Home
မြန်မာသတင်း
မြန်မာသတင်းသမားကိုဆွေဝင်း ရေမွန်မက်ဆေးဆေးဆုရရှိ 
DVB
·
August 2, 2019
အာရှရဲ့နိုလ်ဆုလို့ တင်စားခေါ်ကြတဲ့ ဖိလစ်ပိုင်နိုင်ငံက ပေးအပ်တဲ့ ၂၀၁၉ ရေမွန်မက်ဆေးဆေးဆုကို မြန်မာနိုင်ငံက Myanmar now သတင်းဌာန အယ်ဒီတာချုပ်  ကိုဆွေဝင်းက ရရှိသွားပါတယ်။ မြန်မာ၊ တောင်ကိုရီးယား၊ အိန္ဒိယ၊ ထိုင်းနဲ့ ဖိလစ်ပိုင်နိုင်ငံက လူပုဂ္ဂိုလ် ၅ ဦးကို အခုနှစ်အတွက် ရွေးချယ် ပေးအပ်လိုက်တဲ့ အကြောင်း ဒီကနေ့ သြဂုတ်လ ၂ ရက်နေ့မှာ ရေမွန်မက်ဆေးဆေးဆုဖောင်ဒေးရှင်းက ကြေညာလိုက်တာပါ။ မြန်မာနိုင်ငံမှာ  ဂျာနယ်လစ် ကိုဆွေဝင်းဟာ အမှီအခိုကင်းကင်း၊ ကျင့်ဝတ်သိက္ခာရှိရှိနဲ့  တွန့်ဆုတ်ကြောက်လန့်မှုမရှိဘဲ သတင်းသမားတာဝန်ကို ထမ်းဆောင်ခဲ့တာကို အသိအမှတ်ပြုတဲ့ အနေနဲ့ ဆုပေးဖို့ ရွေးချယ်တာဖြစ်တယ်လို့ ဆုပေးတဲ့အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ဒါ့အပြင် တရားမျှတမှုအပေါ် သူ့ရဲ့မဖောက်ပြန်တဲ့စိတ်ဓာတ်၊ အမှန်တရားပေါ်ပေါက်ဖို့ မလျော့သောအားထုတ်မှုတွေနဲ့ သတင်းလိုက်ရာမှာ  မဆုတ်မနစ်ကြိုးပမ်းအားထုတ်မှုတွေဟာ အမှန်တရားကိုပြောနေတဲ့ မီဒီယာရဲ့ အရည်အသွေးနဲ့ စွမ်းအားပဲဖြစ်တဲ့အကြောင်းနဲ့ ဒါဟာ ကမ္ဘာမှာ လူ့အခွင့်အရေးကို ကာကွယ်ပေးတာဖြစ်တယ်လို့ ယုံကြည်တယ်လို့လည်းဆိုပါတယ်။ အခုနှစ်တွက် ဆုရရှိသူတွေထဲမှာ  လူငယ်တွေအကြမ်းဖက်ခံရမှုမှ ကာကွယ်တားဆီးရေးကြိုးပမ်းဆောင်ရွက်နေတဲ့ ‌‌ေတာင်ကိုရီးယားနိုင်ငံက ကင်ဂျုံကီ ၊အိန္ဒိယနိုင်ငံ NDTV သတင်းဌာနက လူသိများထင်ရှားတဲ့ ရုပ်သံသတင်းသမား  ရာဝစ်ကူးမား၊ ထိုင်းနိုင်ငံက လူ့အခွင့်ရေးနဲ့ တရားမျှတရေး လှုပ်ရှားသူ အန်ခါနာနဲ့ ဖိလစ်ပိုင်နိုင်ငံက တေးရေးဆရာ ရေမန်ဒို ပူဂျန်တီတို့လည်း အသီးသီးရရှိသွားပါတယ်။ ဒီဆုကို ဖိလစ်ပိုင်သမ္မတဟောင်း ရေမွန်မက်ဆေးဆေးကို ဂုဏ်ပြုတဲ့အနေနဲ့ ၁၉၅၇ ခုနှစ်က စတင် ပေးအပ်ခဲ့တာ ဖြစ်ပြီး မြန်မာနိုင်ငံက သတင်းစာဆရာ ဦးလောရုံ၊ ထိုင်း-မြန်မာ နယ်စပ်က  ဒေါက်တာ စင်သီယာမောင်၊ သဘာ၀ ပတ်ဝန်းကျင်အရေးလှုပ်ရှားသူ ကရင်အမျိုးသား ကဆောဝါး၊ နာရေးကူညီမှုအသင်းက ဦးကျော်သူနဲ့ ကချင်အမျိုးသမီး လဖိုင်ဆန်းရော်တို့ လည်း ရရှိခဲ့ဖူးပါတယ်။
Zawgyi Version ျမန္မာသတင္းသမားကိုေဆြဝင္း ေရမြန္မက္ေဆးေဆးဆုရရွိ DVB အာရွရဲ႕ႏိုလ္ဆုလို႔ တင္စားေခၚၾကတဲ့ ဖိလစ္ပိုင္ႏိုင္ငံက ေပးအပ္တဲ့ ၂၀၁၉ ေရမြန္မက္ေဆးေဆးဆုကို ျမန္မာႏိုင္ငံက Myanmar now သတင္းဌာန အယ္ဒီတာခ်ဳပ္  ကိုေဆြဝင္းက ရရွိသြားပါတယ္။ ျမန္မာ၊ ေတာင္ကိုရီးယား၊ အိႏၵိယ၊ ထိုင္းနဲ႔ ဖိလစ္ပိုင္ႏိုင္ငံက လူပုဂၢိဳလ္ ၅ ဦးကို အခုႏွစ္အတြက္ ေ႐ြးခ်ယ္ ေပးအပ္လိုက္တဲ့ အေၾကာင္း ဒီကေန႔ ၾသဂုတ္လ ၂ ရက္ေန႔မွာ ေရမြန္မက္ေဆးေဆးဆုေဖာင္ေဒးရွင္းက ေၾကညာလိုက္တာပါ။ ျမန္မာႏိုင္ငံမွာ  ဂ်ာနယ္လစ္ ကိုေဆြဝင္းဟာ အမွီအခိုကင္းကင္း၊ က်င့္ဝတ္သိကၡာရွိရွိနဲ႔  တြန႔္ဆုတ္ေၾကာက္လန႔္မႈမရွိဘဲ သတင္းသမားတာဝန္ကို ထမ္းေဆာင္ခဲ့တာကို အသိအမွတ္ျပဳတဲ့ အေနနဲ႔ ဆုေပးဖို႔ ေ႐ြးခ်ယ္တာျဖစ္တယ္လို႔ ဆုေပးတဲ့အဖြဲ႕ရဲ႕ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပပါတယ္။ ဒါ့အျပင္ တရားမွ်တမႈအေပၚ သူ႔ရဲ႕မေဖာက္ျပန္တဲ့စိတ္ဓာတ္၊ အမွန္တရားေပၚေပါက္ဖို႔ မေလ်ာ့ေသာအားထုတ္မႈေတြနဲ႔ သတင္းလိုက္ရာမွာ  မဆုတ္မနစ္ႀကိဳးပမ္းအားထုတ္မႈေတြဟာ အမွန္တရားကိုေျပာေနတဲ့ မီဒီယာရဲ႕ အရည္အေသြးနဲ႔ စြမ္းအားပဲျဖစ္တဲ့အေၾကာင္းနဲ႔ ဒါဟာ ကမာၻမွာ လူ႔အခြင့္အေရးကို ကာကြယ္ေပးတာျဖစ္တယ္လို႔ ယုံၾကည္တယ္လို႔လည္းဆိုပါတယ္။ အခုႏွစ္တြက္ ဆုရရွိသူေတြထဲမွာ  လူငယ္ေတြအၾကမ္းဖက္ခံရမႈမွ ကာကြယ္တားဆီးေရးႀကိဳးပမ္းေဆာင္႐ြက္ေနတဲ့ ‌‌ေတာင္ကိုရီးယားႏိုင္ငံက ကင္ဂ်ဳံကီ ၊အိႏၵိယႏိုင္ငံ NDTV သတင္းဌာနက လူသိမ်ားထင္ရွားတဲ့ ႐ုပ္သံသတင္းသမား  ရာဝစ္ကူးမား၊ ထိုင္းႏိုင္ငံက လူ႔အခြင့္ေရးနဲ႔ တရားမွ်တေရး လႈပ္ရွားသူ အန္ခါနာနဲ႔ ဖိလစ္ပိုင္ႏိုင္ငံက ေတးေရးဆရာ ေရမန္ဒို ပူဂ်န္တီတို႔လည္း အသီးသီးရရွိသြားပါတယ္။ ဒီဆုကို ဖိလစ္ပိုင္သမၼတေဟာင္း ေရမြန္မက္ေဆးေဆးကို ဂုဏ္ျပဳတဲ့အေနနဲ႔ ၁၉၅၇ ခုႏွစ္က စတင္ ေပးအပ္ခဲ့တာ ျဖစ္ၿပီး ျမန္မာႏိုင္ငံက သတင္းစာဆရာ ဦးေလာ႐ုံ၊ ထိုင္း-ျမန္မာ နယ္စပ္က  ေဒါက္တာ စင္သီယာေမာင္၊ သဘာ၀ ပတ္ဝန္းက်င္အေရးလႈပ္ရွားသူ ကရင္အမ်ိဳးသား ကေဆာဝါး၊ နာေရးကူညီမႈအသင္းက ဦးေက်ာ္သူနဲ႔ ကခ်င္အမ်ိဳးသမီး လဖိုင္ဆန္းေရာ္တို႔ လည္း ရရွိခဲ့ဖူးပါတယ္။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024