Home
မြန်မာသတင်း
 မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်ဥပဒေကို ပြင်ဆင်ပေးရန် တောင်းဆို
DVB
·
August 3, 2019
လူ့အခွင့်အရေးကို ပိုပြီးကောင်းကောင်းမွန်မွန်ကာကွယ်နိုင်ဖို့အတွက် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်ဥပဒေကို ပြင်ဆင်ပေးဖို့ အရပ်ဘက်အဖွဲ့အစည်းတွေက တောင်းဆိုလိုက်ပါတယ်။ အရပ်ဘက်အဖွဲ့အစည်းပေါင်း ၂၄ ဖွဲ့နဲ့ ဖွဲ့ထားတဲ့ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင် (MNHRC) ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အရပ်ဘက်အဖွဲ့အစည်းများ လုပ်ငန်းအဖွဲ့က ဒီနေ့ ထုတ်ပြန် တောင်းဆိုတာပါ။ ကော်မရှင်အဖွဲ့ဝင်တွေ စိစစ်ရွေးချယ်ရေးလုပ်ငန်းစဉ်၊ အကျဉ်းထောင်တွေကို ကြိုတင် အကြောင်းမကြားဘဲ သွားရောက်နိုင်ရေး၊ လုပ်ငန်းပိုင်းလွတ်လပ်မှုနဲ့ လုပ်ပိုင်ခွင့်အာဏာရပ် စတာတွေနဲ့ ပတ်သက်တဲ့ စာတမ်းတိုတစောင်ကိုလည်း ဒီနေ့ ထုတ်ပြန်ပါတယ်။ ဒီနေ့ရန်ကုန်မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ရှေ့ပြေးအသံအဖွဲ့ရဲ့ အမှုဆောင်ဒါရိုက်တာ အောင်ခိုင်မင်းက “ဒီကနေ့ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးပြဿနာ အတိမ်အနက်နဲ့ အကျယ်အဝန်းကို ကြည့်မယ်ဆိုရင် MNHRC အနေနဲ့ ဆိုးဆိုးဝါးဝါး လူ့အခွင့်အရေးချိုးဖောက်မှုတွေ အထူးသဖြင့် မြန်မာစစ်တပ်က ကျူးလွန်တဲ့ အမှုတွေကို ထိထိရောက်ရောက် စုံစမ်းစစ်ဆေးတာတွေ မလုပ်နိုင်သေးဘူး ဖြစ်နေတယ်၊  ပြီးတော့ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူတွေနဲ့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေကို ကာကွယ်စောင့်ရှောက် တာတွေလည်း မဆိုစလောက်လေးပဲ လုပ်ထားတယ်” လို့ ပြောပါတယ်။ ကော်မရှင်အဖွဲ့ဝင်တွေကို ဘယ်လိုစံနှုန်းတွေနဲ့ ရွေးချယ်ခန့်အပ်တယ်ဆိုတာ ပွင့်ပွင့်လင်းလင်း ထုတ်ပြန်ပေးဖို့၊ ကော်မရှင်အဖွဲ့ဝင် စိစစ်ရွေးချယ်ရေးအဖွဲ့မှာ စစ်တပ်ကခန့်အပ်တဲ့ ပြည်ထဲရေး ဝန်ကြီးကိုယ်တိုင်ပါနေတာက လူ့အခွင့်အရေးချိုးဖောက်မှု အများအပြားမှာ စစ်တပ်ကိုယ်တိုင် ဖြစ်နေလို့ ပြဿနာရှိနေတယ်လို့ သူတို့က တောင်းဆိုပါတယ်။ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥပဒေကို ၂၀၁၄ခုနှစ် စက်တင်ဘာလမှာ စတင်ပြဌာန်းခဲ့တာပါ။ အဲဒီဥပဒေထဲမှာ တပ်မတော်နဲ့ ပြည်ထဲရေးက အငြိမ်းစားပုဂ္ဂိုလ်တွေကို ကော်မရှင်အဖွဲ့ဝင်အဖြစ်ခန့်အပ်ဖို့ ပြဌာန်းထားတာဟာ ကိုယ့် တရားကိုယ်စီရင်သလို ဖြစ်နေတဲ့အတွက် ပြင်ဆင်ဖို့လိုအပ်တယ်လို့ အရပ်ဖက်အဖွဲ့အစည်းတွေကပြောပါတယ်။ ဒါ့အပြင် တရားရုံးမှာ ကြားနာဆဲအမှုတွေကို ကော်မရှင်က စုံစမ်းစစ်ဆေးနိုင်ဖို့အတွက်လည်း လိုအပ်တဲ့ဥပဒေကို ပြင်ဆင်ဖို့ တိုက်တွန်းထားပါတယ်။
Zawgyi Version ျမန္မာႏိုင္ငံအမ်ိဳးသား လူ႔အခြင့္အေရးေကာ္မရွင္ဥပေဒကို ျပင္ဆင္ေပးရန္ ေတာင္းဆို DVB လူ႔အခြင့္အေရးကို ပိုၿပီးေကာင္းေကာင္းမြန္မြန္ကာကြယ္ႏိုင္ဖို႔အတြက္ ျမန္မာႏိုင္ငံအမ်ိဳးသား လူ႔အခြင့္အေရးေကာ္မရွင္ဥပေဒကို ျပင္ဆင္ေပးဖို႔ အရပ္ဘက္အဖြဲ႕အစည္းေတြက ေတာင္းဆိုလိုက္ပါတယ္။ အရပ္ဘက္အဖြဲ႕အစည္းေပါင္း ၂၄ ဖြဲ႕နဲ႔ ဖြဲ႕ထားတဲ့ ျမန္မာႏိုင္ငံအမ်ိဳးသား လူ႔အခြင့္အေရး ေကာ္မရွင္ (MNHRC) ျပဳျပင္ေျပာင္းလဲေရးဆိုင္ရာ အရပ္ဘက္အဖြဲ႕အစည္းမ်ား လုပ္ငန္းအဖြဲ႕က ဒီေန႔ ထုတ္ျပန္ ေတာင္းဆိုတာပါ။ ေကာ္မရွင္အဖြဲ႕ဝင္ေတြ စိစစ္ေ႐ြးခ်ယ္ေရးလုပ္ငန္းစဥ္၊ အက်ဥ္းေထာင္ေတြကို ႀကိဳတင္ အေၾကာင္းမၾကားဘဲ သြားေရာက္ႏိုင္ေရး၊ လုပ္ငန္းပိုင္းလြတ္လပ္မႈနဲ႔ လုပ္ပိုင္ခြင့္အာဏာရပ္ စတာေတြနဲ႔ ပတ္သက္တဲ့ စာတမ္းတိုတေစာင္ကိုလည္း ဒီေန႔ ထုတ္ျပန္ပါတယ္။ ဒီေန႔ရန္ကုန္မွာလုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာ ေရွ႕ေျပးအသံအဖြဲ႕ရဲ႕ အမႈေဆာင္ဒါ႐ိုက္တာ ေအာင္ခိုင္မင္းက “ဒီကေန႔ ျမန္မာႏိုင္ငံရဲ႕ လူ႔အခြင့္အေရးျပႆနာ အတိမ္အနက္နဲ႔ အက်ယ္အဝန္းကို ၾကည့္မယ္ဆိုရင္ MNHRC အေနနဲ႔ ဆိုးဆိုးဝါးဝါး လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈေတြ အထူးသျဖင့္ ျမန္မာစစ္တပ္က က်ဴးလြန္တဲ့ အမႈေတြကို ထိထိေရာက္ေရာက္ စုံစမ္းစစ္ေဆးတာေတြ မလုပ္ႏိုင္ေသးဘူး ျဖစ္ေနတယ္၊  ၿပီးေတာ့ လူ႔အခြင့္အေရး ကာကြယ္ေစာင့္ေရွာက္သူေတြနဲ႔ လူ႔အခြင့္အေရး တက္ႂကြလႈပ္ရွားသူေတြကို ကာကြယ္ေစာင့္ေရွာက္ တာေတြလည္း မဆိုစေလာက္ေလးပဲ လုပ္ထားတယ္” လို႔ ေျပာပါတယ္။ ေကာ္မရွင္အဖြဲ႕ဝင္ေတြကို ဘယ္လိုစံႏႈန္းေတြနဲ႔ ေ႐ြးခ်ယ္ခန႔္အပ္တယ္ဆိုတာ ပြင့္ပြင့္လင္းလင္း ထုတ္ျပန္ေပးဖို႔၊ ေကာ္မရွင္အဖြဲ႕ဝင္ စိစစ္ေ႐ြးခ်ယ္ေရးအဖြဲ႕မွာ စစ္တပ္ကခန႔္အပ္တဲ့ ျပည္ထဲေရး ဝန္ႀကီးကိုယ္တိုင္ပါေနတာက လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈ အမ်ားအျပားမွာ စစ္တပ္ကိုယ္တိုင္ ျဖစ္ေနလို႔ ျပႆနာရွိေနတယ္လို႔ သူတို႔က ေတာင္းဆိုပါတယ္။ ျမန္မာႏိုင္ငံ အမ်ိဳးသားလူ႔အခြင့္အေရးေကာ္မရွင္ ဥပေဒကို ၂၀၁၄ခုႏွစ္ စက္တင္ဘာလမွာ စတင္ျပဌာန္းခဲ့တာပါ။ အဲဒီဥပေဒထဲမွာ တပ္မေတာ္နဲ႔ ျပည္ထဲေရးက အၿငိမ္းစားပုဂၢိဳလ္ေတြကို ေကာ္မရွင္အဖြဲ႕ဝင္အျဖစ္ခန႔္အပ္ဖို႔ ျပဌာန္းထားတာဟာ ကိုယ့္ တရားကိုယ္စီရင္သလို ျဖစ္ေနတဲ့အတြက္ ျပင္ဆင္ဖို႔လိုအပ္တယ္လို႔ အရပ္ဖက္အဖြဲ႕အစည္းေတြကေျပာပါတယ္။ ဒါ့အျပင္ တရား႐ုံးမွာ ၾကားနာဆဲအမႈေတြကို ေကာ္မရွင္က စုံစမ္းစစ္ေဆးႏိုင္ဖို႔အတြက္လည္း လိုအပ္တဲ့ဥပေဒကို ျပင္ဆင္ဖို႔ တိုက္တြန္းထားပါတယ္။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024