ဟောင်ကောင်တွင် ဆန္ဒပြသူများကို ရဲတပ်ဖွဲ့က မျက်ရည်ယိုဓာတ်ငွေ့သုံး လူစုခွဲ

ဟောင်ကောင်မှာ သြဂုတ် ၄ ရက်က ရာနဲ့ချီတဲ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က မျက်ရည်ယိုဓာတ်ငွေ့သုံး လူစုခွဲခဲ့ပါတယ်။
ဈေးဝယ်အရပ်ဖြစ်တဲ့ ကော့စ်ဝေးဘေးလ်မှာ အဓိကရုဏ်း ရဲတပ်ဖွဲ့ဝင်တွေနဲ့ ဆန္ဒပြသူတွေ ထိပ်တိုက်တွေ့ခဲ့ပါတယ်။
ဆန္ဒပြသူတွေဟာ လျှပ်တပြက် နည်းပရိယာယ်တွေသုံးပြီး အဖမ်းမခံရအောင် တနေရာက တနေရာကို အလျင်အမြန် ပြောင်းရွှေ့ ဆန္ဒပြကြပါတယ်။
အဲဒီလိုပဲ အစိုးရဆန့်ကျင်ရေးသမားတွေက Telegram တို့လို အွန်လိုင်းပလက်ဖောင်းတွေကိုသုံးပြီး ရာနဲ့ချီတဲ့လူတွေကို ညွှန်ကြားကြတာပါ။
လူငယ်တွေဟာ ဆန္ဒပြပွဲတွေရဲ့ ရှေ့ဆုံးမှာ ပါဝင်နေပြီး သူတို့က လူနေမှုစရိတ်မြင့်မားမှုနဲ့ လူချမ်းသာတွေကို မျက်နှာလိုက်တယ်လို့ မြင်ကြတဲ့ အိမ်ရာမူဝါဒတွေ အပါအဝင် ပြဿနာ အတော်များများအပေါ် ဒေါသထွက်နေကြပါတယ်။
တရုတ်အစိုးရရဲ့ တနိုင်ငံ စနစ်နှစ်မျိုးနဲ့ သွားနေတဲ့ ဟောင်ကောင်မှာ ပြီးခဲ့တဲ့ လအနည်းငယ်က ပြစ်မှုကျူးလွန်သူတွေကို တရုတ်ပြည်မကြီးထံ လွှဲပြောင်းမယ်ဆိုတဲ့ ဥပဒေကြမ်းကြောင့် ဆန္ဒပြပွဲတွေ စတင်ပေါ်ပေါက်ခဲ့ပါတယ်။
Zawgyi Version
ေဟာင္ေကာင္တြင္ ဆႏၵျပသူမ်ားကို ရဲတပ္ဖြဲ႔က မ်က္ရည္ယိုဓာတ္ေငြ႔သုံး လူစုခြဲ
DVB
ေဟာင္ေကာင္မွာ ၾသဂုတ္ ၄ ရက္က ရာနဲ႔ခ်ီတဲ့ အစိုးရဆန႔္က်င္ေရး ဆႏၵျပသူေတြကို ရဲတပ္ဖြဲ႔က မ်က္ရည္ယိုဓာတ္ေငြ႔သုံး လူစုခြဲခဲ့ပါတယ္။
ေဈးဝယ္အရပ္ျဖစ္တဲ့ ေကာ့စ္ေဝးေဘးလ္မွာ အဓိက႐ုဏ္း ရဲတပ္ဖြဲ႔ဝင္ေတြနဲ႔ ဆႏၵျပသူေတြ ထိပ္တိုက္ေတြ႔ခဲ့ပါတယ္။
ဆႏၵျပသူေတြဟာ လွ်ပ္တျပက္ နည္းပရိယာယ္ေတြသုံးၿပီး အဖမ္းမခံရေအာင္ တေနရာက တေနရာကို အလ်င္အျမန္ ေျပာင္းေရႊ႕ ဆႏၵျပၾကပါတယ္။
အဲဒီလိုပဲ အစိုးရဆန႔္က်င္ေရးသမားေတြက Telegram တို႔လို အြန္လိုင္းပလက္ေဖာင္းေတြကိုသုံးၿပီး ရာနဲ႔ခ်ီတဲ့လူေတြကို ၫႊန္ၾကားၾကတာပါ။
လူငယ္ေတြဟာ ဆႏၵျပပြဲေတြရဲ႕ ေရွ႕ဆုံးမွာ ပါဝင္ေနၿပီး သူတို႔က လူေနမႈစရိတ္ျမင့္မားမႈနဲ႔ လူခ်မ္းသာေတြကို မ်က္ႏွာလိုက္တယ္လို႔ ျမင္ၾကတဲ့ အိမ္ရာမူဝါဒေတြ အပါအဝင္ ျပႆနာ အေတာ္မ်ားမ်ားအေပၚ ေဒါသထြက္ေနၾကပါတယ္။
တ႐ုတ္အစိုးရရဲဲ့ တႏိုင္ငံ စနစ္ႏွစ္မ်ဳိးနဲ႔ သြားေနတဲ့ ေဟာင္ေကာင္မွာ ၿပီးခဲ့တဲ့ လအနည္းငယ္က ျပစ္မႈက်ဴးလြန္သူေတြကို တ႐ုတ္ျပည္မႀကီးထံ လႊဲေျပာင္းမယ္ဆိုတဲ့ ဥပေဒၾကမ္းေၾကာင့္ ဆႏၵျပပြဲေတြ စတင္ေပၚေပါက္ခဲ့ပါတယ္။