Home
မြန်မာသတင်း
ရုံးပိုင်းလုပ်ထုံးလုပ်နည်း လွဲမှားမှုကြောင့် စက်မှုဝန်ကြီး နုတ်ထွက်ခြင်းဖြစ်ဟု ဦးဇော်ဌေးပြော
DVB
·
August 3, 2019
စက်မှုဝန်ကြီး ရာထူးက နုတ်ထွက်သွားတာဟာ တိုင်ကြားခံရပြီး ရုံးပိုင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း မှားတာကြောင့်လို့ သမ္မတရုံးပြောခွင့်ရသူ ဦးဇော်ဌေးက ပြောပါတယ်။ မနေ့က သမ္မတအိမ်တော်မှာ လုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာပြောတာဖြစ်ပြီး အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ကိုင်တွယ်ခဲ့တာမဟုတ်ဘူးလို့ ဆိုပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ နိုင်ငံတော်သမ္မတကြီးဆီကို တိုင်စာရောက်လာပြီး ဝန်ကြီးအဆင့် ၃ ယောက် ပါတဲ့ စစ်ဆေးရေးအဖွဲ့အား သမ္မတက ဖွဲ့ပေးခဲ့တယ်လို့ ပြောပါတယ်။ ဦးဇော်ဌေးက “ဒီတိုင်ကြားစာပေါ်မှာအခြေခံပြီး အသေးစိတ် အချိန်ယူပြီးတော့ စစ်ဆေး မေးမြန်းမှုတွေ ပြုလုပ်ပါတယ်။ ဒီအဖွဲ့ရဲ့ တွေ့ရှိချက်က ဘာလဲဆိုတော့ စက်မှုဝန်ကြီးဦးခင်မောင်ချို တိုင်ကြားခံရတဲ့ ကိစ္စမှာ ရုံးပိုင်းဆိုင်ရာလုပ်ထုံးလုပ်နည်း လွဲမှားခြင်း၊ ကျနော် လေးနက်အောင် ထပ်ပြောပါမယ်။ ရုံးပိုင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းလွဲမှားခြင်း ပေါ်ပေါက်ပါတယ်” လို့ ပြောပါတယ်။ ဒါကြောင့် ဝန်ကြီးအနေနဲ့ သူ့ရဲ့ တာဝန်ယူမှု တာဝန်ခံမှုအပြည့်နဲ့ နုတ်ထွက်ခွင့်တင်ရတာ ဖြစ်ပြီး သမ္မတက နုတ်ထွက်ခွင့်ပေးတာဖြစ်တယ်လို့ ဆိုပါတယ်။ စက်မှုဝန်ကြီးဌာန ဝန်ကြီးဦးခင်မောင်ချိုဟာ သူ့ရဲ့ သဘောဆန္ဒအလျောက် ရာထူးက နုတ်ထွက်သွားတယ်လို့ ဇူလိုင် ၂၆ ရက်က သမ္မတက အမိန့်ထုတ်ကြေညာခဲ့တာပါ။ အဲဒီနောက် စက်မှုဝန်ကြီးရဲ့ တာဝန်တွေကို စီမံကိန်းနဲ့ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဝင်းကို ပူးတွဲ ထမ်းဆောင်စေဖို့ သမ္မတက အမိန့်ထုတ်ပါတယ်။ ဒါဟာလည်း နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်နဲ့ သမ္မတတို့ စဉ်းစားဆောင်ရွက်ခဲ့တာလို့ ဦးဇော်ဌေးက ပြောပါတယ်။ အစိုးရသက်တမ်း ၁ နှစ်ခွဲ လောက်ပဲကျန်တော့တာကြောင့် ဒီကာလမှာ အသင့်တော်ဆုံးဖြစ်မယ့်ဝန်ကြီးကို ပူးတွဲ တာဝန်ပေးတာလို့ ဆိုပါတယ်။ “နိုင်ငံပိုင်စက်ရုံတွေ ပိတ်သိမ်းထားတဲ့ဟာ ၁၈ ခုလောက်ရှိတယ်။ ဒီစက်ရုံတွေကို ပုဂ္ဂလိကပိုင် လွှဲပြောင်ခြင်း၊ JV (ဖက်စပ်) လုပ်ခြင်း စသည်ဖြင့်ပေါ့၊ ဒါတွေကိုကိုင်တွယ်ဖို့ အဓိက လုပ်နေတာက စီမံဘဏ္ဍာ ဝန်ကြီးဌာနနဲ့ အဓိက သက်ဆိုင်ပါတယ်” လို့ ပြောပါတယ်။ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာနကိစ္စကိုတော့ အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ကိုင်တွယ်နေပြီး အုပ်ချုပ်ရေးပိုင်းအနေနဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရဲ့ လုပ်ဆောင်ချက်တွေအပေါ်မှာ တစုံတရာ ပါဝင်ပတ်သက်တာ၊ ဝင်ရောက်စွက်ဖက်တာ လုံးဝမရှိဘူးလို့လည်း ဦးဇော်ဌေးက ပြောပါတယ်။
Zawgyi Version ႐ုံးပိုင္းလုပ္ထုံးလုပ္နည္း လြဲမွားမႈေၾကာင့္ စက္မႈဝန္ႀကီး ႏုတ္ထြက္ျခင္းျဖစ္ဟု ဦးေဇာ္ေဌးေျပာ DVB စက္မႈဝန္ႀကီး ရာထူးက ႏုတ္ထြက္သြားတာဟာ တိုင္ၾကားခံရၿပီး ႐ုံးပိုင္းဆိုင္ရာ လုပ္ထုံးလုပ္နည္း မွားတာေၾကာင့္လို႔ သမၼတ႐ုံးေျပာခြင့္ရသူ ဦးေဇာ္ေဌးက ေျပာပါတယ္။ မေန႔က သမၼတအိမ္ေတာ္မွာ လုပ္တဲ့သတင္းစာရွင္းလင္းပြဲမွာေျပာတာျဖစ္ၿပီး အဂတိ လိုက္စားမႈ တိုက္ဖ်က္ေရးေကာ္မရွင္က ကိုင္တြယ္ခဲ့တာမဟုတ္ဘူးလို႔ ဆိုပါတယ္။ ဒီကိစၥနဲ႔ပတ္သက္လို႔ ႏိုင္ငံေတာ္သမၼတႀကီးဆီကို တိုင္စာေရာက္လာၿပီး ဝန္ႀကီးအဆင့္ ၃ ေယာက္ ပါတဲ့ စစ္ေဆးေရးအဖြဲ႕အား သမၼတက ဖြဲ႕ေပးခဲ့တယ္လို႔ ေျပာပါတယ္။ ဦးေဇာ္ေဌးက “ဒီတိုင္ၾကားစာေပၚမွာအေျခခံၿပီး အေသးစိတ္ အခ်ိန္ယူၿပီးေတာ့ စစ္ေဆး ေမးျမန္းမႈေတြ ျပဳလုပ္ပါတယ္။ ဒီအဖြဲ႕ရဲ႕ ေတြ႕ရွိခ်က္က ဘာလဲဆိုေတာ့ စက္မႈဝန္ႀကီးဦးခင္ေမာင္ခ်ိဳ တိုင္ၾကားခံရတဲ့ ကိစၥမွာ ႐ုံးပိုင္းဆိုင္ရာလုပ္ထုံးလုပ္နည္း လြဲမွားျခင္း၊ က်ေနာ္ ေလးနက္ေအာင္ ထပ္ေျပာပါမယ္။ ႐ုံးပိုင္းဆိုင္ရာ လုပ္ထုံးလုပ္နည္းလြဲမွားျခင္း ေပၚေပါက္ပါတယ္” လို႔ ေျပာပါတယ္။ ဒါေၾကာင့္ ဝန္ႀကီးအေနနဲ႔ သူ႔ရဲ႕ တာဝန္ယူမႈ တာဝန္ခံမႈအျပည့္နဲ႔ ႏုတ္ထြက္ခြင့္တင္ရတာ ျဖစ္ၿပီး သမၼတက ႏုတ္ထြက္ခြင့္ေပးတာျဖစ္တယ္လို႔ ဆိုပါတယ္။ စက္မႈဝန္ႀကီးဌာန ဝန္ႀကီးဦးခင္ေမာင္ခ်ိဳဟာ သူ႔ရဲ႕ သေဘာဆႏၵအေလ်ာက္ ရာထူးက ႏုတ္ထြက္သြားတယ္လို႔ ဇူလိုင္ ၂၆ ရက္က သမၼတက အမိန႔္ထုတ္ေၾကညာခဲ့တာပါ။ အဲဒီေနာက္ စက္မႈဝန္ႀကီးရဲ႕ တာဝန္ေတြကို စီမံကိန္းနဲ႔ဘ႑ာေရးဝန္ႀကီး ဦးစိုးဝင္းကို ပူးတြဲ ထမ္းေဆာင္ေစဖို႔ သမၼတက အမိန႔္ထုတ္ပါတယ္။ ဒါဟာလည္း ႏိုင္ငံေတာ္ အတိုင္ပင္ခံ ပုဂၢိဳလ္နဲ႔ သမၼတတို႔ စဥ္းစားေဆာင္႐ြက္ခဲ့တာလို႔ ဦးေဇာ္ေဌးက ေျပာပါတယ္။ အစိုးရသက္တမ္း ၁ ႏွစ္ခြဲ ေလာက္ပဲက်န္ေတာ့တာေၾကာင့္ ဒီကာလမွာ အသင့္ေတာ္ဆုံးျဖစ္မယ့္ဝန္ႀကီးကို ပူးတြဲ တာဝန္ေပးတာလို႔ ဆိုပါတယ္။ “ႏိုင္ငံပိုင္စက္႐ုံေတြ ပိတ္သိမ္းထားတဲ့ဟာ ၁၈ ခုေလာက္ရွိတယ္။ ဒီစက္႐ုံေတြကို ပုဂၢလိကပိုင္ လႊဲေျပာင္ျခင္း၊ JV (ဖက္စပ္) လုပ္ျခင္း စသည္ျဖင့္ေပါ့၊ ဒါေတြကိုကိုင္တြယ္ဖို႔ အဓိက လုပ္ေနတာက စီမံဘ႑ာ ဝန္ႀကီးဌာနနဲ႔ အဓိက သက္ဆိုင္ပါတယ္” လို႔ ေျပာပါတယ္။ လွ်ပ္စစ္နဲ႔စြမ္းအင္ဝန္ႀကီးဌာနကိစၥကိုေတာ့ အဂတိ လိုက္စားမႈတိုက္ဖ်က္ေရးေကာ္မရွင္က ကိုင္တြယ္ေနၿပီး အုပ္ခ်ဳပ္ေရးပိုင္းအေနနဲ႔ အဂတိလိုက္စားမႈ တိုက္ဖ်က္ေရးေကာ္မရွင္ရဲ႕ လုပ္ေဆာင္ခ်က္ေတြအေပၚမွာ တစုံတရာ ပါဝင္ပတ္သက္တာ၊ ဝင္ေရာက္စြက္ဖက္တာ လုံးဝမရွိဘူးလို႔လည္း ဦးေဇာ္ေဌးက ေျပာပါတယ္။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024