ကလေးငယ်များလုံခြုံမှုရှိရန် ဇင်းကျိုက်မူကြိုကျောင်းတွင် CCTV ကင်မရာများ တပ်ဆင်

နေပြည်တော်ရှိ Wisdom Hill မူကြိုကျောင်းမှ သက်ငယ်မုဒိမ်းမှုနဲ့ပတ်သက်ပြီး မူကြို အရွယ်ကလေးငယ်တွေ လုံခြုံမှုရှိစေဖို့အတွက် ဇင်းကျိုက်မြို့က ရတနာဥယျာဉ် မူလတန်းကြိုကျောင်းမှာ လုံခြုံရေး CCTV ကင်မရာတွေ တပ်ဆင်ခဲ့ပါတယ်။
ပေါင်မြို့နယ်၊ ဇင်းကျိုက်မြို့ရှိ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းကဖွင့်လှစ်ထားတဲ့ ရတနာဥယျာဉ် မူလတန်းကြိုကျောင်းမှာ ဇူလိုင်လ ၂၇ ရက်နေ့က ပြည်ပရောက် ဇင်းကျိုက်သား တဦးဖြစ်သူ Hlaing Tun အကောင့်ပိုင်ရှင်က အခုလိုလှူဒါန်းခဲ့တာလို့ ရတနာဥယျာဉ် မူလတန်းကြိုကျောင်းက သိရပါတယ်။
ရတနာဥယျာဉ် မူလတန်းကြိုကျောင်း၏ ကျောင်းအုပ်ဆရာမ ဒေါ်ခင်မျိုးဆက်က “ကျမ အနေနဲ့ မူကြိုဆရာမလုပ်လာတာ နှစ်ပေါင်းကကြာခဲ့ပါပြီ။ အစတုန်းကဆိုရင် ကျောင်းမှာထိန်းရတဲ့ မိန်းကလေးဖြစ်ဖြစ်၊ ယောကျ်ားလေးဖြစ်ဖြစ် ဒီလိုဖြစ်သွားနိုင်တယ်ဆိုတဲ့ အတွေးမျိုးက တခါမှမရှိခဲ့ပါဘူး။ အခုလိုမျိုး Wisdom Hill ကိစ္စနဲ့ပတ်သက်ပြီးမှ အသိတရားတွေရလာတာပါ။ အခုလို ကလေးတွေလုံခြုံမှုအတွက် လှူဒါန်းပေးတဲ့ အလှူရှင်ကိုလည်း အတိုင်းမသိ ကျေးဇူးတင်ပါတယ်” လို့ ဒီဗွီဘီကိုပြောပါတယ်။
အခုခေတ်ထဲမှာက မိန်းကလေးသက်ငယ်မုဒိမ်းရှိသလို ယောက်ကျားလေးတွေမှာလည်း မဖြစ်နိုင်ဘူးလို့ ဘယ်သူမှမပြောနိုင်ပါဘူး။ အရင်ကဆို ကျောင်းအပြင်မှာ တစုံတယောက် ရောက်လာရင် ထွက်ပြီးကြည့်နေရတယ်။ အခုဆိုရင် စာသင်နေရင်း စားပွဲပေါ်က Monitor မှာ ကြည့်ရုံနဲ့ ဘယ်သူတွေဝင်လာလဲ၊ ဘယ်သူတွေ ဘာလုပ်နေလဲဆိုတာကိုသိနိုင်သလို မှတ်တမ်းလည်း ယူထားနိုင်တော့ အများကြီးအထောက်အကူဖြစ်ကြောင်း ဆရာမ ဒေါ်ခင်မျိုးဆက်က ရှင်းပြခဲ့ပါတယ်။
ရတနာဥယျာဉ် မူလတန်းကြိုကျောင်းကို လွန်ခဲ့တဲ့ ၁၅ နှစ်ဝန်းကျင်ကတည်းက စတင် တည်ထောင်ခဲ့ပြီး လက်ရှိမှာ ကျောင်းသူ/သား ၁၀၀ ဦးကို ဆရာမ ၄ ဦးနဲ့ ထိန်းသိမ်း သင်ကြားပေးနေကာ ကလေးငယ်တွေလုံခြုံမှုအတွက် CCTV ကင်မရာ ၄ လုံးကို ကျောင်းတွင်းနဲ့ကျောင်းအပြင်ဘက်တွေမှာ တပ်ဆင်ထားပါတယ်။
သတင်း - ယူမင်းစိုး
ကေလးငယ္မ်ားလုံၿခဳံမႈရွိရန္ ဇင္းက်ိဳက္မူႀကိဳေက်ာင္းတြင္ CCTV ကင္မရာမ်ား တပ္ဆင္
DVB
ေနျပည္ေတာ္ရွိ Wisdom Hill မူႀကိဳေက်ာင္းမွ သက္ငယ္မုဒိမ္းမႈနဲ႔ပတ္သက္ၿပီး မူႀကိဳ အ႐ြယ္ကေလးငယ္ေတြ လုံၿခဳံမႈရွိေစဖို႔အတြက္ ဇင္းက်ိဳက္ၿမိဳ႕က ရတနာဥယ်ာဥ္ မူလတန္းႀကိဳေက်ာင္းမွာ လုံၿခဳံေရး CCTV ကင္မရာေတြ တပ္ဆင္ခဲ့ပါတယ္။
ေပါင္ၿမိဳ႕နယ္၊ ဇင္းက်ိဳက္ၿမိဳ႕ရွိ မိခင္ႏွင့္ကေလးေစာင့္ေရွာက္ေရးအသင္းကဖြင့္လွစ္ထားတဲ့ ရတနာဥယ်ာဥ္ မူလတန္းႀကိဳေက်ာင္းမွာ ဇူလိုင္လ ၂၇ ရက္ေန႔က ျပည္ပေရာက္ ဇင္းက်ိဳက္သား တဦးျဖစ္သူ Hlaing Tun အေကာင့္ပိုင္ရွင္က အခုလိုလႉဒါန္းခဲ့တာလို႔ ရတနာဥယ်ာဥ္ မူလတန္းႀကိဳေက်ာင္းက သိရပါတယ္။
ရတနာဥယ်ာဥ္ မူလတန္းႀကိဳေက်ာင္း၏ ေက်ာင္းအုပ္ဆရာမ ေဒၚခင္မ်ိဳးဆက္က “က်မ အေနနဲ႔ မူႀကိဳဆရာမလုပ္လာတာ ႏွစ္ေပါင္းကၾကာခဲ့ပါၿပီ။ အစတုန္းကဆိုရင္ ေက်ာင္းမွာထိန္းရတဲ့ မိန္းကေလးျဖစ္ျဖစ္၊ ေယာက်္ားေလးျဖစ္ျဖစ္ ဒီလိုျဖစ္သြားႏိုင္တယ္ဆိုတဲ့ အေတြးမ်ိဳးက တခါမွမရွိခဲ့ပါဘူး။ အခုလိုမ်ိဳး Wisdom Hill ကိစၥနဲ႔ပတ္သက္ၿပီးမွ အသိတရားေတြရလာတာပါ။ အခုလို ကေလးေတြလုံၿခဳံမႈအတြက္ လႉဒါန္းေပးတဲ့ အလႉရွင္ကိုလည္း အတိုင္းမသိ ေက်းဇူးတင္ပါတယ္” လို႔ ဒီဗြီဘီကိုေျပာပါတယ္။
အခုေခတ္ထဲမွာက မိန္းကေလးသက္ငယ္မုဒိမ္းရွိသလို ေယာက္က်ားေလးေတြမွာလည္း မျဖစ္ႏိုင္ဘူးလို႔ ဘယ္သူမွမေျပာႏိုင္ပါဘူး။ အရင္ကဆို ေက်ာင္းအျပင္မွာ တစုံတေယာက္ ေရာက္လာရင္ ထြက္ၿပီးၾကည့္ေနရတယ္။ အခုဆိုရင္ စာသင္ေနရင္း စားပြဲေပၚက Monitor မွာ ၾကည့္႐ုံနဲ႔ ဘယ္သူေတြဝင္လာလဲ၊ ဘယ္သူေတြ ဘာလုပ္ေနလဲဆိုတာကိုသိႏိုင္သလို မွတ္တမ္းလည္း ယူထားႏိုင္ေတာ့ အမ်ားႀကီးအေထာက္အကူျဖစ္ေၾကာင္း ဆရာမ ေဒၚခင္မ်ိဳးဆက္က ရွင္းျပခဲ့ပါတယ္။
ရတနာဥယ်ာဥ္ မူလတန္းႀကိဳေက်ာင္းကို လြန္ခဲ့တဲ့ ၁၅ ႏွစ္ဝန္းက်င္ကတည္းက စတင္ တည္ေထာင္ခဲ့ၿပီး လက္ရွိမွာ ေက်ာင္းသူ/သား ၁၀၀ ဦးကို ဆရာမ ၄ ဦးနဲ႔ ထိန္းသိမ္း သင္ၾကားေပးေနကာ ကေလးငယ္ေတြလုံၿခဳံမႈအတြက္ CCTV ကင္မရာ ၄ လုံးကို ေက်ာင္းတြင္းနဲ႔ေက်ာင္းအျပင္ဘက္ေတြမွာ တပ္ဆင္ထားပါတယ္။
သတင္း - ယူမင္းစိုး