International Army Games 2019 ပြိုင်ပွဲတွင် မြန်မာ့တပ်မတော် ပါဝင်ယှဉ်ပြိုင်

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမှာမနေ့ကစတင်ကျင်းပတဲ့ International Army Games 2019 ပြိုင်ပွဲမှာ မြန်မာ့တပ်မတော်ကလည်း ဝင်ရောက်ယှဉ်ပြိုင်နေပါတယ်။
တင့်ကားစွမ်းရည်ပြိုင်ပွဲ၊ လက်ဖြောင့်သေနတ်ပစ်စွမ်းရည်ပြိုင်ပွဲ၊ စစ်မြေပြင် ဆေးတပ်ဖွဲ့ စွမ်းရည်ပြိုင်ပွဲတွေနဲ့ ဆက်စပ်ပြိုင်ပွဲအဖြစ် မြန်မာ့တပ်မတော် ယဉ်ကျေးမှုအဖွဲ့ကလည်း ဝင်ရောက်ယှဉ်ပြိုင် သွားမယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ပါတယ်။
အခုနှစ်ပြိုင်ပွဲမှာတော့ နိုင်ငံပေါင်း ၃၇ နိုင်ငံ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး စစ်မြေပြင် စွမ်းရည်ပြိုင်ပွဲ ၃၂ မျိုးပါဝင်ပါတယ်။
ဒီပြိုင်ပွဲကို အရင်တုန်းကတော့ ရုရှားမှာ Army Games အဖြစ် ကျင်းပနေခဲ့ရာက ၂၀၁၅ ခုနှစ်ကစလို့ နိုင်ငံတကာက တပ်ဖွဲ့တွေကို ဖိတ်ခေါ်ဝင်ရောက်ယှဉ်ပြိုင်စေခဲ့တာပါ။
မနှစ်ကျင်းပတဲ့ ပြိုင်ပွဲမှာလည်း မြန်မာ့တပ်မတော်က ဝင်ပြိုင်ခဲ့ပြီး ပြိုင်ပွဲဝင်နိုင်ငံ ၉ နိုင်ငံ၊ ပြိုင်ပွဲဝင်အသင်း ၁၀ သင်းမှာ နိုင်ငံအလိုက်အဆင့် ၆ နေရာ ရပ်တည်နိုင်ခဲ့ပါတယ်။
International Army Games 2019 ၿပိဳင္ပြဲတြင္ ျမန္မာ့တပ္မေတာ္ ပါဝင္ယွဥ္ၿပိဳင္
DVB
႐ုရွားဖက္ဒေရးရွင္းႏိုင္ငံ၊ ေမာ္စကိုမွာမေန႔ကစတင္က်င္းပတဲ့ International Army Games 2019 ၿပိဳင္ပြဲမွာ ျမန္မာ့တပ္မေတာ္ကလည္း ဝင္ေရာက္ယွဥ္ၿပိဳင္ေနပါတယ္။
တင့္ကားစြမ္းရည္ၿပိဳင္ပြဲ၊ လက္ေျဖာင့္ေသနတ္ပစ္စြမ္းရည္ၿပိဳင္ပြဲ၊ စစ္ေျမျပင္ ေဆးတပ္ဖြဲ႕ စြမ္းရည္ၿပိဳင္ပြဲေတြနဲ႔ ဆက္စပ္ၿပိဳင္ပြဲအျဖစ္ ျမန္မာ့တပ္မေတာ္ ယဥ္ေက်းမႈအဖြဲ႕ကလည္း ဝင္ေရာက္ယွဥ္ၿပိဳင္ သြားမယ္လို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးက ထုတ္ျပန္ပါတယ္။
အခုႏွစ္ၿပိဳင္ပြဲမွာေတာ့ ႏိုင္ငံေပါင္း ၃၇ ႏိုင္ငံ ဝင္ေရာက္ယွဥ္ၿပိဳင္မွာျဖစ္ၿပီး စစ္ေျမျပင္ စြမ္းရည္ၿပိဳင္ပြဲ ၃၂ မ်ိဳးပါဝင္ပါတယ္။
ဒီၿပိဳင္ပြဲကို အရင္တုန္းကေတာ့ ႐ုရွားမွာ Army Games အျဖစ္ က်င္းပေနခဲ့ရာက ၂၀၁၅ ခုႏွစ္ကစလို႔ ႏိုင္ငံတကာက တပ္ဖြဲ႕ေတြကို ဖိတ္ေခၚဝင္ေရာက္ယွဥ္ၿပိဳင္ေစခဲ့တာပါ။
မႏွစ္က်င္းပတဲ့ ၿပိဳင္ပြဲမွာလည္း ျမန္မာ့တပ္မေတာ္က ဝင္ၿပိဳင္ခဲ့ၿပီး ၿပိဳင္ပြဲဝင္ႏိုင္ငံ ၉ ႏိုင္ငံ၊ ၿပိဳင္ပြဲဝင္အသင္း ၁၀ သင္းမွာ ႏိုင္ငံအလိုက္အဆင့္ ၆ ေနရာ ရပ္တည္ႏိုင္ခဲ့ပါတယ္။