A d v e r t i s e m e n t With Us

အပြောင်းအရွှေ့မပိတ်မီ အာဆင်နယ်အသင်း ကစားသမားသစ်ခေါ်ယူရန် လှုပ်ရှား

၂၀၁၉ နွေရာသီအပြောင်းအရွှေ့အတွက် ပေါင်သန်း ၄၀ သာ သုံးစွဲခဲ့ရထားတယ်ဆိုပြီး သတင်းတွေ ထွက်ခဲ့ပေမယ့် ဈေးကွက်မပိတ်သိမ်းမီ နောက်ဆုံးရက်သတ္တပတ်မှာတော့ အာဆင်နယ်အသင်းရဲ့ ကစားသမားသစ်ခေါ်ယူဖို့ လှုပ်ရှားမှုတွေ ပိုများလာခဲ့ပါတယ်။  ပြင်သစ်ကလပ်လိုင်လီကနေ တိုက်စစ်ကစားသမားကို ပေါင် ၇၂ သန်းလောက်ထိ ပေးပြီးခေါ်ယူခဲ့လို့ ကလပ်သမိုင်းတလျှောက် ပြောင်းရွှေ့ကြေးအမြင့်ဆုံး ကစားသမားအဖြစ်လည်း စာရင်းဝင်ခဲ့ပါတယ်။ လက်ရှိမှာလည်း ဘာစီလိုနာကနေ ထွက်ခွာဖို့ ရာခိုင်နှုန်းများလာတဲ့ ဘရာဇီးလ်ကွင်းလယ်ကစားသမား ဖိလစ်ပီကော်တင်ဟိုကို တရာသီအငှားစာချုပ်နဲ့ ရာသီကုန်မှာ အပြီးသတ်ခေါ်ယူခွင့်အပါအဝင် ကမ်းလှမ်းချက်အချို့နဲ့ စတင်ချိတ်ဆက်ထားပြီးဖြစ်တယ်လို့ သတင်းတွေက ဖော်ပြနေပါတယ်။ စပိန်သတင်းစာတချို့နဲ့ ဗြိတိန်မီဒီယာတွေမှာ ဖော်ပြချက်အရဆိုရင်တော့ လာမယ့် တနင်္လာနေ့မှာကစားမယ့် ဂျိုအန်ဂမ်ဘာဖလား ပွဲအပြီးမှာတော့ အာဆင်နယ်အသင်းနဲ့ ဘာစီလိုနာ တာဝန်ရှိသူတွေဟာ ကော်တင်ဟို အပြောင်းအရွှေ့နဲ့ပတ်သတ်လို့ ညှိနှိုင်းဖို့ရှိနေပါတယ်။ အာဆင်နယ်အသင်းရဲ့ လူကြီးတဦးဖြစ်တဲ့ ရာအူးလ်ဆန်ဟီလ်ဟာ ဘာစီလိုနာ တာဝန်ရှိသူတွေနဲ့ ရင်းနှီးတဲ့ ပုံစံမှာရှိနေလို့ အပြောင်းအရွှေ့ အမှန်တကယ်လာနိုင်တယ်လို့ သုံးသပ်သူတွေ များပြားလာပါတယ်။
Zawgyi Version အေျပာင္းအေ႐ႊ႕မပိတ္မီ အာဆင္နယ္အသင္း ကစားသမားသစ္ေခၚယူရန္ လႈပ္ရွား DVB ၂၀၁၉ ေႏြရာသီအေျပာင္းအေ႐ႊ႕အတြက္ ေပါင္သန္း ၄၀ သာ သုံးစြဲခဲ့ရထားတယ္ဆိုၿပီး သတင္းေတြ ထြက္ခဲ့ေပမယ့္ ေဈးကြက္မပိတ္သိမ္းမီ ေနာက္ဆုံးရက္သတၱပတ္မွာေတာ့ အာဆင္နယ္အသင္းရဲ႕ ကစားသမားသစ္ေခၚယူဖို႔ လႈပ္ရွားမႈေတြ ပိုမ်ားလာခဲ့ပါတယ္။ ျပင္သစ္ကလပ္လိုင္လီကေန တိုက္စစ္ကစားသမားကို ေပါင္ ၇၂ သန္းေလာက္ထိ ေပးၿပီးေခၚယူခဲ့လို႔ ကလပ္သမိုင္းတေလွ်ာက္ ေျပာင္းေ႐ႊ႕ေၾကးအျမင့္ဆုံး ကစားသမားအျဖစ္လည္း စာရင္းဝင္ခဲ့ပါတယ္။ လက္ရွိမွာလည္း ဘာစီလိုနာကေန ထြက္ခြာဖို႔ ရာခိုင္ႏႈန္းမ်ားလာတဲ့ ဘရာဇီးလ္ကြင္းလယ္ကစားသမား ဖိလစ္ပီေကာ္တင္ဟိုကို တရာသီအငွားစာခ်ဳပ္နဲ႔ ရာသီကုန္မွာ အၿပီးသတ္ေခၚယူခြင့္အပါအဝင္ ကမ္းလွမ္းခ်က္အခ်ိဳ႕နဲ႔ စတင္ခ်ိတ္ဆက္ထားၿပီးျဖစ္တယ္လို႔ သတင္းေတြက ေဖာ္ျပေနပါတယ္။ စပိန္သတင္းစာတခ်ိဳ႕နဲ႔ ၿဗိတိန္မီဒီယာေတြမွာ ေဖာ္ျပခ်က္အရဆိုရင္ေတာ့ လာမယ့္ တနလၤာေန႔မွာကစားမယ့္ ဂ်ိဳအန္ဂမ္ဘာဖလား ပြဲအၿပီးမွာေတာ့ အာဆင္နယ္အသင္းနဲ႔ ဘာစီလိုနာ တာဝန္ရွိသူေတြဟာ ေကာ္တင္ဟို အေျပာင္းအေ႐ႊ႕နဲ႔ပတ္သတ္လို႔ ညႇိႏႈိင္းဖို႔ရွိေနပါတယ္။ အာဆင္နယ္အသင္းရဲ႕ လူႀကီးတဦးျဖစ္တဲ့ ရာအူးလ္ဆန္ဟီလ္ဟာ ဘာစီလိုနာ တာဝန္ရွိသူေတြနဲ႔ ရင္းႏွီးတဲ့ ပုံစံမွာရွိေနလို႔ အေျပာင္းအေ႐ႊ႕ အမွန္တကယ္လာႏိုင္တယ္လို႔ သုံးသပ္သူေတြ မ်ားျပားလာပါတယ္။

A d v e r t i s e m e n t With Us

More News
Up