Home
မြန်မာသတင်း
နမ့်ပန်ငါးချောင်း ရေအားလျှပ်စစ်စီမံကိန်းကို ဒေသခံများ ကန့်ကွက် 
DVB
·
August 4, 2019
စစ်ကိုင်းတိုင်း၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ် သဝန်တိုက်နယ်ဒေသအတွင်းမှာပါဝင်တဲ့ နမ့်ပန်ငါးချောင်း ရေအားလျှပ်စစ်စီမံကိန်းအကောင်အထည်ဖော်မှာကို ဒေသခံပြည်သူတွေက ကန့်ကွက်နေကြပါတယ်။ စစ်ကိုင်းတိုင်း ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီးနဲ့ ရေအားလျှပ်စစ်အကောင်အထည် ဖော်ဆောင်ရေး တာ၀န်ရှိသူတွေနဲ့ ဒေသခံပြည်သူ‌တွေ့ဆုံပွဲကို သြဂုတ် ၃ ရက်နေ့က သဝန်ထွက်ဝ ဘုန်းတော်ကြီးကျောင်းဝန်းအတွင်းမှာ ပြုလုပ်ခဲ့ပါတယ်။ တွေ့ဆုံပွဲမှာ ဒေသခံပြည်သူတွေက အကောင်ထည်ဖော်မယ့် နမ့်ပန်ငါးချောင်း ရေအားလျှပ်စစ်နဲ့ပတ်သက်ပြီး သိလိုတဲ့ အချက်အလက်များကိုမေးမြန်းရာ တိကျတဲ့အဖြေမရရှိခဲ့ တာကြောင့် ဒေသခံပြည်သူတွေက ကန့်ကွက်ခဲ့ကြတာပါ။ သဝန်ထွက်ဝ ဘုန်းတော်ကြီးကျောင်း ဆရာတော် ဦးဝိရောစနက “ရေအားလျှပ်စစ်နဲ့ ပတ်သက်ပြီး ဆွေးနွေးတဲ့အခါ ပြည်သူတွေသိချင်တဲ့ အချက်အလက်များကိုလည်း ကျွမ်းကျင်ပညာရှင်များက ဂဃနဏ ရေရေလည်လည်ပြောမသွားပါဘူး။ နောက်ထပ် ပညာရှင်တွေလာတဲ့အခါမှ ပြောကြားပေးမယ်လို့ ပြောသွားတယ်။ ၂၀၁၆ ခုနှစ်မှ စတင်သိရှိခဲ့ရပြီး ဒေသခံတွေရဲ့ဆန္ဒက ရေအားလျှပ်စစ်က အန္တရာယ်ရှိတယ်။ ဆိုးကျိုးတွေရှိတဲ့အတွက် ကန့်ကွက်လွှာတွေ အတန်တန်တင်ခဲ့တယ်။ အဲဒီလိုတင်ခဲ့ပေမယ့်လည်း ယနေ့တိုင်ရပ်ဆိုင်းခြင်း မရှိခဲ့လို့ ပြည်သူတွေရဲ့ ပူပန်သောက စိတ်နှလုံးအေးအောင် ဖြေရှင်းပေးကြဖို့။”  မိန့်ပါတယ်။ သဝန်ထွက်ဝရွာနေ ဒေါ်သန်းမြင့်က “ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးညွန့် လာပြောတုန်းက နမ့်ပန်ငါးချောင်းရေအား လျှပ်စစ်ကြီးကိုတည်ဆောက်ဖို့ လူ ၁၀၀ မှာ ၈၀ ရာခိုင်နှုန်း ကောင်းစားရင် ၂၀ ရာခိုင်နှုန်း ပျက်စီးမှာပဲလို့ ပြောစဉ်ကတည်းက ဒေသခံတွေက လက်မခံခဲ့ပါဘူး။ အဲဒီလိုလာပြောပြီးနောက်မှာ နှစ်စဉ်အကြိမ်ကြိမ်စာတင်ခဲ့တယ်။ သမ္မတရုံးက ပြန်စာရခဲ့တယ်။ အဲဒီပြန်စာက ပြည်သူလူထုသဘောမတူရင် သူတို့လာပြီးတော့ စစ်ဆေးပါ့မယ်ပြောပါတယ်။” နမ့်ပန်ငါးချောင်းရေဟာ အိန္ဒိယနိုင်ငံမှမြစ်ဖျားခံကာ ဟုမ္မလင်းမြို့နယ် ဌာနေရှမ်းနီ တိုင်းရင်းသားအများစုရှိရာ သဝန်ကျေးရွာအုပ်စုတွေကို တောင်ရိုးနှစ်ဘက်ညှပ်ကာ စီးဆင်းလာတာ ဖြစ်ပါတယ်။  ဒေသခံပြည်သူတွေက လက်ရှိအခြေနေမှာတောင် မိုးကောင်းလာပြီဆိုရင် နေအိမ်တွေနဲ့ လယ်ကွက်တွေပါ ရေမြုပ်ခံရနေတာကြောင့် အခက်အခဲတွေ ရင်ဆိုင်နေကြရပြီး ရေအားလျှပ်စစ်ကြီး တည်ဆောက်မယ်ကြားကတည်းက ရေကြီးမှုဒဏ်ကို ပိုမိုခံစားရမှာကို စိုးရိမ်နေကြတယ်လို့ ဒေသခံ ဦးသိန်းမြင့်က ပြောပါတယ်။ “ရေအားလျှပ်စစ်နဲ့ပတ်သက်ပြီး လာရှင်းပြတာကလည်း နှစ်ခြိုက်သဘောတူစရာမပါဘူး။ ရေအားလျှပ်စစ်နဲ့ပတ်သက်ပြီး အန္တရာယ်ကျမှာစိုးလို့ မိုးများလို့ရှိရင် ကျေးရွာတွေ ရေနစ်မြုပ်မှာစိုးလို့ ဆောက်လုပ်မှာကို ကန့်ကွက်တာ” လို့ ပြောပါတယ်။ နမ့်ပန်ငါးချောင်းအနီးမှာရှိတဲ့ သဝန်တိုက်နယ်ဒေသမှာ သဝန်ဖာနိုင်းကျေးရွာအုပ်စု၊ ဂွေးတောက်ကုန်းကျေးရွာအုပ်စု၊ ခတောင်ပွင့်ကျေးရွာအုပ်စုတို့ပါဝင်ပြီး ကျေးရွာပေါင်း ၁၂ ရွာရှိကာ လူဦးရေ ၁၀,၀၀၀ လောက် နေထိုင်ကြတာပါ။ နမ့်ပန်ငါးချောင်းရေအားလျှပ်စစ်နဲ့ပတ်သက်ပြီး တက်ရောက်လာတဲ့ ရေအားလျှပ်စစ် အကောင်ထည်ဖော်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးကို ဒီဗွီဘီက မေးမြန်းခဲ့ပေမယ့် ဖြေဆိုဖို့ ငြင်းဆိုသွားပါတယ်။ ဌေးလှိုင်
နမ့္ပန္ငါးေခ်ာင္း ေရအားလွ်ပ္စစ္စီမံကိန္းကို ေဒသခံမ်ား ကန႔္ကြက္ DVB စစ္ကိုင္းတိုင္း၊ ခႏၲီးခ႐ိုင္၊ ဟုမၼလင္းၿမိဳ႕နယ္ သဝန္တိုက္နယ္ေဒသအတြင္းမွာပါဝင္တဲ့ နမ့္ပန္ငါးေခ်ာင္း ေရအားလွ်ပ္စစ္စီမံကိန္းအေကာင္အထည္ေဖာ္မွာကို ေဒသခံျပည္သူေတြက ကန႔္ကြက္ေနၾကပါတယ္။ စစ္ကိုင္းတိုင္း ရွမ္းတိုင္းရင္းသားေရးရာဝန္ႀကီးနဲ႔ ေရအားလွ်ပ္စစ္အေကာင္အထည္ ေဖာ္ေဆာင္ေရး တာ၀န္ရွိသူေတြနဲ႔ ေဒသခံျပည္သူ‌ေတြ႕ဆုံပြဲကို ၾသဂုတ္ ၃ ရက္ေန႔က သဝန္ထြက္ဝ ဘုန္းေတာ္ႀကီးေက်ာင္းဝန္းအတြင္းမွာ ျပဳလုပ္ခဲ့ပါတယ္။ ေတြ႕ဆုံပြဲမွာ ေဒသခံျပည္သူေတြက အေကာင္ထည္ေဖာ္မယ့္ နမ့္ပန္ငါးေခ်ာင္း ေရအားလွ်ပ္စစ္နဲ႔ပတ္သက္ၿပီး သိလိုတဲ့ အခ်က္အလက္မ်ားကိုေမးျမန္းရာ တိက်တဲ့အေျဖမရရွိခဲ့ တာေၾကာင့္ ေဒသခံျပည္သူေတြက ကန႔္ကြက္ခဲ့ၾကတာပါ။ သဝန္ထြက္ဝ ဘုန္းေတာ္ႀကီးေက်ာင္း ဆရာေတာ္ ဦးဝိေရာစနက “ေရအားလွ်ပ္စစ္နဲ႔ ပတ္သက္ၿပီး ေဆြးေႏြးတဲ့အခါ ျပည္သူေတြသိခ်င္တဲ့ အခ်က္အလက္မ်ားကိုလည္း ကြၽမ္းက်င္ပညာရွင္မ်ားက ဂဃနဏ ေရေရလည္လည္ေျပာမသြားပါဘူး။ ေနာက္ထပ္ ပညာရွင္ေတြလာတဲ့အခါမွ ေျပာၾကားေပးမယ္လို႔ ေျပာသြားတယ္။ ၂၀၁၆ ခုႏွစ္မွ စတင္သိရွိခဲ့ရၿပီး ေဒသခံေတြရဲ႕ဆႏၵက ေရအားလွ်ပ္စစ္က အႏၲရာယ္ရွိတယ္။ ဆိုးက်ိဳးေတြရွိတဲ့အတြက္ ကန႔္ကြက္လႊာေတြ အတန္တန္တင္ခဲ့တယ္။ အဲဒီလိုတင္ခဲ့ေပမယ့္လည္း ယေန႔တိုင္ရပ္ဆိုင္းျခင္း မရွိခဲ့လို႔ ျပည္သူေတြရဲ႕ ပူပန္ေသာက စိတ္ႏွလုံးေအးေအာင္ ေျဖရွင္းေပးၾကဖို႔။”  မိန႔္ပါတယ္။ သဝန္ထြက္ဝ႐ြာေန ေဒၚသန္းျမင့္က “ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးမ်ိဳးၫြန႔္ လာေျပာတုန္းက နမ့္ပန္ငါးေခ်ာင္းေရအား လွ်ပ္စစ္ႀကီးကိုတည္ေဆာက္ဖို႔ လူ ၁၀၀ မွာ ၈၀ ရာခိုင္ႏႈန္း ေကာင္းစားရင္ ၂၀ ရာခိုင္ႏႈန္း ပ်က္စီးမွာပဲလို႔ ေျပာစဥ္ကတည္းက ေဒသခံေတြက လက္မခံခဲ့ပါဘူး။ အဲဒီလိုလာေျပာၿပီးေနာက္မွာ ႏွစ္စဥ္အႀကိမ္ႀကိမ္စာတင္ခဲ့တယ္။ သမၼတ႐ုံးက ျပန္စာရခဲ့တယ္။ အဲဒီျပန္စာက ျပည္သူလူထုသေဘာမတူရင္ သူတို႔လာၿပီးေတာ့ စစ္ေဆးပါ့မယ္ေျပာပါတယ္။” နမ့္ပန္ငါးေခ်ာင္းေရဟာ အိႏၵိယႏိုင္ငံမွျမစ္ဖ်ားခံကာ ဟုမၼလင္းၿမိဳ႕နယ္ ဌာေနရွမ္းနီ တိုင္းရင္းသားအမ်ားစုရွိရာ သဝန္ေက်း႐ြာအုပ္စုေတြကို ေတာင္႐ိုးႏွစ္ဘက္ညႇပ္ကာ စီးဆင္းလာတာ ျဖစ္ပါတယ္။ ေဒသခံျပည္သူေတြက လက္ရွိအေျခေနမွာေတာင္ မိုးေကာင္းလာၿပီဆိုရင္ ေနအိမ္ေတြနဲ႔ လယ္ကြက္ေတြပါ ေရျမဳပ္ခံရေနတာေၾကာင့္ အခက္အခဲေတြ ရင္ဆိုင္ေနၾကရၿပီး ေရအားလွ်ပ္စစ္ႀကီး တည္ေဆာက္မယ္ၾကားကတည္းက ေရႀကီးမႈဒဏ္ကို ပိုမိုခံစားရမွာကို စိုးရိမ္ေနၾကတယ္လို႔ ေဒသခံ ဦးသိန္းျမင့္က ေျပာပါတယ္။ “ေရအားလွ်ပ္စစ္နဲ႔ပတ္သက္ၿပီး လာရွင္းျပတာကလည္း ႏွစ္ၿခိဳက္သေဘာတူစရာမပါဘူး။ ေရအားလွ်ပ္စစ္နဲ႔ပတ္သက္ၿပီး အႏၲရာယ္က်မွာစိုးလို႔ မိုးမ်ားလို႔ရွိရင္ ေက်း႐ြာေတြ ေရနစ္ျမဳပ္မွာစိုးလို႔ ေဆာက္လုပ္မွာကို ကန႔္ကြက္တာ” လို႔ ေျပာပါတယ္။ နမ့္ပန္ငါးေခ်ာင္းအနီးမွာရွိတဲ့ သဝန္တိုက္နယ္ေဒသမွာ သဝန္ဖာႏိုင္းေက်း႐ြာအုပ္စု၊ ေဂြးေတာက္ကုန္းေက်း႐ြာအုပ္စု၊ ခေတာင္ပြင့္ေက်း႐ြာအုပ္စုတို႔ပါဝင္ၿပီး ေက်း႐ြာေပါင္း ၁၂ ႐ြာရွိကာ လူဦးေရ ၁၀,၀၀၀ ေလာက္ ေနထိုင္ၾကတာပါ။ နမ့္ပန္ငါးေခ်ာင္းေရအားလွ်ပ္စစ္နဲ႔ပတ္သက္ၿပီး တက္ေရာက္လာတဲ့ ေရအားလွ်ပ္စစ္ အေကာင္ထည္ေဖာ္ေရးဦးစီးဌာန လက္ေထာက္ၫႊန္ၾကားေရးမႉးကို ဒီဗြီဘီက ေမးျမန္းခဲ့ေပမယ့္ ေျဖဆိုဖို႔ ျငင္းဆိုသြားပါတယ္။ ေဌးလႈိင္
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024