ရင်ဖွင့်စာ
DVB
·
August 4, 2019
သရက်ချောင်းမြို့နယ် ညောင်ဇင်-ကြာအင်း ကားလမ်း ပြုပြင်ပေးပါ တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ညောင်ဇင်ရွာ မှ ကြာအင်းရွာ သို့ သွားလမ်းဟာ ဆိုးလွန်းနေပါတယ်ခင်ဗျာ။ အမြန် ပြင်ပေးကြစေချင်ပါတယ်။ ဆိုးချက်ကတော့ ဆိုင်ကယ်တွေ စီးရတာလည်း မြင်‌စီးရသလိုပဲ။ အိမ်ရောက်ရင်တော့ မာဆတ် အနှိပ်ခန်း ဝင်ဖို့ကိုသာ ပြင်ထားပါတော့။ ကျနော်တိုမှာတော့ နေတိုင်း သွားလာနေကြရတော့ လမ်းဆိုးချက်ကို မခံစားနိုင်တောဘူဗျာ။ အမြန် ပြင်ပေးကြပါ၊ ကျေးဇူးပါ DVB။ မောင်ကျော် အမ်းမြို့နယ်က ကျူရှင်ပြဿနာ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် ကျေးရွာ တော်တော်များများတွင် ကျောင်းဖွင့်မှအစ ကျောင်းပိတ်သည်ထိ ကျူရှင်ပြဿနာများနှင့် နှစ်တိုင်းလိုလို ကျောင်းသားမိဘများ တွေ့ကြုံကြရပါသည်။ မိမိအတန်းပိုင်များတွင် ကျူရှင်တက်သည်ဖြစ်စေ၊ မတက် သည်ဖြစ်စေ၊ ကျောင်းတွင်း သင်ခန်းစာများကို ကျောင်းတွင်းမသင်ပေးပဲ ကျူရှင်အချိန်ပိုင်းတွင် ဆက်တိုက် သင်ကြားနေကြခြင်း၊ မိမိထံ ကျူရှင်မတက်နိုင်သော ကလေးများအား ခွဲခြားဆက်ဆံ ခံရခြင်းများ ရှိနေကြပါသည်။ မရှိနွမ်းပါးသော ကလေးများအတွက် စိတ်မကောင်းဖြစ်မိပါသည်။ ကျူရှင် သင်ကြသော ဆရာ/မများအနေဖြင့် ဆင်းရဲနွမ်းပါးသော ကလေးများအား ကိုယ်ချင်း စာပေး ကြပါ လို့ တောင်းဆိုချင်ပါသည်။ သက်ဆိုင်ရာ အကြီးအကဲများကလည်း သက်ဆိုင်သူများအား အသိပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။ အမည်မဖော်လိုသူတဦး အိပ်ကောင်းခြင်းမအိပ်ရသည့်  ပြည်ကြီးတံခွန်မြို့နယ် ဒုန်းဒုန်းဒိုင်းဒိုင်း ထုနှက်သံများ မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ် ၆၂ လမ်းမှ ၅၄ လမ်းအထိ လမ်းဘေး ဘယ်ညာတွေမှာ ကျုးအိမ်တည်ဆောက်ပြီး လမ်းတွေလည်း ပိတ်ဆို့နေပါတယ်။ ရပ်ကွက်လူနေ အိမ်ကြားတွေထဲမှာ မှန်လုံကားတွေ လမ်းပိတ်ပြီး ကား ပြင်ဆင် လုပ်တာတမျိုး၊ ညအချိန်မတော် ဒုန်းဒုန်းဒိုင်း ဒိုင်းထုနှက်သံကတမျိုး၊ အိပ်ကောင်းခြင်း မအိပ်ရနဲ့ ကျောင်းသား ကျောင်းသူများ စာကျက်ရန် အနှောင့်အယှက်များလည်း ဖြစ်နေပြီး နေ့ည လိုင်စင်မဲ့ သုံးဘီးဆိုင်ကယ်များကလည်း များပြားလျက်ရှိပါတယ်။ ရပ်ကွက်လူနေအိမ်များကြားမှာ ပုလင်းခွံအိတ်ခွံ ဝယ်သည့် ဒိုင်များကလည်း အပြိုင်အဆိုင် လမ်းပိတ်ဆို့ နေပါတယ်။ ပုလင်းခွံ အိတ်ခွံများမှ အနံ့ဆိုးများကို နေ့စဉ်နှင့်အမျှရှုနေရ၍ ကျန်းမာရေး ထိခိုက်တာကတကြောင်း၊ မီးဘေးအန္တရာယ်အတွက်လည်း စိုးရိမ်ရပါသည်။ ဒီဗွီဘီ ဝိုင်းတော်များမှတဆင့် တာဝန်ရှိဝန်ထမ်းများသိအောင် တင်ပြပေးပါ။ အမည်မဖော်လိုသူတဦး ငမိုးရိပ်ဘက် အုပ်စုလိုက် လုယက်မှုများ ထိထိရောက်ရောက် အရေးယူပေးပါ လူငယ်တွေက ဆေးလိပ်၊ ကွမ်းယာ၊ အရက်၊ ဆေးခြောက်တွေ၊ ဘိန်းတွေကအစ သုံးနေပါတယ်။ ပိုက်ဆံ မရှိရင် လုတယ်၊ တောင်းပါတယ်။ လူသတ်မယ့်အဆင့်ထိပါပဲ။ ရရာလက်နက်နဲ့ ခြိမ်းခြောက်ပြီး အုပ်စုလိုက် အနိုင်ကျင့်နေကျပါတယ်။ အဒါတွေကို ထိထိရောက်ရောက်ကူညီစေချင်ပါတယ်။ ဒဂုံတက္ကသိုလ်ကအပြန် တိုးကြောင်ကလေးအထိ ကားစီးတယ်။ ငမိုးရိပ်ဘက် လမ်းလျှာက်အပြန် ချောင်းဖြတ် တံတားရောက်တော့ အုပ်စုလိုက် ဝိုင်းလုနေတာ တွေ့တယ်ဗျ။ ရှိတာပေးဆိုပြီးတော့ အရက်ပုလင်းနဲ ခြိမ်းခြောက်နေတာတွေ့တယ်။ ကောင်လေးခင်ဗျာ နာရီချွတ်ပေးလိုက်ရတယ်။ အုပ်စုလိုက် လုနေတာဗျ။ ထိထိရောက်ရောက် အရေးယူပေးပါ လို့တောင်းဆိုပါတယ်။ ခန့်ကြီး ကျန်းမာရေး ဆေးပေးခန်း မရှိသေးတဲ့ သရက်ကန်ရွာ မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်၊ သရက်ကန်ရွာမှာ ကျန်းမာရေး ဆေးပေးခန်း မရှိသေးပါ။ သို့ပါသဖြင့်  ရွာအတွက် ကျန်းမာရေး အဆောက်အဦနှင့် ကျန်းမာရေးအဆင့် တိုးမြင့်ပေးပါရန် ကျန်းမာရေးဝန်ကြီးဌာန ဝန်ကြီးအား လေးစားစွာ တောင်းခံအပ်ပါသည်။ ချစ်မင်း ဒီဗွီဘီကို ရင်ဖွင့်စာပေးပို့လိုပါက အောက်ဖော်ပြပါ အီးမေးလ်တွေကို ပေးပို့နိုင်ပါတယ်။ [email protected], [email protected]
Zawgyi Version ရင္ဖြင့္စာ သရက္ေခ်ာင္းၿမိဳ႕နယ္ ေညာင္ဇင္-ၾကာအင္း ကားလမ္း ျပဳျပင္ေပးပါ တနသၤာရီတိုင္း၊ ထားဝယ္ခ႐ိုင္၊ သရက္ေခ်ာင္းၿမိဳ႕နယ္၊ ေညာင္ဇင္႐ြာ မွ ၾကာအင္း႐ြာ သို႔ သြားလမ္းဟာ ဆိုးလြန္းေနပါတယ္ခင္ဗ်ာ။ အျမန္ ျပင္ေပးၾကေစခ်င္ပါတယ္။ ဆိုးခ်က္ကေတာ့ ဆိုင္ကယ္ေတြ စီးရတာလည္း ျမင္‌စီးရသလိုပဲ။ အိမ္ေရာက္ရင္ေတာ့ မာဆတ္ အႏွိပ္ခန္း ဝင္ဖို႔ကိုသာ ျပင္ထားပါေတာ့။ က်ေနာ္တိုမွာေတာ့ ေနတိုင္း သြားလာေနၾကရေတာ့ လမ္းဆိုးခ်က္ကို မခံစားႏိုင္ေတာဘူဗ်ာ။ အျမန္ ျပင္ေပးၾကပါ၊ ေက်းဇူးပါ DVB။ ေမာင္ေက်ာ္ အမ္းၿမိဳ႕နယ္က က်ဴရွင္ျပႆနာ ရခိုင္ျပည္နယ္၊ အမ္းၿမိဳ႕နယ္ ေက်း႐ြာ ေတာ္ေတာ္မ်ားမ်ားတြင္ ေက်ာင္းဖြင့္မွအစ ေက်ာင္းပိတ္သည္ထိ က်ဴရွင္ျပႆနာမ်ားႏွင့္ ႏွစ္တိုင္းလိုလို ေက်ာင္းသားမိဘမ်ား ေတြ႕ႀကဳံၾကရပါသည္။ မိမိအတန္းပိုင္မ်ားတြင္ က်ဴရွင္တက္သည္ျဖစ္ေစ၊ မတက္ သည္ျဖစ္ေစ၊ ေက်ာင္းတြင္း သင္ခန္းစာမ်ားကို ေက်ာင္းတြင္းမသင္ေပးပဲ က်ဴရွင္အခ်ိန္ပိုင္းတြင္ ဆက္တိုက္ သင္ၾကားေနၾကျခင္း၊ မိမိထံ က်ဴရွင္မတက္ႏိုင္ေသာ ကေလးမ်ားအား ခြဲျခားဆက္ဆံ ခံရျခင္းမ်ား ရွိေနၾကပါသည္။ မရွိႏြမ္းပါးေသာ ကေလးမ်ားအတြက္ စိတ္မေကာင္းျဖစ္မိပါသည္။ က်ဴရွင္ သင္ၾကေသာ ဆရာ/မမ်ားအေနျဖင့္ ဆင္းရဲႏြမ္းပါးေသာ ကေလးမ်ားအား ကိုယ္ခ်င္း စာေပး ၾကပါ လို႔ ေတာင္းဆိုခ်င္ပါသည္။ သက္ဆိုင္ရာ အႀကီးအကဲမ်ားကလည္း သက္ဆိုင္သူမ်ားအား အသိေပးၾကပါရန္ ေမတၱာရပ္ခံအပ္ပါသည္။ အမည္မေဖာ္လိုသူတဦး အိပ္ေကာင္းျခင္းမအိပ္ရသည့္  ျပည္ႀကီးတံခြန္ၿမိဳ႕နယ္ ဒုန္းဒုန္းဒိုင္းဒိုင္း ထုႏွက္သံမ်ား မႏၲေလးၿမိဳ႕၊ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္ ၆၂ လမ္းမွ ၅၄ လမ္းအထိ လမ္းေဘး ဘယ္ညာေတြမွာ က်ဳးအိမ္တည္ေဆာက္ၿပီး လမ္းေတြလည္း ပိတ္ဆို႔ေနပါတယ္။ ရပ္ကြက္လူေန အိမ္ၾကားေတြထဲမွာ မွန္လုံကားေတြ လမ္းပိတ္ၿပီး ကား ျပင္ဆင္ လုပ္တာတမ်ိဳး၊ ညအခ်ိန္မေတာ္ ဒုန္းဒုန္းဒိုင္း ဒိုင္းထုႏွက္သံကတမ်ိဳး၊ အိပ္ေကာင္းျခင္း မအိပ္ရနဲ႔ ေက်ာင္းသား ေက်ာင္းသူမ်ား စာက်က္ရန္ အေႏွာင့္အယွက္မ်ားလည္း ျဖစ္ေနၿပီး ေန႔ည လိုင္စင္မဲ့ သုံးဘီးဆိုင္ကယ္မ်ားကလည္း မ်ားျပားလ်က္ရွိပါတယ္။ ရပ္ကြက္လူေနအိမ္မ်ားၾကားမွာ ပုလင္းခြံအိတ္ခြံ ဝယ္သည့္ ဒိုင္မ်ားကလည္း အၿပိဳင္အဆိုင္ လမ္းပိတ္ဆို႔ ေနပါတယ္။ ပုလင္းခြံ အိတ္ခြံမ်ားမွ အနံ႔ဆိုးမ်ားကို ေန႔စဥ္ႏွင့္အမွ်ရႈေနရ၍ က်န္းမာေရး ထိခိုက္တာကတေၾကာင္း၊ မီးေဘးအႏၲရာယ္အတြက္လည္း စိုးရိမ္ရပါသည္။ ဒီဗြီဘီ ဝိုင္းေတာ္မ်ားမွတဆင့္ တာဝန္ရွိဝန္ထမ္းမ်ားသိေအာင္ တင္ျပေပးပါ။ အမည္မေဖာ္လိုသူတဦး ငမိုးရိပ္ဘက္ အုပ္စုလိုက္ လုယက္မႈမ်ား ထိထိေရာက္ေရာက္ အေရးယူေပးပါ လူငယ္ေတြက ေဆးလိပ္၊ ကြမ္းယာ၊ အရက္၊ ေဆးေျခာက္ေတြ၊ ဘိန္းေတြကအစ သုံးေနပါတယ္။ ပိုက္ဆံ မရွိရင္ လုတယ္၊ ေတာင္းပါတယ္။ လူသတ္မယ့္အဆင့္ထိပါပဲ။ ရရာလက္နက္နဲ႔ ၿခိမ္းေျခာက္ၿပီး အုပ္စုလိုက္ အႏိုင္က်င့္ေနက်ပါတယ္။ အဒါေတြကို ထိထိေရာက္ေရာက္ကူညီေစခ်င္ပါတယ္။ ဒဂုံတကၠသိုလ္ကအျပန္ တိုးေၾကာင္ကေလးအထိ ကားစီးတယ္။ ငမိုးရိပ္ဘက္ လမ္းလွ်ာက္အျပန္ ေခ်ာင္းျဖတ္ တံတားေရာက္ေတာ့ အုပ္စုလိုက္ ဝိုင္းလုေနတာ ေတြ႕တယ္ဗ်။ ရွိတာေပးဆိုၿပီးေတာ့ အရက္ပုလင္းနဲ ၿခိမ္းေျခာက္ေနတာေတြ႕တယ္။ ေကာင္ေလးခင္ဗ်ာ နာရီခြၽတ္ေပးလိုက္ရတယ္။ အုပ္စုလိုက္ လုေနတာဗ်။ ထိထိေရာက္ေရာက္ အေရးယူေပးပါ လို႔ေတာင္းဆိုပါတယ္။ ခန႔္ႀကီး က်န္းမာေရး ေဆးေပးခန္း မရွိေသးတဲ့ သရက္ကန္႐ြာ မေကြးတိုင္း၊ ပခုကၠဴခ႐ိုင္၊ ေပါက္ၿမိဳ႕နယ္၊ သရက္ကန္႐ြာမွာ က်န္းမာေရး ေဆးေပးခန္း မရွိေသးပါ။ သို႔ပါသျဖင့္  ႐ြာအတြက္ က်န္းမာေရး အေဆာက္အဦႏွင့္ က်န္းမာေရးအဆင့္ တိုးျမင့္ေပးပါရန္ က်န္းမာေရးဝန္ႀကီးဌာန ဝန္ႀကီးအား ေလးစားစြာ ေတာင္းခံအပ္ပါသည္။ ခ်စ္မင္း ဒီဗြီဘီကုိ ရင္ဖြင့္စာေပးပုိ႔လုိပါက ေအာက္ေဖာ္ျပပါ အီးေမးလ္ေတြကုိ ေပးပုိ႔ႏုိင္ပါတယ္။ [email protected], [email protected]
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024