A d v e r t i s e m e n t With Us

ပွာတိုရီကို အုပ်ချုပ်ရေးမှူးသစ်အဖြစ် ပေဒရိုပီယာလျူဆီ  ကျန်းသစ္စာဆို

ပွာတိုရီကို အုပ်ချုပ်ရေးမှူးသစ်အဖြစ် သြဂုတ် ၂ ရက်က ပေဒရိုပီယာလျူဆီ  ကျန်းသစ္စာဆိုခဲ့ပါတယ်။  ဒါပေမဲ့ အုပ်ချုပ်ရေးမှူးသစ် ပေဒရိုက ဒီခန့်အပ်မှုဟာ အထက်လွှတ်တော်  သဘောတူညီချက်လိုတာကြောင့် သူရဲ့ အုပ်ချုပ်ရေးမှူးသက်တမ်းဟာ ကာလတိုတောင်း နိုင်တယ်လို့ ပြောခဲ့ပါတယ်။   အထက်လွှတ်တော်က ဒီလိုခန့်အပ်တာကို သဘောမတူရင် တရားရေးဝန်ကြီးက  အုပ်ချုပ်ရေးမှူးတာဝန် လွှဲပြောင်းရယူဖို့ လိုလားပါတယ်ဆိုပြီး ပထမဆုံး သတင်းစာရှင်းလင်းပွဲမှာ  ပေဒရိုက ပြောခဲ့ပါတယ်။  အမေရိကန်ပိုင် နယ်မြေဖြစ်တဲ့ ပွါတိုရီကို အထက်လွှတ်တော် ဥက္ကဋ္ဌက ဒီအသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်ကို တရားမဝင်ဘူးလို့ ဝေဖန်ထားတာပါ။  အုပ်ချုပ်ရေးမှူးသစ်အဖြစ်    ပေဒရိုအား ခန့်အပ်တာကို အောက်လွှတ်တော်က ထောက်ခံပေမဲ့ အထက်လွှတ်တော်မှာ မဲခွဲ မဆုံးဖြတ်ရသေးပါဘူး။  လွှတ်တော်နှစ်ရပ် အတည်ပြုချက် မရမချင်း  ဥပဒေအရ အုပ်ချုပ်ရေးမှူးသစ်ဟာ တရားရေးဝန်ကြီး ဝန်ဒါဗာကပ်စ် ဖြစ်ရမယ်လို့ အထက်လွှတ်တော် ဥက္ကဋ္ဌနဲ့  တခြားလွှတ်တော် အမတ်တွေက ပြောခဲ့ပါတယ်။
Zawgyi Version ပြာတိုရီကို အုပ္ခ်ဳပ္ေရးမႉးသစ္အျဖစ္ ေပဒ႐ိုပီယာလ်ဴဆီ  က်န္းသစၥာဆို DVB ပြာတိုရီကို အုပ္ခ်ဳပ္ေရးမႉးသစ္အျဖစ္ ၾသဂုတ္ ၂ ရက္က ေပဒ႐ိုပီယာလ်ဴဆီ  က်န္းသစၥာဆိုခဲ့ပါတယ္။ ဒါေပမဲ့ အုပ္ခ်ဳပ္ေရးမႉးသစ္ ေပဒ႐ိုက ဒီခန႔္အပ္မႈဟာ အထက္လႊတ္ေတာ္  သေဘာတူညီခ်က္လိုတာေၾကာင့္ သူရဲ႕ အုပ္ခ်ဳပ္ေရးမႉးသက္တမ္းဟာ ကာလတိုေတာင္း ႏိုင္တယ္လို႔ ေျပာခဲ့ပါတယ္။ အထက္လႊတ္ေတာ္က ဒီလိုခန႔္အပ္တာကို သေဘာမတူရင္ တရားေရးဝန္ႀကီးက  အုပ္ခ်ဳပ္ေရးမႉးတာဝန္ လႊဲေျပာင္းရယူဖို႔ လိုလားပါတယ္ဆိုၿပီး ပထမဆုံး သတင္းစာရွင္းလင္းပြဲမွာ  ေပဒ႐ိုက ေျပာခဲ့ပါတယ္။ အေမရိကန္ပိုင္ နယ္ေျမျဖစ္တဲ့ ပြါတိုရီကို အထက္လႊတ္ေတာ္ ဥကၠ႒က ဒီအသြင္ကူးေျပာင္းေရး လုပ္ငန္းစဥ္ကို တရားမဝင္ဘူးလို႔ ေဝဖန္ထားတာပါ။ အုပ္ခ်ဳပ္ေရးမႉးသစ္အျဖစ္    ေပဒ႐ိုအား ခန႔္အပ္တာကို ေအာက္လႊတ္ေတာ္က ေထာက္ခံေပမဲ့ အထက္လႊတ္ေတာ္မွာ မဲခြဲ မဆုံးျဖတ္ရေသးပါဘူး။ လႊတ္ေတာ္ႏွစ္ရပ္ အတည္ျပဳခ်က္ မရမခ်င္း  ဥပေဒအရ အုပ္ခ်ဳပ္ေရးမႉးသစ္ဟာ တရားေရးဝန္ႀကီး ဝန္ဒါဗာကပ္စ္ ျဖစ္ရမယ္လို႔ အထက္လႊတ္ေတာ္ ဥကၠ႒နဲ႔  တျခားလႊတ္ေတာ္ အမတ္ေတြက ေျပာခဲ့ပါတယ္။

A d v e r t i s e m e n t With Us

More News
Up