မက်ဆီကို နိုင်ငံတကာပွဲ ကစားခွင့် သုံးလပိတ်ပင်

ကိုပါအမေရိကန် ပြိုင်ပွဲတွင် အကျင့်ပျက်ခြစားမှုများရှိနေတယ်ဆိုတဲ့ပြောဆိုမှုကြောင့် အာဂျင်တီးနား အသင်းခေါင်းဆောင် လီယွန်နယ်မက်ဆီကို နိုင်ငံတကာ ပွဲကစားခွင့်သုံး လပိတ်ပင်ခဲ့တယ်လို့ သိရပါတယ်။
အသက် ၃၂ နှစ်အရွယ်ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီဟာ အာဂျင်တီးနားအသင်းက ချီလီအသင်းကို အနိုင်ရရှိခဲ့တဲ့ ကိုပါအမေရိကဖလား တတိယလုပွဲမှာ ပြိုင်ပွဲကနေ ထုတ်ပယ်ခံခဲ့ရပြီး “ဒီပြိုင်ပွဲဟာ ဘရာဇီးလ် အသင်းကို မနိုင်နိုင်အောင် စီစဉ်ပေးထားတာ” လို့နောက်ပိုင်းမှာ ပြောဆိုခဲ့ပါတယ်။
ဒီလုပ်ရပ်တွေကြောင့် သူ့ကို တောင်အမေရိကဘောလုံးအဖွဲ့ချုပ် Conmebol က ဒဏ်ငွေ ဒေါ်လာ ၅၀၀၀၀ လည်း ချမှတ်ခဲ့ပါတယ်။
မက်စီဟာ ဒီပြစ်ဒဏ်တွေအတွက် ခုနှစ်ရက်အတွင်း အယူခံဝင်ရမှာလည်း ဖြစ်ပါတယ်။ ပြစ်ဒဏ်ချမှတ်ခံရတာကြောင့် မက်ဆီဟာ စက်တင်ဘာနဲ့အောက်တိုဘာလတွေမှာကစားမယ့် အာဂျင်တီးနားအသင်းရဲ့ ချီလီ၊ မက္ကဆီကို၊ ဂျာမနီတို့နဲ့ ချစ်ကြည်ရေးပွဲစဉ်တွေကို လွဲချော်တော့မှာ ဖြစ်ပါတယ်။
ချီလီအသင်းနဲ့ ပွဲစဉ်မှာမက်ဆီဟာ ပြိုင် ဘက်ကစားသမား ဂါရီမီဒယ်နဲ့ ပဋိပက္ခဖြစ်ပွားခဲ့ပြီး ၃၇ မိနစ်မှာ အနီကတ်ပြခံခဲ့ရပါတယ်။ “ကျနော်တို့ ဒီလုပ်ဇာတ်ကြီးရဲ့ အစိတ်အပိုင်းအဖြစ် မခံနိုင်ပါဘူး။
ပွဲစဉ်တလျောက်လုံးသူတို့ဟာ ကျွန်တော်တို့ကို လေးစား မှုကင်းမဲ့ကြောင်းပြသခဲ့ပါတယ်။ ဝမ်းနည်းစရာကောင်းတာကတော့ ဒီလုပ်ဇာတ်တွေနဲ့ ဒိုင်လူကြီးတွေဟာ ဘောလုံးပွဲတွေရဲ့ ရသကိုဖျက်ဆီးပစ်ခဲ့ပါတယ်” လို့မက်ဆီကပြောဆိုခဲ့ပါတယ်။
အာဂျင်တီးနား ဘောလုံးအဖွဲ့ချုပ်ဟာလည်း ဒီပြိုင်ပွဲမှာ ဒိုင်လူကြီးတွေရဲ့ ဆိုးဆိုးရွားရွားအမှားတွေ ရှိနေတယ်လို့ ဆီမီးဖိုင်နယ်အဆင့်မှာ ဘရာဇီးအသင်းကို ရှုံးနိမ့်ခဲ့ပြီးနောက် ပြောဆိုခဲ့ပါတယ်။
Zawgyi Version
မက္ဆီကို ႏိုင္ငံတကာပြဲ ကစားခြင့္ သုံးလပိတ္ပင္
DVB
ကိုပါအေမရိကန္ ၿပိဳင္ပြဲတြင္ အက်င့္ပ်က္ျခစားမႈမ်ားရွိေနတယ္ဆိုတဲ့ေျပာဆိုမႈေၾကာင့္ အာဂ်င္တီးနား အသင္းေခါင္းေဆာင္ လီယြန္နယ္မက္ဆီကို ႏိုင္ငံတကာ ပြဲကစားခြင့္သုံး လပိတ္ပင္ခဲ့တယ္လို႔ သိရပါတယ္။
အသက္ ၃၂ ႏွစ္အ႐ြယ္ဘာစီလိုနာ တိုက္စစ္မႉး မက္ဆီဟာ အာဂ်င္တီးနားအသင္းက ခ်ီလီအသင္းကို အႏိုင္ရရွိခဲ့တဲ့ ကိုပါအေမရိကဖလား တတိယလုပြဲမွာ ၿပိဳင္ပြဲကေန ထုတ္ပယ္ခံခဲ့ရၿပီး “ဒီၿပိဳင္ပြဲဟာ ဘရာဇီးလ္ အသင္းကို မႏိုင္ႏိုင္ေအာင္ စီစဥ္ေပးထားတာ” လို႔ေနာက္ပိုင္းမွာ ေျပာဆိုခဲ့ပါတယ္။
ဒီလုပ္ရပ္ေတြေၾကာင့္ သူ႔ကို ေတာင္အေမရိကေဘာလုံးအဖြဲ႕ခ်ဳပ္ Conmebol က ဒဏ္ေငြ ေဒၚလာ ၅၀၀၀၀ လည္း ခ်မွတ္ခဲ့ပါတယ္။
မက္စီဟာ ဒီျပစ္ဒဏ္ေတြအတြက္ ခုႏွစ္ရက္အတြင္း အယူခံဝင္ရမွာလည္း ျဖစ္ပါတယ္။ ျပစ္ဒဏ္ခ်မွတ္ခံရတာေၾကာင့္ မက္ဆီဟာ စက္တင္ဘာနဲ႔ေအာက္တိုဘာလေတြမွာကစားမယ့္ အာဂ်င္တီးနားအသင္းရဲ႕ ခ်ီလီ၊ မကၠဆီကို၊ ဂ်ာမနီတို႔နဲ႔ ခ်စ္ၾကည္ေရးပြဲစဥ္ေတြကို လြဲေခ်ာ္ေတာ့မွာ ျဖစ္ပါတယ္။
ခ်ီလီအသင္းနဲ႔ ပြဲစဥ္မွာမက္ဆီဟာ ၿပိဳင္ ဘက္ကစားသမား ဂါရီမီဒယ္နဲ႔ ပဋိပကၡျဖစ္ပြားခဲ့ၿပီး ၃၇ မိနစ္မွာ အနီကတ္ျပခံခဲ့ရပါတယ္။ “က်ေနာ္တို႔ ဒီလုပ္ဇာတ္ႀကီးရဲ႕ အစိတ္အပိုင္းအျဖစ္ မခံႏိုင္ပါဘူး။
ပြဲစဥ္တေလ်ာက္လုံးသူတို႔ဟာ ကြၽန္ေတာ္တို႔ကို ေလးစား မႈကင္းမဲ့ေၾကာင္းျပသခဲ့ပါတယ္။ ဝမ္းနည္းစရာေကာင္းတာကေတာ့ ဒီလုပ္ဇာတ္ေတြနဲ႔ ဒိုင္လူႀကီးေတြဟာ ေဘာလုံးပြဲေတြရဲ႕ ရသကိုဖ်က္ဆီးပစ္ခဲ့ပါတယ္” လို႔မက္ဆီကေျပာဆိုခဲ့ပါတယ္။
အာဂ်င္တီးနား ေဘာလုံးအဖြဲ႕ခ်ဳပ္ဟာလည္း ဒီၿပိဳင္ပြဲမွာ ဒိုင္လူႀကီးေတြရဲ႕ ဆိုးဆိုး႐ြား႐ြားအမွားေတြ ရွိေနတယ္လို႔ ဆီမီးဖိုင္နယ္အဆင့္မွာ ဘရာဇီးအသင္းကို ရႈံးနိမ့္ခဲ့ၿပီးေနာက္ ေျပာဆိုခဲ့ပါတယ္။