ရုရှား ဆန္ဒပြသူများကို ရဲတပ်ဖွဲ့ အင်အားသုံးဖြိုခွင်း၊ လူ ၈ဝဝ ခန့်ကို ဖမ်းဆီး

807
ရုရှားနိုင်ငံ မြို့တော် မော်စကိုမှာ သြဂုတ်လ ၃ ရက်နေ့က လွတ်လပ်တဲ့ ရွေးကောက်ပွဲ ကျင်းပပေးရေး တောင်းဆိုတဲ့ ဆန္ဒပြသူတွေကို ရုရှားရဲတပ်ဖွဲ့က အင်အားသုံး ဖြိုခွင်းခဲ့ပြီး ဆန္ဒပြသူ အယောက် ၈၀၀ နီးပါးကို ဖမ်းဆီးခဲ့တယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။
အဲဒီဆန္ဒပြပွဲဟာ တရားမဝင်ဘူးလို့ အာဏာပိုင်တွေက ကနဦး သတိပေးခဲ့ပါတယ်။ အဖမ်းခံရသူတွေထဲမှာ လူသိများတဲ့ ရုရှား နိုင်ငံရေးတက်ကြွလှုပ်ရှားသူ လူဗို့ဆော်ဘီလ်လည်း ပါပါတယ်။
ရဲတပ်ဖွဲ့ဟာ ဆန္ဒပြသူ ၆၈၅ ဦးကို ဖမ်းဆီးခဲ့ပြီး လမ်းပေါ်လဲကျနေတဲ့ ဆန္ဒပြသူတစ်ချို့ကို နံပါတ်တုတ်တွေနဲ့ ရိုက်နှက်ခဲ့တယ်လို့ အမှီအခိုကင်းတဲ့ စောင့်ကြည့်ရေးအဖွဲ့ OVD-Info က ပြောပါတယ်။
ဆန္ဒပြပွဲကို လူအယောက် ၁၅၀၀ ကျော် တက်ရောက်ခဲ့ပြီး အယောက် ၆၀၀ကျော်ကို ဖမ်းဆီးခဲ့တယ်လို့ ရုရှားရဲတပ်ဖွဲ့က ပြောပါတယ်။
စက်တင်ဘာလမှာ ကျင်းပမယ့် မော်စကိုမြို့ ဒေသန္တရရွေးကောက်ပွဲမှာ အတိုက်အခံ ကိုယ်စားလှယ်တွေကို ဝင်ပြိုင်လို့မရအောင် ပိတ်ပိင်တားမြစ်နေတာကြောင့် ဆန္ဒပြသူတွေက ဒေါသထွက်ခဲ့ကြတာပါ။
ကိုယ်စားလှယ်လောင်း အများစုဟာ ကိုယ်စားလှယ်အဖြစ်နဲ့ ရွေးကောက်ပွဲ ဝင်ဖို့ လိုအပ်တဲ့ လက်မှတ်တွေ ပြည့်မီအောင် မရထားဘူးလို့ ရုရှားရွေးကောက်ပွဲ ကော်မရှင်က ပြောအပြီးမှာ အတိုက်အခံ ခေါင်းဆောင်တွေက အပြင်းအထန် ဆန့်ကျင် ကန့်ကွက်ခဲ့ကြပါတယ်။
Zawgyi Version ႐ုရွား ဆႏၵျပသူမ်ားကို ရဲတပ္ဖြဲ႕ အင္အားသုံးၿဖိဳခြင္း၊ လူ ၈ဝဝ ခန႔္ကို ဖမ္းဆီး DVB ႐ုရွားႏိုင္ငံ ၿမိဳ႕ေတာ္ ေမာ္စကိုမွာ ၾသဂုတ္လ ၃ ရက္ေန႔က လြတ္လပ္တဲ့ ေ႐ြးေကာက္ပြဲ က်င္းပေပးေရး ေတာင္းဆိုတဲ့ ဆႏၵျပသူေတြကို ႐ုရွားရဲတပ္ဖြဲ႕က အင္အားသုံး ၿဖိဳခြင္းခဲ့ၿပီး ဆႏၵျပသူ အေယာက္ ၈၀၀ နီးပါးကို ဖမ္းဆီးခဲ့တယ္လို႔ ႐ိုက္တာသတင္းဌာနက ေဖာ္ျပပါတယ္။ အဲဒီဆႏၵျပပြဲဟာ တရားမဝင္ဘူးလို႔ အာဏာပိုင္ေတြက ကနဦး သတိေပးခဲ့ပါတယ္။ အဖမ္းခံရသူေတြထဲမွာ လူသိမ်ားတဲ့ ႐ုရွား ႏိုင္ငံေရးတက္ႂကြလႈပ္ရွားသူ လူဗို႔ေဆာ္ဘီလ္လည္း ပါပါတယ္။ ရဲတပ္ဖြဲ႕ဟာ ဆႏၵျပသူ ၆၈၅ ဦးကို ဖမ္းဆီးခဲ့ၿပီး လမ္းေပၚလဲက်ေနတဲ့ ဆႏၵျပသူတစ္ခ်ိဳ႕ကို နံပါတ္တုတ္ေတြနဲ႔ ႐ိုက္ႏွက္ခဲ့တယ္လို႔ အမွီအခိုကင္းတဲ့ ေစာင့္ၾကည့္ေရးအဖြဲ႕ OVD-Info က ေျပာပါတယ္။ ဆႏၵျပပြဲကို လူအေယာက္ ၁၅၀၀ ေက်ာ္ တက္ေရာက္ခဲ့ၿပီး အေယာက္ ၆၀၀ေက်ာ္ကို ဖမ္းဆီးခဲ့တယ္လို႔ ႐ုရွားရဲတပ္ဖြဲ႕က ေျပာပါတယ္။ စက္တင္ဘာလမွာ က်င္းပမယ့္ ေမာ္စကိုၿမိဳ႕ ေဒသႏၲရေ႐ြးေကာက္ပြဲမွာ အတိုက္အခံ ကိုယ္စားလွယ္ေတြကို ဝင္ၿပိဳင္လို႔မရေအာင္ ပိတ္ပိင္တားျမစ္ေနတာေၾကာင့္ ဆႏၵျပသူေတြက ေဒါသထြက္ခဲ့ၾကတာပါ။ ကိုယ္စားလွယ္ေလာင္း အမ်ားစုဟာ ကိုယ္စားလွယ္အျဖစ္နဲ႔ ေ႐ြးေကာက္ပြဲ ဝင္ဖို႔ လိုအပ္တဲ့ လက္မွတ္ေတြ ျပည့္မီေအာင္ မရထားဘူးလို႔ ႐ုရွားေ႐ြးေကာက္ပြဲ ေကာ္မရွင္က ေျပာအၿပီးမွာ အတိုက္အခံ ေခါင္းေဆာင္ေတြက အျပင္းအထန္ ဆန႔္က်င္ ကန႔္ကြက္ခဲ့ၾကပါတယ္။