A d v e r t i s e m e n t With Us

လပွတ္တာမြို့တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီအား ထောက်ခံပွဲပြုလုပ်

ဧရာဝတီတိုင်း၊ လပွတ္တာမြို့မှာ ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီအား ထောက်ခံပွဲကို သြဂုတ် ၄ ရက်နေ့ နေ့လယ်က ပြုလုပ်ခဲ့ပြီး ပြည်သူ ၃၀၀၀ နီးပါး တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။ ထောက်ခံပွဲကို ဧရာဝတီတိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီးဦးကျော်မြင့် နဲ့ လပွတ္တာ မြို့နယ်လွှတ်တော်ကိုယ်စားလှယ်တွေလည်း တက်ရောက်ပြီး မြို့အနှံလှည့်လည်ဆန္ဒထုတ်ဖော်ခဲ့ပြီး စာရေးဆရာမုံရွာအောင်ရှင်နဲ့ ဥပဒေပညာရှင်ဦးကြီးမြင့် ၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ပတ်သက်ပြီး ဟောပြောမှုတွေပြုလုပ်ခဲ့ပါတယ်။ မြို့အနှံ့စီတန်းလှည့်လည် ဆန္ဒဖော်ထုတ်ရာမှာတော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပ ပြင်ဆင်ရေးပူးပေါင်းကော်မတီကို ထောက်ခံကြောင်း၊ နိုင်ငံအနာဂတ်လှပရေးအတွက် ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ပေးရေး၊ ပြည်သူ့အသံ လွှတ်တော်ထံ ၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ဖို့ ပြည်သူအားလုံးတောင်းဆိုစို့၊ ခြေဥပြင်ဆင်ရေးအောင်ရမည် အခြေခံဥပဒေပြင်ဆင်ရေး ဝိုင်းဝန်းထောက်ခံပေး စာတန်းတွေကို ကိုင်ဆောင်ကြွေးကြော်ခဲ့ကြပါတယ်။ ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့မှာလည်း ပြီးခဲ့တဲ့ ဇူလိုင် ၁၇ ရက်နေ့က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ဖို့ ဒေသခံ ၁၀၀၀ နီးပါး ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။ မြမင်းဦး(ပုသိမ်)
လပြတၱာၿမိဳ႕တြင္ ဖြဲ႕စည္းပုံအေျခခံဥပေဒ ျပင္ဆင္ေရး ပူးေပါင္းေကာ္မတီအား ေထာက္ခံပြဲျပဳလုပ္ ျမမင္းဦး(ပုသိမ္) ဧရာဝတီတိုင္း၊ လပြတၱာၿမိဳ႕မွာ ၂၀၀၈ အေျခခံဥပေဒျပင္ဆင္ေရး ပူးေပါင္းေကာ္မတီအား ေထာက္ခံပြဲကို ၾသဂုတ္ ၄ ရက္ေန႔ ေန႔လယ္က ျပဳလုပ္ခဲ့ၿပီး ျပည္သူ ၃၀၀၀ နီးပါး တက္ေရာက္ခဲ့တယ္လို႔ သိရပါတယ္။ ေထာက္ခံပြဲကို ဧရာဝတီတိုင္းေဒသႀကီး စည္ပင္သာယာေရးဝန္ႀကီးဦးေက်ာ္ျမင့္ နဲ႔ လပြတၱာ ၿမိဳ႕နယ္လႊတ္ေတာ္ကိုယ္စားလွယ္ေတြလည္း တက္ေရာက္ၿပီး ၿမိဳ႕အႏွံလွည့္လည္ဆႏၵထုတ္ေဖာ္ခဲ့ၿပီး စာေရးဆရာမုံ႐ြာေအာင္ရွင္နဲ႔ ဥပေဒပညာရွင္ဦးႀကီးျမင့္ ၂၀၀၈ အေျခခံဥပေဒ ျပင္ဆင္ေရးနဲ႔ပတ္သက္ၿပီး ေဟာေျပာမႈေတြျပဳလုပ္ခဲ့ပါတယ္။ ၿမိဳ႕အႏွံ႔စီတန္းလွည့္လည္ ဆႏၵေဖာ္ထုတ္ရာမွာေတာ့ ၂၀၀၈ ဖြဲ႕စည္းပုံ အေျခခံဥပေဒပ ျပင္ဆင္ေရးပူးေပါင္းေကာ္မတီကို ေထာက္ခံေၾကာင္း၊ ႏိုင္ငံအနာဂတ္လွပေရးအတြက္ ၂၀၀၈ အေျခခံဥပေဒျပင္ဆင္ေပးေရး၊ ျပည္သူ႔အသံ လႊတ္ေတာ္ထံ ၂၀၀၈ အေျခခံဥပေဒ ျပင္ဆင္ဖို႔ ျပည္သူအားလုံးေတာင္းဆိုစို႔၊ ေျခဥျပင္ဆင္ေရးေအာင္ရမည္ အေျခခံဥပေဒျပင္ဆင္ေရး ဝိုင္းဝန္းေထာက္ခံေပး စာတန္းေတြကို ကိုင္ေဆာင္ေႂကြးေၾကာ္ခဲ့ၾကပါတယ္။ ဧရာဝတီတိုင္းေဒသႀကီး ေရၾကည္ၿမိဳ႕မွာလည္း ၿပီးခဲ့တဲ့ ဇူလိုင္ ၁၇ ရက္ေန႔က ၂၀၀၈ ဖြဲ႕စည္းပုံ အေျခခံဥပေဒ ျပင္ဆင္ဖို႔ ေဒသခံ ၁၀၀၀ နီးပါး ဆႏၵေဖာ္ထုတ္ခဲ့ၾကပါတယ္။ ျမမင္းဦး(ပုသိမ္)

A d v e r t i s e m e n t With Us

More News
Up