Home
မြန်မာသတင်း
မင်းပြားမြို့ ကျိန်းတောင်တန်းကနေ အမြောက်ကြီးများဖြင့် ပစ်ခတ်နေ၍ ဒေသခံများစိုးရိမ်
DVB
·
August 4, 2019
ရခိုင်ပြည်နယ် မင်းပြားမြို့က အထင်ကရရှေးဟောင်းစေတီတဆုဖြစ်တဲ့ ကျိန်းတောင်တန်းကနေ တပ်မတော်က အမြောက်ကြီးတွေနဲ့ မင်းပြားမြို့ အရှေ့ဘက်ကို လှမ်းပစ်နေတာကြောင့် ဒေသခံတွေ စိုးရိမ်နေကြပါတယ်။ သြဂုတ်လ ၃ ရက်နေ့ နေ့လယ် ၂ နာရီဝန်းကျင်လောက်က ကျိန်းတောင်တန်းကနေ အမြောက်ကြီးနဲ့ မင်းပြားမြို့အရှေ့ဘက်ကို လှမ်းပစ်နေတာလို့ မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်က ပြောပါတယ်။ “အဲ့ဒီလက်နက်ကြီးအမြောက်နဲ့ ကျိန်းတောင်ဘုရားကနေလှမ်းပစ်နေတာ။  တဂျိမ်းဂျိမ်းလှမ်းပစ်နေတာ၊ ဘယ်ဘက်ကို ပစ်တယ်ဆိုကို မသိရပေမယ့် မင်းပြားရဲ့အရှေ့ဘက်ကို ဖုံးသာချောင်းဘက်ကို လှမ်းပစ်တယ် လို့ပြောလို့ ရတယ်။ ကျိန်းတောင်ထက်တွေမှာ အထင်ကရသမိုင်းစေတီတွေရှိတယ်။ နဂိုကတည်းက ကျိန်းတောင်တန်းက အက်ကြောင်းတွေပေါ်နေတာ၊ ကျောက်ထုတ်လုပ်မှုတွေကို ရပ်ဆိုင်းတယ်။ အခုလိုသမိုင်းဝင်တောင်တန်းကနေ လှမ်းပစ်နေတာတွေက အကုန်ပျက်စီး မှာစိုးရိမ်ရတယ်” လို့ပြောပါတယ်။ မင်းပြားမြို့ ရပ်မိရပ်ဖတဦးက “မင်းပြားမြို့ ကလူတွေကတော့ စိုးရိမ်နေကြတယ်။ မြို့ထဲက ဈေးကြီးကို ပိတ်ပြီး၊ အခုဈေးဆိုင်တွေပိတ်လိုက်ပြီ၊ ကျောင်းသားတွေကို ကျောင်းကနေ အကုန် ပြန်လွှတ်လိုက်တယ်။ မြို့ထဲကျမှာစိုးလို့ အကုန်ကြောက်လန့်နေကြတယ်လို့ပြောပါတယ်။ သြဂုတ် ၃ ရက်နေ့ နေ့လယ်ပိုင်းက င/တက်ကျေးရွာနဲ့ သလူချောင်းကျေးရွာအနီး တောင်တန်းတဝိုက်မှာ တပ်မတော်နဲ့ အေအေတို့ တိုက်ပွဲဖြစ်ပွားနေတာကြောင့် အဲ့ဒီကျေးရွာအနီး တွေမှာရှိတဲ့ သလူချောင်း၊ စိတ္တရာကျေးရွာတွေက ကျေးရွာသားတွေ မင်းပြားမြို့နယ် ထွက်ပြေး လာနေကြတယ်လို့ စိတ္တရ ကျေးအုပ်ချုပ်ရေးမှူးက ဒီဗွီဘီကိုပြောပါတယ်။ “နေ့လယ်ပိုင်းတိုက်ပွဲဖြစ်တယ်။ ကျနော်တို့ ရွာနားက သလူချောင်းကျေးရွာနဲ့ င/တက် ကျေးရွာရဲ့ တောင်တန်းမှာ တိုက်ပွဲဖြစ်နေတာပါ။ အဲ့ဒီမှာ သလူချောင်းကျေးရွာနဲ့ င/တက်ကျ ကျေးရွာသားတွေက အကုန်ထွက်ပြေးလာကြတယ်။ တချို့ကတော့ မင်းပြားမြို့ဘက်ကို ထွက်ပြေးသွားကြတယ်။ အခြေအနေက အရမ်းကို စိုးရိမ်ရတယ်။ လက်နက်ကြီးတွေ ကျမှာစိုးလို့ အိမ်အောက်တွေမှာ ပုန်းခိုနေကြရတယ်”လို့ ပြောပါတယ်။ အခုကိစ္စနဲ့ပတ်သက်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က တာဝန်ရှိသူတွေကို ဖုန်းအကြိမ်အကြိမ်ခေါ်ဆိုခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုတာ မရှိခဲ့ပါဘူး။ သြဂုတ် ၂ ရက်နေ့ကလည်း တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်အေအေ မြို့နယ် ၅ မြို့ယ် နယ်မှာ တိုက်ပွဲအပြင်းအထန် ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် အေအေတို့ ဒီဇင်ဘာလဆန်းကနေ တိုက်ပွဲတွေ စတင်ဖြစ်လာတာ အခုဆိုရင် ၈ လ နီးပါးရှိလာပြီ ဖြစ်ပေမယ့် တိုက်ပွဲတွေဟာ ရပ်စဲမသွားဘဲ တဖြည်းဖြည်းနဲ့တိုက်ပွဲတွေ ပိုမိုပြင်းထန်လာတဲ့ အနေအထား ရှိနေပါတယ်။ တိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ်မြို့ ၈ မြို့နယ်က ဒေသခံတွေဟာ ဘေးလွှတ်ရာကို ထွက်ပြေးရှောင်နေရသလို့ အခုဆိုရင် တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင် ၅ သောင်းကျော်အထိ ရှိနေပြီလို့ ရခိုင်လူမှုအဖွဲ့အစည်းတွေကပြောဆိုပါတယ်။ သတင်း-ဝဏ္ဏခွာညို
မင္းျပားၿမိဳ႕ က်ိန္းေတာင္တန္းကေန အေျမာက္ႀကီးမ်ားျဖင့္ ပစ္ခတ္ေန၍ ေဒသခံမ်ားစိုးရိမ္ ဝဏၰခြာညိဳ ရခိုင္ျပည္နယ္ မင္းျပားၿမိဳ႕က အထင္ကရေရွးေဟာင္းေစတီတဆုျဖစ္တဲ့ က်ိန္းေတာင္တန္းကေန တပ္မေတာ္က အေျမာက္ႀကီးေတြနဲ႔ မင္းျပားၿမိဳ႕ အေရွ႕ဘက္ကို လွမ္းပစ္ေနတာေၾကာင့္ ေဒသခံေတြ စိုးရိမ္ေနၾကပါတယ္။ ၾသဂုတ္လ ၃ ရက္ေန႔ ေန႔လယ္ ၂ နာရီဝန္းက်င္ေလာက္က က်ိန္းေတာင္တန္းကေန အေျမာက္ႀကီးနဲ႔ မင္းျပားၿမိဳ႕အေရွ႕ဘက္ကို လွမ္းပစ္ေနတာလို႔ မင္းျပားၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးလွသိန္းေအာင္က ေျပာပါတယ္။ “အဲ့ဒီလက္နက္ႀကီးအေျမာက္နဲ႔ က်ိန္းေတာင္ဘုရားကေနလွမ္းပစ္ေနတာ။ တဂ်ိမ္းဂ်ိမ္းလွမ္းပစ္ေနတာ၊ ဘယ္ဘက္ကို ပစ္တယ္ဆိုကို မသိရေပမယ့္ မင္းျပားရဲ႕အေရွ႕ဘက္ကို ဖုံးသာေခ်ာင္းဘက္ကို လွမ္းပစ္တယ္ လို႔ေျပာလို႔ ရတယ္။ က်ိန္းေတာင္ထက္ေတြမွာ အထင္ကရသမိုင္းေစတီေတြရွိတယ္။ နဂိုကတည္းက က်ိန္းေတာင္တန္းက အက္ေၾကာင္းေတြေပၚေနတာ၊ ေက်ာက္ထုတ္လုပ္မႈေတြကို ရပ္ဆိုင္းတယ္။ အခုလိုသမိုင္းဝင္ေတာင္တန္းကေန လွမ္းပစ္ေနတာေတြက အကုန္ပ်က္စီး မွာစိုးရိမ္ရတယ္” လို႔ေျပာပါတယ္။ မင္းျပားၿမိဳ႕ ရပ္မိရပ္ဖတဦးက “မင္းျပားၿမိဳ႕ ကလူေတြကေတာ့ စိုးရိမ္ေနၾကတယ္။ ၿမိဳ႕ထဲက ေဈးႀကီးကို ပိတ္ၿပီး၊ အခုေဈးဆိုင္ေတြပိတ္လိုက္ၿပီ၊ ေက်ာင္းသားေတြကို ေက်ာင္းကေန အကုန္ ျပန္လႊတ္လိုက္တယ္။ ၿမိဳ႕ထဲက်မွာစိုးလို႔ အကုန္ေၾကာက္လန႔္ေနၾကတယ္လို႔ေျပာပါတယ္။ ၾသဂုတ္ ၃ ရက္ေန႔ ေန႔လယ္ပိုင္းက င/တက္ေက်း႐ြာနဲ႔ သလူေခ်ာင္းေက်း႐ြာအနီး ေတာင္တန္းတဝိုက္မွာ တပ္မေတာ္နဲ႔ ေအေအတို႔ တိုက္ပြဲျဖစ္ပြားေနတာေၾကာင့္ အဲ့ဒီေက်း႐ြာအနီး ေတြမွာရွိတဲ့ သလူေခ်ာင္း၊ စိတၱရာေက်း႐ြာေတြက ေက်း႐ြာသားေတြ မင္းျပားၿမိဳ႕နယ္ ထြက္ေျပး လာေနၾကတယ္လို႔ စိတၱရ ေက်းအုပ္ခ်ဳပ္ေရးမႉးက ဒီဗြီဘီကိုေျပာပါတယ္။ “ေန႔လယ္ပိုင္းတိုက္ပြဲျဖစ္တယ္။ က်ေနာ္တို႔ ႐ြာနားက သလူေခ်ာင္းေက်း႐ြာနဲ႔ င/တက္ ေက်း႐ြာရဲ႕ ေတာင္တန္းမွာ တိုက္ပြဲျဖစ္ေနတာပါ။ အဲ့ဒီမွာ သလူေခ်ာင္းေက်း႐ြာနဲ႔ င/တက္က် ေက်း႐ြာသားေတြက အကုန္ထြက္ေျပးလာၾကတယ္။ တခ်ိဳ႕ကေတာ့ မင္းျပားၿမိဳ႕ဘက္ကို ထြက္ေျပးသြားၾကတယ္။ အေျခအေနက အရမ္းကို စိုးရိမ္ရတယ္။ လက္နက္ႀကီးေတြ က်မွာစိုးလို႔ အိမ္ေအာက္ေတြမွာ ပုန္းခိုေနၾကရတယ္”လို႔ ေျပာပါတယ္။ အခုကိစၥနဲ႔ပတ္သက္လို႔ တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕က တာဝန္ရွိသူေတြကို ဖုန္းအႀကိမ္အႀကိမ္ေခၚဆိုခဲ့ေပမယ့္ ဖုန္းလက္ခံေျဖဆိုတာ မရွိခဲ့ပါဘူး။ ၾသဂုတ္ ၂ ရက္ေန႔ကလည္း တပ္မေတာ္နဲ႔ ရကၡိဳင့္တပ္ေတာ္ေအေအ ၿမိဳ႕နယ္ ၅ ၿမိဳ႕ယ္ နယ္မွာ တိုက္ပြဲအျပင္းအထန္ ျဖစ္ခဲ့တယ္လို႔ သိရပါတယ္။ တပ္မေတာ္နဲ႔ ရကၡိဳင့္တပ္ေတာ္ ေအေအတို႔ ဒီဇင္ဘာလဆန္းကေန တိုက္ပြဲေတြ စတင္ျဖစ္လာတာ အခုဆိုရင္ ၈ လ နီးပါးရွိလာၿပီ ျဖစ္ေပမယ့္ တိုက္ပြဲေတြဟာ ရပ္စဲမသြားဘဲ တျဖည္းျဖည္းနဲ႔တိုက္ပြဲေတြ ပိုမိုျပင္းထန္လာတဲ့ အေနအထား ရွိေနပါတယ္။ တိုက္ပြဲေတြေၾကာင့္ ရခိုင္ျပည္နယ္ၿမိဳ႕ ၈ ၿမိဳ႕နယ္က ေဒသခံေတြဟာ ေဘးလႊတ္ရာကို ထြက္ေျပးေရွာင္ေနရသလို႔ အခုဆိုရင္ တိုက္ပြဲေတြေၾကာင့္ စစ္ေဘးေရွာင္ ၅ ေသာင္းေက်ာ္အထိ ရွိေနၿပီလို႔ ရခိုင္လူမႈအဖြဲ႕အစည္းေတြကေျပာဆိုပါတယ္။ သတင္း-ဝဏၰခြာညိဳ
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024