Home
မြန်မာသတင်း
အမြန်လမ်း ၁၇ မိုင်အနီး တောဆင်ရိုင်း ၂ ကောင်ကို မေ့ဆေးသေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီး
DVB
·
August 3, 2019
ပြည်သူတွေ အထိတ်တလန့်မဖြစ်စေဖို့နဲ့ ဆင်သတ်မုဆိုးတွေရဲ့ အန္တရာယ်က ကာကွယ်ဖို့အတွက် လှည်းကူးမြို့နယ် အမြန်လမ်း ၁၇ မိုင်အနီးက တောဆင်ရိုင်းနှစ်ကောင်ကို တာဝန်ရှိသူတွေက ဒီနေ့ မနက်ပိုင်း မေ့ဆေးသေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးခဲ့တယ်လို့ မြန်မာနိုင်ငံသစ်တောရဲတပ်ဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။ မြန်မာနိုင်ငံ သစ်တောရဲတပ်ဖွဲ့ ဒုရဲမှူးအောင်လိူင်စိုးက "ပြီးခဲ့တဲ့ ၅ ရက်လောက်က တောဆင်ရိုင်းနှစ်ကောင် ၀င်နေတဲ့ သတင်းကြား လို့သွားကြည့်ခဲ့ပြီး ပြည်သူတွေ အထိတ်တလန့်မဖြစ်စေဖို့နဲ့ ဆင်သတ်မုဆိုး အန္တရာယ်ကကာကွယ်နိုင်အောင်စောင့်ကြည့်နေခဲ့ပြီး သက်ဆိုင်ရာအဆင့်ဆင့်ကို မေ့ဆေးသေနတ်နဲ့ပစ်ဖမ်းဆီးဖို့ ခွင့်ပြုချက်တောင်းခဲ့တယ်။ ခွင့်ပြု ချက်ရတာနဲ့ သာယာဝတီသစ်ထုတ်လုပ်ရေးက အရန်ဆင်တွေနဲ့လိုက်မောင်းပြီး ဒီနေ့မနက် ၈ နာရီလောက်မှာ ပစ်ခတ်ဖမ်းဆီးခဲ့တာပါ။ လူတွေကိုတော့ အန္တရာယ်မပြုပါဘူး၊ တောထဲမှာပဲ နေတာပါ။ တကောင်က ၇ နှစ်သား၊ တကောင်က ၅ နှစ်သားလောက်ရှိတယ်။ ဒီနေ့ပဲ ကျနော်တို့ကားနဲ့တင်ပြီး မြောက်ဇာမရီ ဆင်ထိန်းသိမ်းရေးစခန်းကို ပြန်ပို့မှာပါ။ ကြည့်ရတာ ပဲခူးရိုးမတောထဲကနေ နယ်ကျော်ပြီး ရောက်လာတာလို့ ခန့်မှန်းရတယ်"လို့ပြောပါတယ်။ မြန်မာနိုင်ငံမှာ ဆင်သတ်မုဆိုးတွေကြောင့် တောဆင်ရိုင်းတွေ အသတ်ခံနေရပြီး အစွယ်၊ နှာမောင်းနဲ့ အရေခွံတွေ ယူဆောင်နေကြတာပါ။ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းနဲ့ ရန်ကုန်တိုင်းတို့မှာ ဆင်သတ်မုဆိုးတွေကြောင့‌် တောဆင်ရိုင်း အသတ်ခံရမှု အများဆုံးဖြစ်ပေါ်နေပြီး တိုက်ကြီးမြို့နယ်မှာ ၂၀၁၅ ခုနှစ်မှ ၂၀၁၇ ခုနှစ်အတွင်း တောဆင်ရိုင်း ၁၀ ကောင်နဲ့အထက် အသတ်ခံရတာတွေရှိခဲ့သလို ဆင်နင်းခံရပြီး နှစ်စဉ်လူသေဆုံးမှုတွေလည်း ရှိပါတယ်။ တောဆင်ရိုင်းတွေဟာ စားကျက်ပျောက်ဆုံးတာတွေကြောင့် လူတွေနေရာကို ရောက်ရှိလာပြီး စိုက်ခင်းတွေကို ဝင်ရောက်စားသောက်နေထိုင်ရာက လူနှင့်ဆင်ပြဿနာတွေ ဖြစ်ပေါ်နေတာလို့ သစ်တောဌာနတာဝန်ရှိသူတဦးက ပြောပါတယ်။ သတင်း-မေသွယ်
Zawgyi Version အျမန္လမ္း ၁၇ မိုင္အနီး ေတာဆင္႐ိုင္း ၂ ေကာင္ကို ေမ့ေဆးေသနတ္ျဖင့္ ပစ္ခတ္ဖမ္းဆီး DVB ျပည္သူေတြ အထိတ္တလန႔္မျဖစ္ေစဖို႔နဲ႔ ဆင္သတ္မုဆိုးေတြရဲ႕ အႏၲရာယ္က ကာကြယ္ဖို႔အတြက္ လွည္းကူးၿမိဳ႕နယ္ အျမန္လမ္း ၁၇ မိုင္အနီးက ေတာဆင္႐ိုင္းႏွစ္ေကာင္ကို တာဝန္ရွိသူေတြက ဒီေန႔ မနက္ပိုင္း ေမ့ေဆးေသနတ္နဲ႔ ပစ္ခတ္ဖမ္းဆီးခဲ့တယ္လို႔ ျမန္မာႏိုင္ငံသစ္ေတာရဲတပ္ဖြဲ႕ တာဝန္ရွိသူတဦးက ေျပာပါတယ္။ ျမန္မာႏိုင္ငံ သစ္ေတာရဲတပ္ဖြဲ႕ ဒုရဲမႉးေအာင္လိူင္စိုးက "ၿပီးခဲ့တဲ့ ၅ ရက္ေလာက္က ေတာဆင္႐ိုင္းႏွစ္ေကာင္ ၀င္ေနတဲ့ သတင္းၾကား လို႔သြားၾကည့္ခဲ့ၿပီး ျပည္သူေတြ အထိတ္တလန႔္မျဖစ္ေစဖို႔နဲ႔ ဆင္သတ္မုဆိုး အႏၲရာယ္ကကာကြယ္ႏိုင္ေအာင္ေစာင့္ၾကည့္ေနခဲ့ၿပီး သက္ဆိုင္ရာအဆင့္ဆင့္ကို ေမ့ေဆးေသနတ္နဲ႔ပစ္ဖမ္းဆီးဖို႔ ခြင့္ျပဳခ်က္ေတာင္းခဲ့တယ္။ ခြင့္ျပဳ ခ်က္ရတာနဲ႔ သာယာဝတီသစ္ထုတ္လုပ္ေရးက အရန္ဆင္ေတြနဲ႔လိုက္ေမာင္းၿပီး ဒီေန႔မနက္ ၈ နာရီေလာက္မွာ ပစ္ခတ္ဖမ္းဆီးခဲ့တာပါ။ လူေတြကိုေတာ့ အႏၲရာယ္မျပဳပါဘူး၊ ေတာထဲမွာပဲ ေနတာပါ။ တေကာင္က ၇ ႏွစ္သား၊ တေကာင္က ၅ ႏွစ္သားေလာက္ရွိတယ္။ ဒီေန႔ပဲ က်ေနာ္တို႔ကားနဲ႔တင္ၿပီး ေျမာက္ဇာမရီ ဆင္ထိန္းသိမ္းေရးစခန္းကို ျပန္ပို႔မွာပါ။ ၾကည့္ရတာ ပဲခူး႐ိုးမေတာထဲကေန နယ္ေက်ာ္ၿပီး ေရာက္လာတာလို႔ ခန႔္မွန္းရတယ္"လို႔ေျပာပါတယ္။ ျမန္မာႏိုင္ငံမွာ ဆင္သတ္မုဆိုးေတြေၾကာင့္ ေတာဆင္႐ိုင္းေတြ အသတ္ခံေနရၿပီး အစြယ္၊ ႏွာေမာင္းနဲ႔ အေရခြံေတြ ယူေဆာင္ေနၾကတာပါ။ ဧရာဝတီတိုင္း၊ ပဲခူးတိုင္းနဲ႔ ရန္ကုန္တိုင္းတို႔မွာ ဆင္သတ္မုဆိုးေတြေၾကာင့‌္ ေတာဆင္႐ိုင္း အသတ္ခံရမႈ အမ်ားဆုံးျဖစ္ေပၚေနၿပီး တိုက္ႀကီးၿမိဳ႕နယ္မွာ ၂၀၁၅ ခုႏွစ္မွ ၂၀၁၇ ခုႏွစ္အတြင္း ေတာဆင္႐ိုင္း ၁၀ ေကာင္နဲ႔အထက္ အသတ္ခံရတာေတြရွိခဲ့သလို ဆင္နင္းခံရၿပီး ႏွစ္စဥ္လူေသဆုံးမႈေတြလည္း ရွိပါတယ္။ ေတာဆင္႐ိုင္းေတြဟာ စားက်က္ေပ်ာက္ဆုံးတာေတြေၾကာင့္ လူေတြေနရာကို ေရာက္ရွိလာၿပီး စိုက္ခင္းေတြကို ဝင္ေရာက္စားေသာက္ေနထိုင္ရာက လူႏွင့္ဆင္ျပႆနာေတြ ျဖစ္ေပၚေနတာလို႔ သစ္ေတာဌာနတာဝန္ရွိသူတဦးက ေျပာပါတယ္။ သတင္း-ေမသြယ္
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024