A d v e r t i s e m e n t With Us

ပါးပြင်းထောင် ပြန်ပေါက်ရန် ကြိုးစားသည့် မြွေဟောက်ကို အိန္ဒိယတောရိုင်းတိရစ္ဆာန်အဖွဲ့ ဖမ်းဆီး (ရုပ်သံ)

ပါးပြင်းထောင် ပြန်ပေါက်ရန် ကြိုးစားသည့် မြွေဟောက်ကို အိန္ဒိယတောရိုင်းတိရစ္ဆာန်အဖွဲ့ ဖမ်းဆီး (ရုပ်သံ) DVB အိန္ဒိယနိုင်ငံ မြောက်ပိုင်းက ကျေးရွာတရွာမှာ သြဂုတ် ၁ ရက်က ဂိုဒေါင်ထဲကို မြွေဟောက်တကောင် ဝင်နေတာကြောင့် ဒေသခံရွာသားတွေနဲ့ တောရိုင်းတိရစ္ဆာန် ကျွမ်းကျင်သူတဦးတို့ ပူးပေါင်းပြီး ဖမ်းခဲ့ရပါတယ်။  မြွေဟောက်ဟာ ပါးပြင်းထောင်နေပြီး သူတို့ ဖမ်းနေချိန်အတွင်း  ပြန်ပေါက်ဖို့ ကြိုးစားနေတဲ့ ရုပ်သံဖိုင်ကို ရိုက်တာသတင်းဌာနက ဖော်ပြခဲ့ပါတယ်။  လက်ရှိမှာတော့ အဲဒီမြွေဟောက်ကို အိတ်တအိတ်ထဲမှာ ထည့်ထားပြီး တောထဲကို ပြန်လွှတ်ပေးသွားမယ်လို့ တောရိုင်းတိရစ္ဆာန်ကျွမ်းကျင်သူ အာရှိရှ် ထရစ်ပါတီက ပြောပါတယ်။ အိန္ဒိယမြွေဟောက်လို့ လူသိများတဲ့ အဲဒီမြွေဟောက်မျိုးစိတ်တွေကို အိန္ဒိယနိုင်ငံတလွှား တွေ့ရလေ့ရှိပြီး အဆိပ်အပြင်းဆုံး မြွေအမျိုးအစားထဲမှာ ပါပါတယ်။
Zawgyi Version ပါးျပင္းေထာင္ ျပန္ေပါက္ရန္ ႀကိဳးစားသည့္ ေႁမြေဟာက္ကို အိႏၵိယေတာ႐ိုင္းတိရစာၦန္အဖြဲ႕ ဖမ္းဆီး (႐ုပ္သံ) DVB အိႏၵိယႏိုင္ငံ ေျမာက္ပိုင္းက ေက်း႐ြာတ႐ြာမွာ ၾသဂုတ္ ၁ ရက္က ဂိုေဒါင္ထဲကို ေႁမြေဟာက္တေကာင္ ဝင္ေနတာေၾကာင့္ ေဒသခံ႐ြာသားေတြနဲ႔ ေတာ႐ိုင္းတိရစာၦန္ ကြၽမ္းက်င္သူတဦးတို႔ ပူးေပါင္းၿပီး ဖမ္းခဲ့ရပါတယ္။ ေႁမြေဟာက္ဟာ ပါးျပင္းေထာင္ေနၿပီး သူတို႔ ဖမ္းေနခ်ိန္အတြင္း  ျပန္ေပါက္ဖို႔ ႀကိဳးစားေနတဲ့ ႐ုပ္သံဖိုင္ကို ႐ိုက္တာသတင္းဌာနက ေဖာ္ျပခဲ့ပါတယ္။ လက္ရွိမွာေတာ့ အဲဒီေႁမြေဟာက္ကို အိတ္တအိတ္ထဲမွာ ထည့္ထားၿပီး ေတာထဲကို ျပန္လႊတ္ေပးသြားမယ္လို႔ ေတာ႐ိုင္းတိရစာၦန္ကြၽမ္းက်င္သူ အာရွိရွ္ ထရစ္ပါတီက ေျပာပါတယ္။ အိႏၵိယေႁမြေဟာက္လို႔ လူသိမ်ားတဲ့ အဲဒီေႁမြေဟာက္မ်ိဳးစိတ္ေတြကို အိႏၵိယႏိုင္ငံတလႊား ေတြ႕ရေလ့ရွိၿပီး အဆိပ္အျပင္းဆုံး ေႁမြအမ်ိဳးအစားထဲမွာ ပါပါတယ္။

A d v e r t i s e m e n t With Us

More News
Up