ရေးမြို့နယ်တွင် လေပြင်းကြောင့် သစ်ပင်ပိမိ၍ ၁ ဦးသေ၊ ၂ ဦး ဒဏ်ရာရ

မွန်ပြည်နယ် ရေးမြို့နယ်အတွင်း သြဂုတ် ၄ ရက်နေ့က မိုးသက်လေပြင်း တိုက်ခတ်တာကြောင့် လူနေအိမ်အချို့ ပျက်စီးခဲ့ပြီး လူ ၁ ဦးသေဆုံး၊ ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ မြို့နယ်သဘာဝဘေး စီမံခန့်ခွဲရေးကော်မတီက သိရပါတယ်။ လေပြင်းကြောင့် ဟံဂံ၊ ကုလားကုတ်၊ ကျောင်းမိချောင်းတောင်၊ ဇီးဖြူသောင်၊ ကျောင်းရွာ ကျေးရွာအုပ်စု၊ စော်ကဲကျေးရွာအပါဝင် ရွာပေါင်း ၅ ရွာမှ လူနေအိမ်အချို့ ပျက်စီးခဲ့ပြီး သစ်ပင်တွေလည်း ပြိုလဲခဲ့တယ်လို့ မြို့နယ်တာဝန်ရှိသူတဦးက ပြောပါတယ်။ သစ်ပင်ပြိုလဲပိမိတာကြောင့် ကျောက်မိချောင်းတောင်ကျေးရွာက အသက် ၃၈ နှစ်အရွယ် အမျိုးသမီးတဦး  သေဆုံးခဲ့ပြီး ၂ ဦး ဒဏ်ရာရခဲ့တာပါ။ ပင်လယ်ကမ်းစပ်က နေအိမ်ပေါင်း ၃၈ လုံးလောက်လည်း လေပြင်းဒဏ်ခံခဲ့ရပါတယ်။ နေအိမ်ပျက်စီးဆုံးရှုံးမှု တန်ဖိုး ကျပ်သိန်း ၆၀ နီးပါးလောက်ရှိပါတယ်။  အိမ်ထောင်စု ၄၇ စုမှ လူဦးရေ ၂၀၀ လောက် လေဘေးဒဏ်ခံခဲ့ရကာ တိရစ္ဆာန်ထိခိုက်သ သေဆုံးတာတော့ မရှိဘူးလို့ သိရပါတယ်။ ထိခိုက်ပျက်စီးခံရတဲ့ လူနေအိမ်တွေကို မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးက ငွေနဲ့ ၁ ပတ်စာဆန်တွေ အိမ်ထောင်စုအလိုက် ပံ့ပိုးပေးသွားမှာဖြစ်ပြီး ယာယီရွှေ့ပြောင်းထားကာ ကူညီစောင့်ရှောက်ထားတယ်လို့ ဆိုပါတယ်။ နေမျိုးထွဋ် (ရေး)
ေရးၿမိဳ႕နယ္တြင္ ေလျပင္းေၾကာင့္ သစ္ပင္ပိမိ၍ ၁ ဦးေသ၊ ၂ ဦး ဒဏ္ရာရ DVB မြန္ျပည္နယ္ ေရးၿမိဳ႕နယ္အတြင္း ၾသဂုတ္ ၄ ရက္ေန႔က မိုးသက္ေလျပင္း တိုက္ခတ္တာေၾကာင့္ လူေနအိမ္အခ်ိဳ႕ ပ်က္စီးခဲ့ၿပီး လူ ၁ ဦးေသဆုံး၊ ၂ ဦး ဒဏ္ရာရခဲ့တယ္လို႔ ၿမိဳ႕နယ္သဘာဝေဘး စီမံခန႔္ခြဲေရးေကာ္မတီက သိရပါတယ္။ ေလျပင္းေၾကာင့္ ဟံဂံ၊ ကုလားကုတ္၊ ေက်ာင္းမိေခ်ာင္းေတာင္၊ ဇီးျဖဴေသာင္၊ ေက်ာင္း႐ြာ ေက်း႐ြာအုပ္စု၊ ေစာ္ကဲေက်း႐ြာအပါဝင္ ႐ြာေပါင္း ၅ ႐ြာမွ လူေနအိမ္အခ်ိဳ႕ ပ်က္စီးခဲ့ၿပီး သစ္ပင္ေတြလည္း ၿပိဳလဲခဲ့တယ္လို႔ ၿမိဳ႕နယ္တာဝန္ရွိသူတဦးက ေျပာပါတယ္။ သစ္ပင္ၿပိဳလဲပိမိတာေၾကာင့္ ေက်ာက္မိေခ်ာင္းေတာင္ေက်း႐ြာက အသက္ ၃၈ ႏွစ္အ႐ြယ္ အမ်ိဳးသမီးတဦး  ေသဆုံးခဲ့ၿပီး ၂ ဦး ဒဏ္ရာရခဲ့တာပါ။ ပင္လယ္ကမ္းစပ္က ေနအိမ္ေပါင္း ၃၈ လုံးေလာက္လည္း ေလျပင္းဒဏ္ခံခဲ့ရပါတယ္။ ေနအိမ္ပ်က္စီးဆုံးရႈံးမႈ တန္ဖိုး က်ပ္သိန္း ၆၀ နီးပါးေလာက္ရွိပါတယ္။ အိမ္ေထာင္စု ၄၇ စုမွ လူဦးေရ ၂၀၀ ေလာက္ ေလေဘးဒဏ္ခံခဲ့ရကာ တိရစာၦန္ထိခိုက္သ ေသဆုံးတာေတာ့ မရွိဘူးလို႔ သိရပါတယ္။ ထိခိုက္ပ်က္စီးခံရတဲ့ လူေနအိမ္ေတြကို ၿမိဳ႕နယ္သဘာဝေဘးအႏၲရာယ္စီမံခန႔္ခြဲေရးက ေငြနဲ႔ ၁ ပတ္စာဆန္ေတြ အိမ္ေထာင္စုအလိုက္ ပံ့ပိုးေပးသြားမွာျဖစ္ၿပီး ယာယီေ႐ႊ႕ေျပာင္းထားကာ ကူညီေစာင့္ေရွာက္ထားတယ္လို႔ ဆိုပါတယ္။ ေနမ်ိဳးထြဋ္ (ေရး)

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up