A d v e r t i s e m e n t With Us

မင်းကင်းမြို့နယ်တွင် အင်အား ၃.၈ အဆင့်ရှိ မြေငလျင်လှုပ်ခတ်

စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ်မှာ ဒီနေ့မနက်ပိုင်းအစောပိုင်းက မြေငလျင်တခု လှုပ်ခတ်သွားတယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။ သြဂုတ်လ (၄) ရက်နေ့၊ မြန်မာစံတော်ချိန် ၀၀ နာရီ၊ ၅၈ မိနစ်၊ ၄၈ စက္ကန့် အချိန်က မင်းကင်းမြို့ရဲ့ တောင်-အနောက်တောင်ဘက် ၈ မိုင်ခန့်အကွာ မြောက်လတ္တီတွဒ် ၂၂.၇၇ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၄.၄၇ ဒီဂရီ၊ အနက် ၉၂ ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး ၃.၈ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တခု လှုပ်ရှားသွားတယ်လို့ ဆိုပါတယ်။ ဩဂုတ် ၃ ရက်နေ့ကလည်း ကချင်ပြည်နယ် မြစ်ကြီးနားခရိုင် ဆင်ဘိုမြို့မှာ အင်အား ရစ်(ခ်)တာစကေး (၃.၄) အဆင့်ရှိ မြေငလျင်တခု လှုပ်ခတ်ခဲ့သလို စစ်ကိုင်းတိုင်း မော်လိုက်မြို့မှာလည်း ဩဂုတ် ၂ ရက်နေ့ညက အင်အား ၄.၇ အဆင့်ရှိ မြေငလျင်တခု လှုပ်ခတ်သွားတယ်လို့ မိုးဇလက ထုတ်ပြန်ထားပါတယ်။
မင္းကင္းၿမိဳ႕နယ္တြင္ အင္အား ၃.၈ အဆင့္ရွိ ေျမငလ်င္လႈပ္ခတ္ DVB စစ္ကိုင္းတိုင္း မင္းကင္းၿမိဳ႕နယ္မွာ ဒီေန႔မနက္ပိုင္းအေစာပိုင္းက ေျမငလ်င္တခု လႈပ္ခတ္သြားတယ္လို႔ မိုးဇလက ထုတ္ျပန္ပါတယ္။ ၾသဂုတ္လ (၄) ရက္ေန႔၊ ျမန္မာစံေတာ္ခ်ိန္ ၀၀ နာရီ၊ ၅၈ မိနစ္၊ ၄၈ စကၠန႔္ အခ်ိန္က မင္းကင္းၿမိဳ႕ရဲ႕ ေတာင္-အေနာက္ေတာင္ဘက္ ၈ မိုင္ခန႔္အကြာ ေျမာက္လတၱီတြဒ္ ၂၂.၇၇ ဒီဂရီ၊ အေရွ႕ေလာင္ဂ်ီတြဒ္ ၉၄.၄၇ ဒီဂရီ၊ အနက္ ၉၂ ကီလိုမီတာကို ဗဟိုျပဳ၍ အင္အား ရစ္(ခ္)တာစေကး ၃.၈ အဆင့္ရွိ အင္အားအနည္းငယ္ရွိေသာ ေျမငလ်င္တခု လႈပ္ရွားသြားတယ္လို႔ ဆိုပါတယ္။ ဩဂုတ္ ၃ ရက္ေန႔ကလည္း ကခ်င္ျပည္နယ္ ျမစ္ႀကီးနားခ႐ိုင္ ဆင္ဘိုၿမိဳ႕မွာ အင္အား ရစ္(ခ္)တာစေကး (၃.၄) အဆင့္ရွိ ေျမငလ်င္တခု လႈပ္ခတ္ခဲ့သလို စစ္ကိုင္းတိုင္း ေမာ္လိုက္ၿမိဳ႕မွာလည္း ဩဂုတ္ ၂ ရက္ေန႔ညက အင္အား ၄.၇ အဆင့္ရွိ ေျမငလ်င္တခု လႈပ္ခတ္သြားတယ္လို႔ မိုးဇလက ထုတ္ျပန္ထားပါတယ္။

A d v e r t i s e m e n t With Us

More News
Up