖွဲ့၊ အမိမြေလုံခြုံရေး တပ်ဖွဲ့တွေနဲ့ နယ်စပ်လုံခြုံရေး တပ်ဖွဲ့တွေ စေလွှတ်ခဲ့ပါတယ်။
Zawgyi Version
အေမရိကန္တြင္ တရက္တည္း ေသနတ္ပစ္ခတ္မႈ ၂ ခုျဖစ္၊ ၂၉ ဦး ေသဆုံး
DVB
အေမရိကန္ႏိုင္ငံ အိုဟိုင္းယိုးနဲ႔ တကၠဆက္ျပည္နယ္ေတြမွာ ၾသဂုတ္ ၄ ရက္ တေန႔တည္း ေသနတ္ပစ္ခတ္မႈ ၂ ခု ျဖစ္ခဲ့ၿပီး လူ ၂၉ ေယာက္ ေသဆုံးခဲ့ပါတယ္။
အိုဟိုင္းယိုးျပည္နယ္ ေဒတန္ၿမိဳ႕မွာ ေသနတ္သမားတေယာက္က လူအုပ္ထဲ ပစ္ခတ္တဲ့အတြက္ ေသနတ္သမားရဲ႕ ညီမျဖစ္သူ အပါအဝင္ လူ ၉ ေယာက္ ေသဆုံးၿပီး ၂၇ ေယာက္ထက္မနည္း ဒဏ္ရာရခဲ့ပါတယ္။
ေသနတ္ပစ္တဲ့ ေနရာအနီးမွာ ကင္းလွည့္ေနတဲ့ ရဲတပ္ဖြဲ႕ဝင္ေတြက အခင္းေနရာကို မိနစ္ပိုင္းအတြင္း ေရာက္လာခဲ့ၿပီး အဲဒီေသနတ္သမားကို ပစ္သတ္ခဲ့ပါတယ္။
ရဲတပ္ဖြဲ႕ ေျပာၾကားခ်က္အရ ေသနတ္သမားဟာ အသက္ ၂၄ ႏွစ္အ႐ြယ္ လူျဖဴတဦးျဖစ္ၿပီး ဘဲလ္ဘ႐ြခ္ၿမိဳ႕က ျဖစ္တယ္လို႔ သိရပါတယ္။
အဲဒီေနာက္ ၁၃ နာရီအၾကာ တကၠဆက္ျပည္နယ္ နယ္စပ္ အယ္ပါဆိုနဲ႔ မိုင္ခ်ီေဝးတဲ့ Walmart ေရွာ့ပင္းေမာလ္မွာ အသက္ ၂၁ ႏွစ္အ႐ြယ္ လူျဖဴလူ႐ြယ္တဦး ပစ္ခတ္တဲ့အတြက္ လူအေယာက္ ၂၀ ေသဆုံးၿပီး အမ်ားအျပား ဒဏ္ရာရခဲ့ပါတယ္။
တကၠဆက္ျပည္နယ္ အုပ္ခ်ဳပ္ေရးမႉးက ဒီသတ္ျဖတ္မႈဟာ အမုန္းေၾကာင့္ က်ဴးလြန္တဲ့ ျပစ္မႈ ျဖစ္ပုံရတယ္လို႔ ေျပာခဲ့ပါတယ္။
ရဲတပ္ဖြဲ႕က ေသနတ္သမားကို ထိန္းသိမ္းထားၿပီး ဒီသတ္ျဖတ္မႈဟာ လူမ်ိဳးေရးအရ လႈံ႕ေဆာ္တာျဖစ္တယ္လို႔ ေသနတ္သမားရဲ႕ ေၾကညာစာတမ္းကို ကိုးကားၿပီး ရဲတပ္ဖြဲ႕က ေျပာခဲ့ပါတယ္။
အဲဒီေနာက္ ဒီပစ္ခတ္မႈကို ျပည္တြင္းအၾကမ္းဖက္မႈအျဖစ္ သတ္မွတ္ၿပီး ေသနတ္ပစ္မႈ ျဖစ္ရာေနရာကို ရဲတပ္ဖြဲ႕၊ ျပည္နယ္တပ္ဖြဲ႕၊ အမိေျမလုံၿခဳံေရး တပ္ဖြဲ႕ေတြနဲ႔ နယ္စပ္လုံၿခဳံေရး တပ္ဖြဲ႕ေတြ ေစလႊတ္ခဲ့ပါတယ္။