Homeမြန်မာသတင်း
ကုန်းတွင်း မုန်တိုင်းငယ်အရှိန်ကြောင့် မိုးကြီးလေပြင်းတိုက်နိုင်၊ မြေပြိုမှုအန္တရာယ် မိုးဇလ သတိပေး

DVB
·
August 4, 2019
လာအိုနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ကုန်းတွင်း မုန်တိုင်းငယ် အရှိန်ကြောင့် မြန်မာနိုင်ငံ ပြည်နယ်နဲ့ တိုင်းအချို့ မိုးကြီးပြီး လေပြင်းတိုက်တာတွေ ဖြစ်ပေါ်နိုင်တယ်လို့ မိုးဇလက ဒီနေ့ မွန်းလွဲပိုင်း ထုတ်ပြန်ပါတယ်။
အပူပိုင်းမုန်တိုင်း "ဝီဖာ" (Wipha) ဟာ ကုန်းတွင်း မုန်တိုင်းငယ်အဖြစ် လာအိုနိုင်ငံပေါ်မှာ ဆက်လက်တည်ရှိနေကာ အနောက်-အနောက်တောင်ဘက်ကို ဖြည်းညင်းစွာ ရွေ့လျားလျက်ရှိပြီး အားလျော့သွားမည်ဟု ခန့်မှန်းထားပါတယ်။
အဆိုပါကုန်းတွင်းမုန်တိုင်းငယ်ရဲ့ အရှိန်ကြောင့် ဒီနေ့ နေ့လယ်မှ နောက် ၄၈ နာရီအတွင်း ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ရှမ်း၊ ရခိုင်၊ ကယား၊ ကရင်နဲ့ မွန်ပြည်နယ်တို့မှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးခြင်းများနှင့်အတူ လေပြင်းတိုက်ခတ်တာတွေ ဖြစ်ပေါ်နိုင်ပါတယ်။
မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ မကြာခဏ မိုးသက်လေပြင်းများ ကျရောက်ပြီး၊ လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးနိုင်ပါတယ်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေဟာ တစ်နာရီလျှင် မိုင် ၄၀ မှ ၄၅ မိုင်အထိ တိုက်ခတ်နိုင်ပါတယ်။ လှိုင်းအမြင့်မှာ ၁၀ ပေမှ ၁၅ ပေလောက် ရှိနိုင်ပါတယ်။
လေပြင်းတိုက်ခတ်ခြင်းနဲ့အတူ မိုးသည်းထန်စွာ ရွာသွန်းခြင်းတို့ကြောင့် လျှပ်တစ်ပြက်ရေကြီးခြင်း၊ မြေပြိုခြင်းများ ပေါ်နိုင်တာကြောင့် ကုန်းမြင့်ဒေသအနီး နေထိုင်ကြသူတွေ မြေပြိုမှုအန္တရာယ်နဲ့ မြစ်ငယ်၊ ချောင်းငယ်များ အနီးမှာ နေထိုင်ကြသူတွေ ရေကြီး၊ ရေလျှံမှုတွေ ဖြစ်ပေါ်နိုင်တာကြောင့် ကြိုတင် သတိပြုနေထိုင်ကြဖို့ မိုးဇလက အကြံပြုထားပါတယ်။
ကုန္းတြင္း မုန္တိုင္းငယ္အရွိန္ေၾကာင့္ မိုးႀကီးေလျပင္းတိုက္ႏိုင္၊ ေျမၿပိဳမႈအႏၲရာယ္ မိုးဇလ သတိေပး DVB လာအိုႏိုင္ငံမွာ ျဖစ္ေပၚေနတဲ့ ကုန္းတြင္း မုန္တိုင္းငယ္ အရွိန္ေၾကာင့္ ျမန္မာႏိုင္ငံ ျပည္နယ္နဲ႔ တိုင္းအခ်ိဳ႕ မိုးႀကီးၿပီး ေလျပင္းတိုက္တာေတြ ျဖစ္ေပၚႏိုင္တယ္လို႔ မိုးဇလက ဒီေန႔ မြန္းလြဲပိုင္း ထုတ္ျပန္ပါတယ္။ အပူပိုင္းမုန္တိုင္း "ဝီဖာ" (Wipha) ဟာ ကုန္းတြင္း မုန္တိုင္းငယ္အျဖစ္ လာအိုႏိုင္ငံေပၚမွာ ဆက္လက္တည္ရွိေနကာ အေနာက္-အေနာက္ေတာင္ဘက္ကို ျဖည္းညင္းစြာ ေ႐ြ႕လ်ားလ်က္ရွိၿပီး အားေလ်ာ့သြားမည္ဟု ခန႔္မွန္းထားပါတယ္။ အဆိုပါကုန္းတြင္းမုန္တိုင္းငယ္ရဲ႕ အရွိန္ေၾကာင့္ ဒီေန႔ ေန႔လယ္မွ ေနာက္ ၄၈ နာရီအတြင္း ပဲခူးတိုင္း၊ ရန္ကုန္တိုင္း၊ ဧရာဝတီတိုင္း၊ တနသၤာရီတိုင္း၊ ရွမ္း၊ ရခိုင္၊ ကယား၊ ကရင္နဲ႔ မြန္ျပည္နယ္တို႔မွာ ေနရာအႏွံ႔အျပား မိုးထစ္ခ်ဳန္း႐ြာၿပီး၊ ေဒသအလိုက္ႏွင့္ ေနရာကြက္၍ မိုးႀကီးျခင္းမ်ားႏွင့္အတူ ေလျပင္းတိုက္ခတ္တာေတြ ျဖစ္ေပၚႏိုင္ပါတယ္။ ျမန္မာ့ကမ္း႐ိုးတန္းတစ္ေလွ်ာက္နဲ႔ ကမ္းလြန္ပင္လယ္ျပင္တို႔မွာ မၾကာခဏ မိုးသက္ေလျပင္းမ်ား က်ေရာက္ၿပီး၊ လႈိင္းႀကီးရာမွ လႈိင္းအလြန္ႀကီးႏိုင္ပါတယ္။ မိုးသက္ေလျပင္းက်စဥ္ ေရျပင္/ေျမျပင္ေလဟာ တစ္နာရီလွ်င္ မိုင္ ၄၀ မွ ၄၅ မိုင္အထိ တိုက္ခတ္ႏိုင္ပါတယ္။ လႈိင္းအျမင့္မွာ ၁၀ ေပမွ ၁၅ ေပေလာက္ ရွိႏိုင္ပါတယ္။ ေလျပင္းတိုက္ခတ္ျခင္းနဲ႔အတူ မိုးသည္းထန္စြာ ႐ြာသြန္းျခင္းတို႔ေၾကာင့္ လွ်ပ္တစ္ျပက္ေရႀကီးျခင္း၊ ေျမၿပိဳျခင္းမ်ား ေပၚႏိုင္တာေၾကာင့္ ကုန္းျမင့္ေဒသအနီး ေနထိုင္ၾကသူေတြ ေျမၿပိဳမႈအႏၲရာယ္နဲ႔ ျမစ္ငယ္၊ ေခ်ာင္းငယ္မ်ား အနီးမွာ ေနထိုင္ၾကသူေတြ ေရႀကီး၊ ေရလွ်ံမႈေတြ ျဖစ္ေပၚႏိုင္တာေၾကာင့္ ႀကိဳတင္ သတိျပဳေနထိုင္ၾကဖို႔ မိုးဇလက အႀကံျပဳထားပါတယ္။