ရုရှားတောမီး ဟတ်တာ ၃.၁ သန်းကျော်ထိ ပျံ့နှံ့၊ အရေးပေါ် မီးငြှိမ်းသတ်နေရ

793
ရုရှားနိုင်ငံ ဆားဘီးယားဒေသမှာ အကြီးအကျယ်တောမီးတောင်နေတာကြောင့် သြဂုတ်လ ၃ ရက်နေ့အထိ ရုရှား အရေးပေါ် ဝန်ထမ်းတွေ မီးငြှိမ်းသတ်နေရပါတယ်။
ဆားဘီးယား တောမီးဟာ မြေဧရိယာ ဟတ်တာ ၃ ဒဿမ ၁ သန်းကျော်အထိ ပျံ့နှံ့နေပြီး အဲဒီအကျယ်အဝန်းဟာ ဘယ်လ်ဂျီယံနိုင်ငံ အရွယ်အစားလောက်ရှိတယ်လို့ ရိုက်တာ သတင်းဌာနက ဖော်ပြပါတယ်။
တောမီးလောင်နေတဲ့ ဧရိယာထဲမှာ ခရစ္စနာ့ယာခ်၊ ယီခူ့ထှာ၊ အီယာခုစ့် စတဲ့ သစ်တောဧရိယာတွေ ပါနေတာကြောင့် သဘာဝပတ်ဝန်းကျင် ဂေဟစနစ်ကို ပျက်စီးနိုင်တယ်လို့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းသူတွေက ပြောပါတယ်။
လက်ရှိမှာတော တောမီးငြှိမ်းသတ်နေတဲ့ မီးသတ်သမားတွေကို ကူညီဖို့ စစ်လေယာဉ်တွေကိုလည်း စေလွှတ်ထားတယ်လို့ ရုရှားအစိုးရက ပြောပါတယ်။
Zawgyi Version ႐ုရွားေတာမီး ဟတ္တာ ၃.၁ သန္းေက်ာ္ထိ ပ်ံ႕ႏွံ႔၊ အေရးေပၚ မီးျငႇိမ္းသတ္ေနရ DVB ႐ုရွားႏိုင္ငံ ဆားဘီးယားေဒသမွာ အႀကီးအက်ယ္ေတာမီးေတာင္ေနတာေၾကာင့္ ၾသဂုတ္လ ၃ ရက္ေန႔အထိ ႐ုရွား အေရးေပၚ ဝန္ထမ္းေတြ မီးျငႇိမ္းသတ္ေနရပါတယ္။ ဆားဘီးယား ေတာမီးဟာ ေျမဧရိယာ ဟတ္တာ ၃ ဒႆမ ၁ သန္းေက်ာ္အထိ ပ်ံ႕ႏွံ႔ေနၿပီး အဲဒီအက်ယ္အဝန္းဟာ ဘယ္လ္ဂ်ီယံႏိုင္ငံ အ႐ြယ္အစားေလာက္ရွိတယ္လို႔ ႐ိုက္တာ သတင္းဌာနက ေဖာ္ျပပါတယ္။ ေတာမီးေလာင္ေနတဲ့ ဧရိယာထဲမွာ ခရစၥနာ့ယာခ္၊ ယီခူ႔ထွာ၊ အီယာခုစ့္ စတဲ့ သစ္ေတာဧရိယာေတြ ပါေနတာေၾကာင့္ သဘာဝပတ္ဝန္းက်င္ ေဂဟစနစ္ကို ပ်က္စီးႏိုင္တယ္လို႔ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းသူေတြက ေျပာပါတယ္။ လက္ရွိမွာေတာ ေတာမီးျငႇိမ္းသတ္ေနတဲ့ မီးသတ္သမားေတြကို ကူညီဖို႔ စစ္ေလယာဥ္ေတြကိုလည္း ေစလႊတ္ထားတယ္လို႔ ႐ုရွားအစိုးရက ေျပာပါတယ္။