Home
မြန်မာသတင်း
မီတာခကြွေးကျန် မြင့်တက်သွား၍ တောင်ဒဂုံတွင် နေထိုင်သူများ အခက်အခဲဖြစ်နေ
စိုးမိုးအောင်
·
August 5, 2019
မီတာခမတက်ခင် မီတာခကြွေးကျန်တွေမြင့်တက်သွားလို့ အခက်အခဲဖြစ်နေကြတယ်လို့ တောင်ဒဂုံမြို့နယ်မှာ နေထိုင်သူတွေက ပြောပါတယ်။ မီးတာခတိုးကောက်မယ်လို့ သတင်းထုတ်ပြန်ထားပြီးနောက် အခုလအတွင်း ကောက်ခံတဲ့ ငွေတောင်းခံလွှာမှာ အရင်ဈေးနှုန်းအတိုင်းရေးထားပေမယ့် အကြွေးကျန်တွေဟာ အရင်ထက် ဆယ်ဆကျော်မြင့်သွားတာကြောင့် အခက်အခဲတွေဖြစ်နေတယ်လို့ ရန်ကုန်တိုင်း တောင်ဒဂုံမြို့နယ် ၂၂ ရပ်ကွက်မှာ နေထိုင်သူ ဦးလှဌေးက ပြောပါတယ်။ အစိုးရကနေ လျှပ်စစ်မီတာခနှုန်းထားတွေကို တိုးမြှင့်ကောက်ခံတဲ့ တချိန်တည်းမှာပဲ ကုန်ဈေးနှုန်းတွေ တက်လာလို့ ပြည်သူတွေကြားမှာ လျှပ်စစ်ဓာတ်အားချွေတာသုံးစွဲနေရပါတယ်။  တောင်ဒဂုံ ၂၂ ရပ်ကွက်က နေအိမ်တချို့မှာ မီတာခမတိုးခင်အကြွေးကျန်တွေဟာ ပိုပြီးများနေတယ်လို့ ဦးစိန်မြင့်က ပြောပါတယ်။ လျှပ်စစ်ဓာတ်အားခတက်တာဟာ တိုင်းပြည်အတွက်အခြေခံကုန်ဈေးနှုန်း အပါအဝင်တခြား အကျိုးသက်ရောက်မှုတွေ များစွာရှိတာကို အစိုးရအဖွဲ့ဝင်တွေက ဖာထေးပြောဆိုတာတွေကလည်း မဖြစ်သင့်ဘူးလို့ လျှပ်စစ်နဲ့အီလက်ထရောနစ်လုပ်ငန်းရှင်အသင်း ဥက္ကဋ္ဌ ဦးမြင့်ဇော်က ပြောပါတယ်။ လျှပ်စစ်ဓာတ်အားခ တိုးမြှင့်လိုက်တာကြောင့် ကုန်ဈေးနှုန်း မြင့်မားလာမှာမဟုတ်ဘဲ လျှပ်စစ်မီးပုံမှန်ရပါက နောက်ပိုင်းမှာ တည်တည်ငြိမ်ငြိမ်နဲ့ ပိုတိုးတက်လာလိမ့်မယ်လို့ ရန်ကုန်တိုင်း ဝန်ကြီးချုပ်က ပြောဆိုထားပါတယ်။  လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအနေနဲ့ လျှပ်စစ်ဓာတ်အားခနှုန်းထားတွေကို  ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ၊ ၁ ရက်နေ့ကစပြီး ပြင်ဆင်သတ်မှတ်ထားပါတယ်။ အခု ပြင်ဆင်လိုက်တဲ့ နှုန်းထားဟာ အရင်ကထက် ၂ ဆ ပိုများပါတယ်။
မီတာခေႂကြးက်န္ ျမင့္တက္သြား၍ ေတာင္ဒဂုံတြင္ ေနထိုင္သူမ်ား အခက္အခဲျဖစ္ေန စိုးမိုးေအာင္ မီတာခမတက္ခင္ မီတာခေႂကြးက်န္ေတြျမင့္တက္သြားလို႔ အခက္အခဲျဖစ္ေနၾကတယ္လို႔ ေတာင္ဂုံၿမိဳ႕နယ္မွာ ေနထိုင္သူေတြက ေျပာပါတယ္။ မီးတာခတိုးေကာက္မယ္လို႔ သတင္းထုတ္ျပန္ထားၿပီးေနာက္ အခုလအတြင္း ေကာက္ခံတဲ့ ေငြေတာင္းခံလႊာမွာ အရင္ေဈးႏႈန္းအတိုင္းေရးထားေပမယ့္ အေႂကြးက်န္ေတြဟာ အရင္ထက္ ဆယ္ဆေက်ာ္ျမင့္သြားတာေၾကာင့္ အခက္အခဲေတြျဖစ္ေနတယ္လို႔ ရန္ကုန္တိုင္း ေတာင္ဒဂုံၿမိဳ႕နယ္ ၂၂ ရပ္ကြက္မွာ ေနထိုင္သူ ဦးလွေဌးက ေျပာပါတယ္။ အစိုးရကေန လွ်ပ္စစ္မီတာခႏႈန္းထားေတြကို တိုးျမႇင့္ေကာက္ခံတဲ့ တခ်ိန္တည္းမွာပဲ ကုန္ေဈးႏႈန္းေတြ တက္လာလို႔ ျပည္သူေတြၾကားမွာ လွ်ပ္စစ္ဓာတ္အားေခြၽတာသုံးစြဲေနရပါတယ္။ ေတာင္ဒဂုံ ၂၂ ရပ္ကြက္က ေနအိမ္တခ်ိဳ႕မွာ မီတာခမတိုးခင္အေႂကြးက်န္ေတြဟာ ပိုၿပီးမ်ားေနတယ္လို႔ ဦးစိန္ျမင့္က ေျပာပါတယ္။ လွ်ပ္စစ္ဓာတ္အားခတက္တာဟာ တိုင္းျပည္အတြက္အေျခခံကုန္ေဈးႏႈန္း အပါအဝင္တျခား အက်ိဳးသက္ေရာက္မႈေတြ မ်ားစြာရွိတာကို အစိုးရအဖြဲ႕ဝင္ေတြက ဖာေထးေျပာဆိုတာေတြကလည္း မျဖစ္သင့္ဘူးလို႔ လွ်ပ္စစ္နဲ႔အီလက္ထေရာနစ္လုပ္ငန္းရွင္အသင္း ဥကၠ႒ ဦးျမင့္ေဇာ္က ေျပာပါတယ္။ လွ်ပ္စစ္ဓာတ္အားခ တိုးျမႇင့္လိုက္တာေၾကာင့္ ကုန္ေဈးႏႈန္း ျမင့္မားလာမွာမဟုတ္ဘဲ လွ်ပ္စစ္မီးပုံမွန္ရပါက ေနာက္ပိုင္းမွာ တည္တည္ၿငိမ္ၿငိမ္နဲ႔ ပိုတိုးတက္လာလိမ့္မယ္လို႔ ရန္ကုန္တိုင္း ဝန္ႀကီးခ်ဳပ္က ေျပာဆိုထားပါတယ္။ လွ်ပ္စစ္ႏွင့္ စြမ္းအင္ဝန္ႀကီးဌာနအေနနဲ႔ လွ်ပ္စစ္ဓာတ္အားခႏႈန္းထားေတြကို ၂၀၁၉ ခုႏွစ္၊ ဇူလိုင္လ၊ ၁ ရက္ေန႔ကစၿပီး ျပင္ဆင္သတ္မွတ္ထားပါတယ္။ အခု ျပင္ဆင္လိုက္တဲ့ ႏႈန္းထားဟာ အရင္ကထက္ ၂ ဆ ပိုမ်ားပါတယ္။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024