A d v e r t i s e m e n t With Us

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးနှင့် ကာကွယ်ရေးဝန်ကြီး ဩစတြေးလျသို့ ရောက်ရှိ

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ခ်ပွန်ပီယိုနဲ့ ကာကွယ်ရေးဝန်ကြီး မာ့ခ်အက်စပါတို့ဟာ သြဂုတ်လ ၄ ရက်နေ့က သြစတြေးလျနိုင်ငံ နယူးဆောက်ဝေးပြည်နယ်ရဲ့ လွှတ်တော် အဆောက်အအုံကို ရောက်လာခဲ့ကြပါတယ်။  သူတို့ဟာ သြစတြေးလျ-အမေရိကန် ဝန်ကြီးအဆင့် ညှိနှိုင်းဆွေးနွေးပွဲ  (AUSMIN) ကို တက်ရောက်ဖို့ သြစတြေးလျနိုင်ငံကို ရောက်လာခဲ့ကြတာပါ။  မိုက်ခ်ပွန်ပီယိုနဲ့ မာ့ခ်အက်စပါတို့ကို သြစတြေးလျနိုင်ငံရေးဝန်ကြီး  မရိစ့်ပိန်းနဲ့ ကာကွယ်ရေးဝန်ကြီး လင်ဒါရန်တော်တို့က ကြိုဆိုခဲ့ကြပြီး အမှတ်တရ ဓာတ်ပုံတွေလည်း ရိုက်ခဲ့ကြပါတယ်။  ပိစိဖိတ်ဒေသမှာ တရုတ်ရဲ့ လွှမ်းမိုးမှု မြင့်တက်လာကို အနောက်နိုင်ငံတွေက စိုးရိမ်နေချိန်မှာ မိုက်ခ်ပွန်ပီယိုရဲ့ သြစတြေးလျခရီးစဉ် ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။
အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးႏွင့္ ကာကြယ္ေရးဝန္ႀကီး ဩစေၾတးလ်သို႔ ေရာက္ရွိ DVB အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး မိုက္ခ္ပြန္ပီယိုနဲ႔ ကာကြယ္ေရးဝန္ႀကီး မာ့ခ္အက္စပါတို႔ဟာ ၾသဂုတ္လ ၄ ရက္ေန႔က ၾသစေၾတးလ်ႏိုင္ငံ နယူးေဆာက္ေဝးျပည္နယ္ရဲ႕ လႊတ္ေတာ္ အေဆာက္အအုံကို ေရာက္လာခဲ့ၾကပါတယ္။ သူတို႔ဟာ ၾသစေၾတးလ်-အေမရိကန္ ဝန္ႀကီးအဆင့္ ညႇိႏႈိင္းေဆြးေႏြးပြဲ  (AUSMIN) ကို တက္ေရာက္ဖို႔ ၾသစေၾတးလ်ႏိုင္ငံကို ေရာက္လာခဲ့ၾကတာပါ။ မိုက္ခ္ပြန္ပီယိုနဲ႔ မာ့ခ္အက္စပါတို႔ကို ၾသစေၾတးလ်ႏိုင္ငံေရးဝန္ႀကီး  မရိစ့္ပိန္းနဲ႔ ကာကြယ္ေရးဝန္ႀကီး လင္ဒါရန္ေတာ္တို႔က ႀကိဳဆိုခဲ့ၾကၿပီး အမွတ္တရ ဓာတ္ပုံေတြလည္း ႐ိုက္ခဲ့ၾကပါတယ္။ ပိစိဖိတ္ေဒသမွာ တ႐ုတ္ရဲ႕ လႊမ္းမိုးမႈ ျမင့္တက္လာကို အေနာက္ႏိုင္ငံေတြက စိုးရိမ္ေနခ်ိန္မွာ မိုက္ခ္ပြန္ပီယိုရဲ႕ ၾသစေၾတးလ်ခရီးစဥ္ ေပၚေပါက္လာတာ ျဖစ္ပါတယ္။

A d v e r t i s e m e n t With Us

More News
Up