အင်ဒိုနီးရှားတွင် ပြင်းအား ၆.၈ အဆင့်ရှိ ငလျင်လှုပ်၊ ဆူနာမီသတိပေးချက်ထုတ်ပြီး ပြန်ရုပ်သိမ်း

934
အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားပြည်နယ်တောင်ပိုင်း အိန္ဒိယသမုဒ္ဒရာကို ဗဟိုပြုပြီး သြဂုတ်လ ၂ ရက်နေ့က ၆ ဒသမ ၈ မဂ္ဂနီကျူ့အဆင့်ရှိ အားပြင်း မြေငလျင်တခုလှုပ်သွားတယ်လို့ အမေရိကန် ဘူမိတိုင်းတာရေးအဖွဲ့က ကြေညာပါတယ်။
မြေငလျင်ကြောင့် ကြီးမားတဲ့ အပျက်အစီး အသေအပျောက် ရှိပုံမရပေမယ့် ဂျကာတာမြို့မှာ လှုပ်ခတ်တာကို ခံစားရပြီး လူတွေဟာ အဆောက်အဦထဲကနေ အပြင်ကို ပြေးထွက်ခဲ့ပါတယ်။
အင်ဒိုနီးရှား ဘူမိရူပအေဂျင်စီက ဆူနာမီလှိုင်းတွေ ၁၀ ပေအထိ မြင့်တက်နိုင်တယ်ဆိုတဲ့ သတိပေးချက်ထုတ်ပြန်ခဲ့ပြိး နောက်ပိုင်းမှာတော့ ရုပ်သိမ်းခဲ့ပါတယ်။
ဒါကြောင့် ပြည်နယ်တောင်ပိုင်း လန်ပန်ဒေသခံတွေဟာ ကုန်းမြင့်တွေမှာ ပြောင်းရွှေ့နေကြပါတယ်။
အင်ဒိုနီးရှားသမ္မတ ဝီဒိုဒိုက ဆူနာမီ ဖြစ်နိုင်တဲ့ အန္တရာယ်မရှိတော့ဘူးလို့ သတင်းထောက်တွေကို ပြောခဲ့ပေမယ့် မြေငလျင်လှုပ်ရာဒေသက ပြည်သူတွေကို သတိဝီရိယနဲ့ နေကြဖို့ တိုက်တွန်းခဲ့ပါတယ်။
အင်ဒိုနီးရှားနိုင်ငံဟာ မြေငလျင်တွေ မကြာခဏလှုပ်ရာ ပစိတ်ဖိတ် မီးကွင်းအတွင်း တည်ရှိပြီး တခါတရံ ငလျင်နဲ့အတူ ဆူနာမီလှိုင်းတွေ မြင့်တက်လေ့ရှိတယ်လို့ ရိုက်တာသတင်းက ဆိုပါတယ်။
Zawgyi Version အင္ဒိုနီးရွားတြင္ ျပင္းအား ၆.၈ အဆင့္ရွိ ငလ်င္လႈပ္၊ ဆူနာမီသတိေပးခ်က္ထုတ္ၿပီး ျပန္႐ုပ္သိမ္း DVB အင္ဒိုနီးရွားႏိုင္ငံ ဆူမားၾတားျပည္နယ္ေတာင္ပိုင္း အိႏၵိယသမုဒၵရာကို ဗဟိုျပဳၿပီး ၾသဂုတ္လ ၂ ရက္ေန႔က ၆ ဒသမ ၈ မဂၢနီက်ဴ႕အဆင့္ရွိ အားျပင္း ေျမငလ်င္တခုလႈပ္သြားတယ္လို႔ အေမရိကန္ ဘူမိတိုင္းတာေရးအဖြဲ႕က ေၾကညာပါတယ္။ ေျမငလ်င္ေၾကာင့္ ႀကီးမားတဲ့ အပ်က္အစီး အေသအေပ်ာက္ ရွိပုံမရေပမယ့္ ဂ်ကာတာၿမိဳ႕မွာ လႈပ္ခတ္တာကို ခံစားရၿပီး လူေတြဟာ အေဆာက္အဦထဲကေန အျပင္ကို ေျပးထြက္ခဲ့ပါတယ္။ အင္ဒိုနီးရွား ဘူမိ႐ူပေအဂ်င္စီက ဆူနာမီလႈိင္းေတြ ၁၀ ေပအထိ ျမင့္တက္ႏိုင္တယ္ဆိုတဲ့ သတိေပးခ်က္ထုတ္ျပန္ခဲ့ၿပိး ေနာက္ပိုင္းမွာေတာ့ ႐ုပ္သိမ္းခဲ့ပါတယ္။ ဒါေၾကာင့္ ျပည္နယ္ေတာင္ပိုင္း လန္ပန္ေဒသခံေတြဟာ ကုန္းျမင့္ေတြမွာ ေျပာင္းေ႐ႊ႕ေနၾကပါတယ္။ အင္ဒိုနီးရွားသမၼတ ဝီဒိုဒိုက ဆူနာမီ ျဖစ္ႏိုင္တဲ့ အႏၲရာယ္မရွိေတာ့ဘူးလို႔ သတင္းေထာက္ေတြကို ေျပာခဲ့ေပမယ့္ ေျမငလ်င္လႈပ္ရာေဒသက ျပည္သူေတြကို သတိဝီရိယနဲ႔ ေနၾကဖို႔ တိုက္တြန္းခဲ့ပါတယ္။ အင္ဒိုနီးရွားႏိုင္ငံဟာ ေျမငလ်င္ေတြ မၾကာခဏလႈပ္ရာ ပစိတ္ဖိတ္ မီးကြင္းအတြင္း တည္ရွိၿပီး တခါတရံ ငလ်င္နဲ႔အတူ ဆူနာမီလႈိင္းေတြ ျမင့္တက္ေလ့ရွိတယ္လို႔ ႐ိုက္တာသတင္းက ဆိုပါတယ္။