Home
မြန်မာသတင်း
ဖွဲ့စည်းပုံပြင်ဆင်ရေး ဘားအံ လူထုထောက်ခံပွဲ အင်အား ၅၀၀၀ ခန့် တက်ရောက်
DVB
·
August 4, 2019
68307518_413996889460590_3107564269227474944_o
67623912_413996909460588_8946152569575571456_o
67580034_413996749460604_3988444804458479616_o
67479164_413996866127259_3096441257413574656_o
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး လူထုထောက်ခံပွဲနဲ့ ဟောပြောပွဲကို ကရင်ပြည်နယ်၊ ဘားအံမြို့၊ ကမ်းနားလမ်း၊ မြို့မဘောလုံးကွင်းဟောင်းနေရာမှာ သြဂုတ် ၄ ရက် မနက်ပိုင်းက ပြုလုပ်ခဲ့ပြီး လူဦးရေ ၅၀၀၀ လောက် တက်ရောက်ခဲ့ကြပါတယ်။ လူထုထောက်ခံပွဲနဲ့ ဟောပြောပွဲကို ကရင်ပြည်နယ်၊ မြို့နယ် ၇ မြို့နယ်က ဒေသခံပြည်သူအင်အား ၅၀၀၀ ခန့် တက်ရောက်ခဲ့ကြပါတယ်။ ရန်ကုန်မြို့၊ တရားလွှတ်တော်ရှေ့နေ၊ ဦးဒေါင်းမာန်ဟုန်က “အပြင်မှာဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ချင်တဲ့ အဖွဲ့ကတစ်ဖွဲ့၊ မပြင်ချင်ဘူးဆိုတဲ့အဖွဲ့ကတစ်ဖွဲ့ စိမ်ခေါ်ချင်တယ်။ မဲပုံးထောင်လိုက်။ လွှတ်တော်ထဲမပြင်နဲ့။ ပြင်မယ်ဆိုတဲ့ပုံး မပြင်ဘူးဆိုတဲ့ပုံး လွတ်လွတ်လပ်လပ်မဲပေးလိုက်။ စိမ်ခေါ်လိုက်မယ်။ အဲဒီလို လုပ်ရဲလား”လို့ ပြောပါတယ်။ ဘားအံမြို့၊ အမှတ် ၁ ကြာအင်းရပ်ကွက်၊ ဦးစောခင်မောင်စိုးက “အရင်တုန်းကတော့ သူတို့လိမ်မှန်းသိပေမယ့်လည်း အဲဒီတုန်းက ၂၀၀၈ အခြေခံဥပဒေကို မထိရဲ ဝေဖန်မရဲကြဘူး။ ကျနော်တို့ ခေါင်းငုံ့ပြီးခံခဲ့ရတာ။ အခု မပြင်မချင်းက ရှေ့ဆက်သွားဖို့ အဖုအထစ် ခလုတ်တံသင်းတွေ ဖြစ်နေမှာပဲ”လို့ ပြောပါတယ်။ ဘားအံမြို့၊ အမှတ် ၄ ရပ်ကွက်၊ ကိုစိုးစံမင်းက “ပြည်သူတွေရဲ့သဘောထားနဲ့ ပြန်ပြင်မယ်ဆိုရင် ၂၀၀၈ အခြေခံဥပဒေဟာ အာဏာရှင်တရပ်ရပ်ကဆွဲထားတ မဟုတ်ဘဲနဲ့ ပြည်သူတွေရေးဆွဲထားတဲ့ ဥပတေခုဖြစ်အောင် ကြိုးစားသင့်တယ်”လို့ ပြောပါတယ်။ လူထုထောက်ခံပွဲနဲ့ ဟောပြောပွဲမှာ ၂၀၀၅ အခြေခံ ဥပဒေပြင်င်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီ စနစ်ပေါ်ထွန်းရေး၊ ၄၅ ဦး ပူးပေါင်းကော်မတီ၏ အစီအရင်ခံစာကို ထောက်ခံရေး စတဲ့ကြွေးကြော်သံတွေ ကြွေးကြော်ခဲ့ကြပါတယ်။ တရားလွှတ်တော်ရှေ့နေ ဦးဒေါင်းမာန်ယုန်၊ နိုင်ငံကျော် တေးရေးဆရာ နိုင်မြန်မာတို့က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်တာနဲ့ ပတ်သက်ပြီး ပြင်ဆင်ရတဲ့အချက်တွေကို ရှင်းလင်း ဟောပြောခဲ့ကြပါတယ်။ လူထုထောက်ခံပွဲနဲ့ ဟောပြောပွဲကို ငြိမ်းစုစီတင်ပြခဲ့ရာမှာ လူဦးရေ ၃ သောင်း တင်ပြခဲ့ပေမယ့် ဟောပြောပွဲတက်ရောက်သူ ၅၀၀၀ ခန့်သာတက်ရောက်ခဲ့ကြပါတယ်။ ရဲမင်းခေါင်
ဖြဲ႕စည္းပုံျပင္ဆင္ေရး ဘားအံ လူထုေထာက္ခံပြဲ အင္အား ၅၀၀၀ ခန႔္ တက္ေရာက္ DVB ၂၀၀၈ ဖြဲ႕စည္းပုံ အေျခခံဥပေဒျပင္ဆင္ေရး လူထုေထာက္ခံပြဲနဲ႔ ေဟာေျပာပြဲကို ကရင္ျပည္နယ္၊ ဘားအံၿမိဳ႕၊ ကမ္းနားလမ္း၊ ၿမိဳ႕မေဘာလုံးကြင္းေဟာင္းေနရာမွာ ၾသဂုတ္ ၄ ရက္ မနက္ပိုင္းက ျပဳလုပ္ခဲ့ၿပီး လူဦးေရ ၅၀၀၀ ေလာက္ တက္ေရာက္ခဲ့ၾကပါတယ္။ လူထုေထာက္ခံပြဲနဲ႔ ေဟာေျပာပြဲကို ကရင္ျပည္နယ္၊ ၿမိဳ႕နယ္ ၇ ၿမိဳ႕နယ္က ေဒသခံျပည္သူအင္အား ၅၀၀၀ ခန႔္ တက္ေရာက္ခဲ့ၾကပါတယ္။ ရန္ကုန္ၿမိဳ႕၊ တရားလႊတ္ေတာ္ေရွ႕ေန၊ ဦးေဒါင္းမာန္ဟုန္က “အျပင္မွာဖြဲ႕စည္းပုံအေျခခံဥပေဒ ျပင္ခ်င္တဲ့ အဖြဲ႕ကတစ္ဖြဲ႕၊ မျပင္ခ်င္ဘူးဆိုတဲ့အဖြဲ႕ကတစ္ဖြဲ႕ စိမ္ေခၚခ်င္တယ္။ မဲပုံးေထာင္လိုက္။ လႊတ္ေတာ္ထဲမျပင္နဲ႔။ ျပင္မယ္ဆိုတဲ့ပုံး မျပင္ဘူးဆိုတဲ့ပုံး လြတ္လြတ္လပ္လပ္မဲေပးလိုက္။ စိမ္ေခၚလိုက္မယ္။ အဲဒီလို လုပ္ရဲလား”လို႔ ေျပာပါတယ္။ ဘားအံၿမိဳ႕၊ အမွတ္ ၁ ၾကာအင္းရပ္ကြက္၊ ဦးေစာခင္ေမာင္စိုးက “အရင္တုန္းကေတာ့ သူတို႔လိမ္မွန္းသိေပမယ့္လည္း အဲဒီတုန္းက ၂၀၀၈ အေျခခံဥပေဒကို မထိရဲ ေဝဖန္မရဲၾကဘူး။ က်ေနာ္တို႔ ေခါင္းငုံ႔ၿပီးခံခဲ့ရတာ။ အခု မျပင္မခ်င္းက ေရွ႕ဆက္သြားဖို႔ အဖုအထစ္ ခလုတ္တံသင္းေတြ ျဖစ္ေနမွာပဲ”လို႔ ေျပာပါတယ္။ ဘားအံၿမိဳ႕၊ အမွတ္ ၄ ရပ္ကြက္၊ ကိုစိုးစံမင္းက “ျပည္သူေတြရဲ႕သေဘာထားနဲ႔ ျပန္ျပင္မယ္ဆိုရင္ ၂၀၀၈ အေျခခံဥပေဒဟာ အာဏာရွင္တရပ္ရပ္ကဆြဲထားတ မဟုတ္ဘဲနဲ႔ ျပည္သူေတြေရးဆြဲထားတဲ့ ဥပေတခုျဖစ္ေအာင္ ႀကိဳးစားသင့္တယ္”လို႔ ေျပာပါတယ္။ လူထုေထာက္ခံပြဲနဲ႔ ေဟာေျပာပြဲမွာ ၂၀၀၅ အေျခခံ ဥပေဒျပင္င္ေရး၊ ဖက္ဒရယ္ဒီမိုကေရစီ စနစ္ေပၚထြန္းေရး၊ ၄၅ ဦး ပူးေပါင္းေကာ္မတီ၏ အစီအရင္ခံစာကို ေထာက္ခံေရး စတဲ့ေႂကြးေၾကာ္သံေတြ ေႂကြးေၾကာ္ခဲ့ၾကပါတယ္။ တရားလႊတ္ေတာ္ေရွ႕ေန ဦးေဒါင္းမာန္ယုန္၊ ႏိုင္ငံေက်ာ္ ေတးေရးဆရာ ႏိုင္ျမန္မာတို႔က ၂၀၀၈ ဖြဲ႕စည္းပုံအေျခခံဥပေဒ ျပင္ဆင္တာနဲ႔ ပတ္သက္ၿပီး ျပင္ဆင္ရတဲ့အခ်က္ေတြကို ရွင္းလင္း ေဟာေျပာခဲ့ၾကပါတယ္။ လူထုေထာက္ခံပြဲနဲ႔ ေဟာေျပာပြဲကို ၿငိမ္းစုစီတင္ျပခဲ့ရာမွာ လူဦးေရ ၃ ေသာင္း တင္ျပခဲ့ေပမယ့္ ေဟာေျပာပြဲတက္ေရာက္သူ ၅၀၀၀ ခန႔္သာတက္ေရာက္ခဲ့ၾကပါတယ္။ ရဲမင္းေခါင္
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024