Home
မြန်မာသတင်း
Rosewood Yangon အဆောက်အအုံကို အပြာရောင် ကမ္ဗည်းပြားတပ်ဆင်
သူဇာလင်း
·
August 4, 2019
Rosewood Yangon အဆောက်အအုံကို ရန်ကုန်မြို့ပြအမွေအနှစ်အဖြစ် ၃၁ ခုမြောက် ကမ္ပည်းတပ်ဆင်ခဲ့တာဖြစ်ပါတယ်။  ရန်ကုန်မြို့မှာ သမိုင်းဝင် အထင်ကရအဆောက်အအုံတွေကို လူသိများလာဖို့နဲ့   မြို့ပြအမွေအနှစ်အဖြစ် ထိမ်းသိန်းစောင့်ရှောက်နိုင်ဖို့အတွက် ရည်ရွယ်ပြီး အပြာရောင်ကမ္ဗည်းပြားတွေကို တပ်ဆင်ရတာဖြစ်တယ်လို့ ရန်ကုန်မြို့ပြအမွေအနှစ်ထိမ်းသိန်း စောင့်ရှောက်ရေးအဖွဲ့ဒါရိုက်တာ ဒေါ်မိုးမိုးလွင်က ပြောပါတယ်။ ကျောက်တံတားမြို့နယ် ဆူးလေဘုရားလမ်းနဲ့ ဘဏ်လမ်းမှာရှိတဲ့ အရင်တရားရုံးသစ် Rosewood Yangon ကတော့ တရားရုံးအဖြစ် ၁၉၂၇-၁၉၃၁ ခုနှစ်အတွင်းဆောက်လုပ်ခဲ့တာပါ။ မေရိကန်ဒေါ်လာ ၁၀၀ မီလီယမ်အကုန်အကျခံကာ ပြန်လည်ပြုပြင်ခဲ့တာဖြစ်ပြီး ဟိုတယ်အခန်းပေါင်း ၂၀၅ ခန်းပါရှိတာဖြစ်ပါတယ်။ Rosewood Yangon  ကို ပုဂ္ဂလိကကို လွှဲပြောင်းငှားရမ်းခဲ့တာဖြစ်ပြီး အခုလို ဟိုတယ်တယ်အဖြစ် ပြန်လည်အသုံးပြုတာက ပြင်တွင်းမှာမှာရှိတဲ့ လူငယ်တွေကို အလုပ်အကိုင်အခွင့်အလန်းတွေပါ ပေးနိုင်ခဲ့တယ်လို့ Rosewood Yangon ရဲ့ တာဝန်ရှိသူက ပြောပါတယ်။ အခမ်းအနားကို တက်ရောက်လာတဲ့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကလည်း ရန်ကုန်မြို့တော်ကြီးကို စိမ်းလန်းပြီးနေချင်စဖွယ်မြို့တော်ကြီးဖြစ်ဖို့အောင်  ရည်မှန်းချက်ထား ကြိုးစားနေတယ်လို့ဆိုပါတယ်။  ဒါ့အပြင်  ဒီရည်မှန်းချက်ထဲမှာ မြို့ပြအမွေအနှစ်ထိန်းသိမ်းတာက နံပါတ်တစ်ရည်မှန်းချက်ဖြစ်တယ်လို့ပြောပါတယ်။  ဒါကြောင့် သမိုင်းတွေကိုကို သိပြီး၊ အနာဂတ်ကို အကောင်းဆုံးပုံဖော်နိုင်ဖို့ဆိုရင်  လူငယ်မျိုးဆက်သစ်အတွက် မြို့ပြအမွေအနှစ်တွေကို လက်ဆင့်ကမ်းပေးနိုင်ဖို့လိုအပ်တယ်လို့ သြဂုတ်လ ၄ ရက်နေ့က အရင်က တရားရုံးသစ် အဆောက်အအုံကို  Rosewood Yangon အဆောက်အအုံကို အပြာရောင် ကမ္ပည်းပြားတပ်ဆင်တဲ့အခမ်းအနားမှာ ပြောခဲ့တာပါ။    နောက်ထပ်လည်း ရန်ကုန်မြို့ ဆူးလေဘုရားလမ်းတောင့်မှာရှိတဲ့ ဟိုတယ်ခရီး အဆောက်အအုံနဲ့ ဗိုလ်ဆွန်ပက်လမ်းမှာရှိတဲ့ အိပ်ဆာဆီယာဟိုတယ်တွေကိုလည်း အပြာရောင် ကမ္ပည်းပြားတပ်ဆင်သွားမယ်လို့ ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က ပြောပါတယ်။
Rosewood Yangon အေဆာက္အအုံကို အျပာေရာင္ ကမၺည္းျပားတပ္ဆင္ သူဇာလင္း Rosewood Yangon အေဆာက္အအုံကို ရန္ကုန္ၿမိဳ႕ျပအေမြအႏွစ္အျဖစ္ ၃၁ ခုေျမာက္ ကမၸည္းတပ္ဆင္ခဲ့တာျဖစ္ပါတယ္။ ရန္ကုန္ၿမိဳ႕မွာ သမိုင္းဝင္ အထင္ကရအေဆာက္အအုံေတြကို လူသိမ်ားလာဖို႔နဲ႔ ၿမိဳ႕ျပအေမြအႏွစ္အျဖစ္ ထိမ္းသိန္းေစာင့္ေရွာက္ႏိုင္ဖို႔အတြက္ ရည္႐ြယ္ၿပီး အျပာေရာင္ကမၺည္းျပားေတြကို တပ္ဆင္ရတာျဖစ္တယ္လို႔ ရန္ကုန္ၿမိဳ႕ျပအေမြအႏွစ္ထိမ္းသိန္း ေစာင့္ေရွာက္ေရးအဖြဲ႕ဒါ႐ိုက္တာ ေဒၚမိုးမိုးလြင္က ေျပာပါတယ္။ ေက်ာက္တံတားၿမိဳ႕နယ္ ဆူးေလဘုရားလမ္းနဲ႔ ဘဏ္လမ္းမွာရွိတဲ့ အရင္တရား႐ုံးသစ္ Rosewood Yangon ကေတာ့ တရား႐ုံးအျဖစ္ ၁၉၂၇-၁၉၃၁ ခုႏွစ္အတြင္းေဆာက္လုပ္ခဲ့တာပါ။ ေမရိကန္ေဒၚလာ ၁၀၀ မီလီယမ္အကုန္အက်ခံကာ ျပန္လည္ျပဳျပင္ခဲ့တာျဖစ္ၿပီး ဟိုတယ္အခန္းေပါင္း ၂၀၅ ခန္းပါရွိတာျဖစ္ပါတယ္။ Rosewood Yangon ကို ပုဂၢလိကကို လႊဲေျပာင္းငွားရမ္းခဲ့တာျဖစ္ၿပီး အခုလို ဟိုတယ္တယ္အျဖစ္ ျပန္လည္အသုံးျပဳတာက ျပင္တြင္းမွာမွာရွိတဲ့ လူငယ္ေတြကို အလုပ္အကိုင္အခြင့္အလန္းေတြပါ ေပးႏိုင္ခဲ့တယ္လို႔ Rosewood Yangon ရဲ႕ တာဝန္ရွိသူက ေျပာပါတယ္။ အခမ္းအနားကို တက္ေရာက္လာတဲ့ ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းကလည္း ရန္ကုန္ၿမိဳ႕ေတာ္ႀကီးကို စိမ္းလန္းၿပီးေနခ်င္စဖြယ္ၿမိဳ႕ေတာ္ႀကီးျဖစ္ဖို႔ေအာင္ ရည္မွန္းခ်က္ထား ႀကိဳးစားေနတယ္လို႔ဆိုပါတယ္။ ဒါ့အျပင္ ဒီရည္မွန္းခ်က္ထဲမွာ ၿမိဳ႕ျပအေမြအႏွစ္ထိန္းသိမ္းတာက နံပါတ္တစ္ရည္မွန္းခ်က္ျဖစ္တယ္လို႔ေျပာပါတယ္။ ဒါေၾကာင့္ သမိုင္းေတြကိုကို သိၿပီး၊ အနာဂတ္ကို အေကာင္းဆုံးပုံေဖာ္ႏိုင္ဖို႔ဆိုရင္ လူငယ္မ်ိဳးဆက္သစ္အတြက္ ၿမိဳ႕ျပအေမြအႏွစ္ေတြကို လက္ဆင့္ကမ္းေပးႏိုင္ဖို႔လိုအပ္တယ္လို႔ ၾသဂုတ္လ ၄ ရက္ေန႔က အရင္က တရား႐ုံးသစ္ အေဆာက္အအုံကို Rosewood Yangon အေဆာက္အအုံကို အျပာေရာင္ ကမၸည္းျပားတပ္ဆင္တဲ့အခမ္းအနားမွာ ေျပာခဲ့တာပါ။ ေနာက္ထပ္လည္း ရန္ကုန္ၿမိဳ႕ ဆူးေလဘုရားလမ္းေတာင့္မွာရွိတဲ့ ဟိုတယ္ခရီး အေဆာက္အအုံနဲ႔ ဗိုလ္ဆြန္ပက္လမ္းမွာရွိတဲ့ အိပ္ဆာဆီယာဟိုတယ္ေတြကိုလည္း အျပာေရာင္ ကမၸည္းျပားတပ္ဆင္သြားမယ္လို႔ ရန္ကုန္ၿမိဳ႕ျပ အေမြအႏွစ္ ထိန္းသိမ္းေစာင့္ေရွာက္ေရးအဖြဲ႕က ေျပာပါတယ္။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024