Home
မြန်မာသတင်း
နမ့်ပန်ငါးရေအားလျှပ်စစ်စီမံကိန်း ဖျက်သိမ်းပေးရန် ဒေသခံများ ဆန္ဒပြ
DVB
·
August 4, 2019
စစ်ကိုင်းတိုင်း၊ ခန္တီးခရိုင် ဟုမ္မလင်းမြို့နယ် နမ့်ပန်ရေအားလျှပ်စစ်စီမံကိန်းအား ဖျက်သိမ်းပေးဖို့ သဝန်တိုက်နယ်အတွင်းမှာရှိတဲ့ ကျေးရွာပေါင်း ၁၂ ရွာမှ ဒေသခံပြည်သူ (၁၀၀၀) လောက် ဩဂုတ် ၄ ရက်နေ့က ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ဆန္ဒထုတ်ဖော်ပွဲကို ဗိုလ်ချုပ်ကြေးရုပ်ကနေစတင်ကာ ဆုတောင်းပြည့်ဘုရားလမ်း ကမ်းနားလမ်း တာရိုးလမ်း ခိုပဲဝမြို့ပတ်လမ်းမှတဆင့် ပြည်သူ့ဆေးရုံလမ်းကြောင်းအတိုင်း လမ်းလျှောက်ချီတက်ကာ ဗိုလ်ချုပ်ကြေးရုပ်မှာပဲ အဆုံးသတ်ခဲ့ပါတယ်။ နမ့်ပန်ငါးရေအားလျှပ်စစ်စီမံကိန်း ဖျက်သိမ်းရေး၊ ပြည်သူကိုဗဟိုပြုစီမံကိန်းများ ဖြစ်ပေါ်ရေး၊ ပြည်သူ့ဆန္ဒနှင့်မကိုက်ညီသော စီမံကိန်း ရပ်တန့်ပေးရေး၊ ပြည်သူ့ဆန္ဒနှင့်ဆန့်ကျင်သော နမ့်ပန်ငါး ရေအားလျှပ်စစ်စီမံကိန်း အလိုမရှိ၊ သမိုင်းဝင် နားသကျိုက်စေတီပုထိုးများ မပျက်စီးရေး၊ သဝန်တိုက်နယ်ရှိ တောင်သူလယ်သမားများ၏ဘဝကို အာဏာသုံး၍ မဖျက်ဆီးရေး စတဲ့ကြွေးကြော်သံတွေနဲ့ ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။ ဆန္ဒပြပွဲကို ဦးဆောင်သူ သဝန်ထွက်ဝကျေးရွာနေ ဦးမောင်ထွားက “နမ့်ပန်ငါးချောင် ရေအားလျှပ်စစ်စီမံကိန်းကို ဖျက်သိမ်းဖို့အရေး ၂၀၁၆ ခုနှစ်ကစတင်ကာ ယနေ့အချိန်ထိ ၅ ကြိမ်တိုင်တိုင် သက်ဆိုင်ရာဌာနတွေကို ကန့်ကွက်စာတွေ တင်ခဲ့သော်လည်း သူတို့က ရပ်တန့်ခြင်းမရှိဘဲ ဆက်လက်လုပ်ကိုင်နေတာကြောင့်ရယ် အခုလည်း ကားလမ်းတွေ ဖောက်ပြီး လုပ်ကိုင်နေလို့ စိုးရိမ်စိတ်ကြီးစွာနဲ့ ဆန္ဒထုတ်ဖော်ရခြင်းဖြစ်တယ်။ အထက်ချင်းတွင်းမှာရှိတဲ့ တဇုန်းရွာသူရွာသားများကို ရွှေပြည်အေးမြို့ကို အတင်းအဓမ္မ ပြောင်းရွှေ့ရသလို ဖြစ်မှာကိုလည်း စိုးရိမ်တယ်”လို့ ပြောပါတယ်။ သဝန်ထွက်ဝကျေးရွာနေ ဒေါ်ထွေးပိုက “ကျမတို့ နမ့်ပန်ငါးချောင်း ရေအားလျှပ်စစ်နဲ့ ပတ်သက်ပြီး ပြည်သူလူထုတွေအပေါ်မှာ ဘာမှ တိုင်ပင်ဆွေးနွေးခြင်းကို မရှိခဲ့ပါဘူး။ ၂၀၁၉ ခုနှစ် သြဂုတ် ၄ ရက်နေ့မှာ ပြည်သူတွေဆန္ဒထုတ်ဖော်မယ်ဆိုမှ ရှမ်းဝန်ကြီးနှင့် အဖွဲ့ဝင်များက သြဂုတ် ၃ ရက်နေ့မှာလာပြီး ပြည်သူတွေနဲ့ တွေ့ဆုံတာပဲရှိပါတယ်ရှင့်။ နမ့်ပန်ချောင်းရေအားလျှပ်စစ်ကို ဆက်လက်ပြီးလုပ်မယ်ဆိုရင် ကျမတို့ပြည်သူလူထုတွေကလည်း အခါအားလျော်စွာ ဆန္ဒထုတ်ဖော်သွားမယ်။ နိုင်ငံတော်သမ္မတကြီးနှင့်တကွ သက်ဆိုင်ရာဌာနတွေ ကိုလည်း ဒီရေအားလျှပ်စစ်ကို ရပ်တန့်ပေးဖို့ တောင်းဆိုချင်ပါတယ်” လို့ ပြောပါတယ်။ “ကျနော်တို့ကို ရှင်းလင်းချက်ဘာမှ လာမပေးဘူး။ သူတို့လုပ်ချင်သလို လုပ်နေတာ။ ကျနော်တို့က လက်မခံနိုင်လို့ ဆန္ဒဖော်ထုတ်တာဖြစ်တယ်။ မနေ့ကလည်း ဝန်ကြီးတွေလာတယ် ရှင်းလင်းချက်လည်း ဘာမှမပေးနိုင်ဘူး။ ဘယ်လိုလုပ်မယ် ဘယ်လိုဆောက်မယ်ဆိုတာ အတိအကျ ဘာမှမပြောနိုင်ဘူး၊ အဲဒါကြောင့် ဆန္ဒပြရတာ”လို့ သဝန်ထွက်ဝကျေးရွာနေ ဦးအောင်နိုင်ဦးက ပြောပါတယ်။ နမ့်ပန်ငါးချောင်းဟာ အိန္ဒိယနိုင်ငံဘက်မှ စတင်စီးဆင်းလာတာဖြစ်ပြီး ဟုမ္မလင်းမြို့နယ် သဝန်တိုက်နယ်ဒေသကို ဖြတ်သန်းစီးဆင်းတာဖြစ်ပါတယ်။ သဝန်တိုက်နယ်ဒေသဟာ ရှမ်းနီ တိုင်းရင်းသားအများစုနေထိုင်ကြကာ ကျေးရွာအုပ်စု ၃ အုပ်စုရှိပြီး ကျေးရွာပေါင် ၁၂ ရွာရှိကာ လူဦးရေ ၁၀,၀၀၀ လောက် နေထိုင်နေပါတယ်။
နမ့္ပန္ငါးေရအားလွ်ပ္စစ္စီမံကိန္း ဖ်က္သိမ္းေပးရန္ ေဒသခံမ်ား ဆႏၵျပ DVB စစ္ကိုင္းတိုင္း၊ ခႏၲီးခ႐ိုင္ ဟုမၼလင္းၿမိဳ႕နယ္ နမ့္ပန္ေရအားလွ်ပ္စစ္စီမံကိန္းအား ဖ်က္သိမ္းေပးဖို႔ သဝန္တိုက္နယ္အတြင္းမွာရွိတဲ့ ေက်း႐ြာေပါင္း ၁၂ ႐ြာမွ ေဒသခံျပည္သူ (၁၀၀၀) ေလာက္ ဩဂုတ္ ၄ ရက္ေန႔က ဆႏၵထုတ္ေဖာ္ခဲ့ၾကပါတယ္။ ဆႏၵထုတ္ေဖာ္ပြဲကို ဗိုလ္ခ်ဳပ္ေၾကး႐ုပ္ကေနစတင္ကာ ဆုေတာင္းျပည့္ဘုရားလမ္း ကမ္းနားလမ္း တာ႐ိုးလမ္း ခိုပဲဝၿမိဳ႕ပတ္လမ္းမွတဆင့္ ျပည္သူ႔ေဆး႐ုံလမ္းေၾကာင္းအတိုင္း လမ္းေလွ်ာက္ခ်ီတက္ကာ ဗိုလ္ခ်ဳပ္ေၾကး႐ုပ္မွာပဲ အဆုံးသတ္ခဲ့ပါတယ္။ နမ့္ပန္ငါးေရအားလွ်ပ္စစ္စီမံကိန္း ဖ်က္သိမ္းေရး၊ ျပည္သူကိုဗဟိုျပဳစီမံကိန္းမ်ား ျဖစ္ေပၚေရး၊ ျပည္သူ႔ဆႏၵႏွင့္မကိုက္ညီေသာ စီမံကိန္း ရပ္တန႔္ေပးေရး၊ ျပည္သူ႔ဆႏၵႏွင့္ဆန႔္က်င္ေသာ နမ့္ပန္ငါး ေရအားလွ်ပ္စစ္စီမံကိန္း အလိုမရွိ၊ သမိုင္းဝင္ နားသက်ိဳက္ေစတီပုထိုးမ်ား မပ်က္စီးေရး၊ သဝန္တိုက္နယ္ရွိ ေတာင္သူလယ္သမားမ်ား၏ဘဝကို အာဏာသုံး၍ မဖ်က္ဆီးေရး စတဲ့ေႂကြးေၾကာ္သံေတြနဲ႔ ဆႏၵထုတ္ေဖာ္ခဲ့ၾကတာပါ။ ဆႏၵျပပြဲကို ဦးေဆာင္သူ သဝန္ထြက္ဝေက်း႐ြာေန ဦးေမာင္ထြားက “နမ့္ပန္ငါးေခ်ာင္ ေရအားလွ်ပ္စစ္စီမံကိန္းကို ဖ်က္သိမ္းဖို႔အေရး ၂၀၁၆ ခုႏွစ္ကစတင္ကာ ယေန႔အခ်ိန္ထိ ၅ ႀကိမ္တိုင္တိုင္ သက္ဆိုင္ရာဌာနေတြကို ကန႔္ကြက္စာေတြ တင္ခဲ့ေသာ္လည္း သူတို႔က ရပ္တန႔္ျခင္းမရွိဘဲ ဆက္လက္လုပ္ကိုင္ေနတာေၾကာင့္ရယ္ အခုလည္း ကားလမ္းေတြ ေဖာက္ၿပီး လုပ္ကိုင္ေနလို႔ စိုးရိမ္စိတ္ႀကီးစြာနဲ႔ ဆႏၵထုတ္ေဖာ္ရျခင္းျဖစ္တယ္။ အထက္ခ်င္းတြင္းမွာရွိတဲ့ တဇုန္း႐ြာသူ႐ြာသားမ်ားကို ေ႐ႊျပည္ေအးၿမိဳ႕ကို အတင္းအဓမၼ ေျပာင္းေ႐ႊ႕ရသလို ျဖစ္မွာကိုလည္း စိုးရိမ္တယ္”လို႔ ေျပာပါတယ္။ သဝန္ထြက္ဝေက်း႐ြာေန ေဒၚေထြးပိုက “က်မတို႔ နမ့္ပန္ငါးေခ်ာင္း ေရအားလွ်ပ္စစ္နဲ႔ ပတ္သက္ၿပီး ျပည္သူလူထုေတြအေပၚမွာ ဘာမွ တိုင္ပင္ေဆြးေႏြးျခင္းကို မရွိခဲ့ပါဘူး။ ၂၀၁၉ ခုႏွစ္ ၾသဂုတ္ ၄ ရက္ေန႔မွာ ျပည္သူေတြဆႏၵထုတ္ေဖာ္မယ္ဆိုမွ ရွမ္းဝန္ႀကီးႏွင့္ အဖြဲ႕ဝင္မ်ားက ၾသဂုတ္ ၃ ရက္ေန႔မွာလာၿပီး ျပည္သူေတြနဲ႔ ေတြ႕ဆုံတာပဲရွိပါတယ္ရွင့္။ နမ့္ပန္ေခ်ာင္းေရအားလွ်ပ္စစ္ကို ဆက္လက္ၿပီးလုပ္မယ္ဆိုရင္ က်မတို႔ျပည္သူလူထုေတြကလည္း အခါအားေလ်ာ္စြာ ဆႏၵထုတ္ေဖာ္သြားမယ္။ ႏိုင္ငံေတာ္သမၼတႀကီးႏွင့္တကြ သက္ဆိုင္ရာဌာနေတြ ကိုလည္း ဒီေရအားလွ်ပ္စစ္ကို ရပ္တန႔္ေပးဖို႔ ေတာင္းဆိုခ်င္ပါတယ္” လို႔ ေျပာပါတယ္။ “က်ေနာ္တို႔ကို ရွင္းလင္းခ်က္ဘာမွ လာမေပးဘူး။ သူတို႔လုပ္ခ်င္သလို လုပ္ေနတာ။ က်ေနာ္တို႔က လက္မခံႏိုင္လို႔ ဆႏၵေဖာ္ထုတ္တာျဖစ္တယ္။ မေန႔ကလည္း ဝန္ႀကီးေတြလာတယ္ ရွင္းလင္းခ်က္လည္း ဘာမွမေပးႏိုင္ဘူး။ ဘယ္လိုလုပ္မယ္ ဘယ္လိုေဆာက္မယ္ဆိုတာ အတိအက် ဘာမွမေျပာႏိုင္ဘူး၊ အဲဒါေၾကာင့္ ဆႏၵျပရတာ”လို႔ သဝန္ထြက္ဝေက်း႐ြာေန ဦးေအာင္ႏိုင္ဦးက ေျပာပါတယ္။ နမ့္ပန္ငါးေခ်ာင္းဟာ အိႏၵိယႏိုင္ငံဘက္မွ စတင္စီးဆင္းလာတာျဖစ္ၿပီး ဟုမၼလင္းၿမိဳ႕နယ္ သဝန္တိုက္နယ္ေဒသကို ျဖတ္သန္းစီးဆင္းတာျဖစ္ပါတယ္။ သဝန္တိုက္နယ္ေဒသဟာ ရွမ္းနီ တိုင္းရင္းသားအမ်ားစုေနထိုင္ၾကကာ ေက်း႐ြာအုပ္စု ၃ အုပ္စုရွိၿပီး ေက်း႐ြာေပါင္ ၁၂ ႐ြာရွိကာ လူဦးေရ ၁၀,၀၀၀ ေလာက္ ေနထိုင္ေနပါတယ္။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024