ကုန်သွယ်ရေး ကင်းလွတ်ခွင့်ရနိုင်ငံစာရင်းမှ ဖယ်ရှားခံရသဖြင့် ကိုရီးယားနိုင်ငံသားများ ဆန္ဒပြ

905
ဂျပန်နိုင်ငံက ကုန်သွယ်ရေး ကန့်သတ်ချက် ကင်းလွတ်ခွင့်ရနိုင်ငံတွေ စာရင်းကနေ တောင်ကိုရီးယားကို ဖယ်ရှားဖို့ အတည်ပြုလိုက်တာကြောင့် သြဂုတ်လ ၂ ရက်နေ့မှာ တောင်ကိုရီးယားနိုင်ငံသားတွေ ဆန္ဒပြခဲ့ကြပါတယ်။
တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ ဂျပန်သံရုံးရှေ့မှာ ဆိုင်းဘုတ်တွေ ကိုင်ဆောင်ထားတဲ့ လူ အယောက် ၂၀ လောက် စုဝေးခဲ့ကြပြီး ဂျပန်ဆန့်ကျန့်ကျင်ရေး ဆောင်ပုဒ်တွေ ကြွေးကြော်ခဲ့ ကြပါတယ်။
ဂျပန် - တောင်ကိုရီးယားနှစ်နိုင်ငံ ထောက်လှမ်းရေး အချက်အလက်တွေကို ဝေမျှတဲ့ လုံခြုံရေး စစ်ဘက် သတင်းအချက်အလက် သဘောတူညီချက် (GSOMIA)ကို တောင်ကိုရီးယားအစိုးရဘက်က ရုတ်သိမ်းဖို့ကိုလည်း ဆန္ဒပြသူတွေက တောင်းဆိုခဲ့ကြပါတယ်။
ဂျပန်နိုင်ငံရဲ့ ကုန်သွယ်ရေး ကန့်သတ်ချက် ကင်းလွတ်ခွင့်ရ နိုင်ငံတွေ စာရင်းကနေ တောင်ကိုရီးယားကို ဖယ်ရှားဖို့ ဂျပန်အစိုးရအဖွဲ့က သောကြာနေ့မှာ အတည်ပြုလိုက်ပြီး သြဂုတ်လ ၂၈ ရက်နေ့မှာ စတင်အသက်ဝင်မှာပါ။
ကုန်သွယ်ရေး မမျှတတဲ့ ဂျပန်အစိုးရရဲ့ လုပ်ရပ်ကို တုံပြန်သွားမယ်လို့ တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းက ကတိပြုခဲ့ပါတယ်။
ဒုတိယကမ္ဘာစစ် အတွင်းမှာ အဓမ္မ လုပ်အားပေး ခိုင်းစေခံရတဲ့ တောင်ကိုရီးယား နိုင်ငံသားတွေကို ဂျပန် နစ်ပွန် သံမဏိလုပ်ငန်းက လျော်ကြေး ပေးရမယ်လို့ တောင်ကိုရီးယား တရားရုံးချုပ်က ၂၀၁၈ အောက်တိုဘာမှာ အမိန့်ချ ဆုံးဖြတ်ခဲ့ပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး အငြင်းပွားနေဆဲမှာ ဂျပန်က တောင်ကိုရီးယားဆီ တင်ပို့မယ့် အဆင့်မြင့် နည်းပညာသုံး ပစ္စည်းတွေကို ကန့်သတ်တင်းကြပ် လိုက်တဲ့ ပြဿနာက စပြီး နှစ်နိုင်ငံအကြား ဆက်ဆံရေး တင်းမာခဲ့ပါတယ်။
Zawgyi Version ကုန္သြယ္ေရး ကင္းလြတ္ခြင့္ရႏိုင္ငံစာရင္းမွ ဖယ္ရွားခံရသျဖင့္ ကိုရီးယားႏိုင္ငံသားမ်ား ဆႏၵျပ DVB ဂ်ပန္ႏိုင္ငံက ကုန္သြယ္ေရး ကန႔္သတ္ခ်က္ ကင္းလြတ္ခြင့္ရႏိုင္ငံေတြ စာရင္းကေန ေတာင္ကိုရီးယားကို ဖယ္ရွားဖို႔ အတည္ျပဳလိုက္တာေၾကာင့္ ၾသဂုတ္လ ၂ ရက္ေန႔မွာ ေတာင္ကိုရီးယားႏိုင္ငံသားေတြ ဆႏၵျပခဲ့ၾကပါတယ္။ ေတာင္ကိုရီးယားႏိုင္ငံ ဆိုးလ္ၿမိဳ႕ ဂ်ပန္သံ႐ုံးေရွ႕မွာ ဆိုင္းဘုတ္ေတြ ကိုင္ေဆာင္ထားတဲ့ လူ အေယာက္ ၂၀ ေလာက္ စုေဝးခဲ့ၾကၿပီး ဂ်ပန္ဆန႔္က်န႔္က်င္ေရး ေဆာင္ပုဒ္ေတြ ေႂကြးေၾကာ္ခဲ့ ၾကပါတယ္။ ဂ်ပန္ - ေတာင္ကိုရီးယားႏွစ္ႏိုင္ငံ ေထာက္လွမ္းေရး အခ်က္အလက္ေတြကို ေဝမွ်တဲ့ လုံၿခဳံေရး စစ္ဘက္ သတင္းအခ်က္အလက္ သေဘာတူညီခ်က္ (GSOMIA)ကို ေတာင္ကိုရီးယားအစိုးရဘက္က ႐ုတ္သိမ္းဖို႔ကိုလည္း ဆႏၵျပသူေတြက ေတာင္းဆိုခဲ့ၾကပါတယ္။ ဂ်ပန္ႏိုင္ငံရဲ႕ ကုန္သြယ္ေရး ကန႔္သတ္ခ်က္ ကင္းလြတ္ခြင့္ရ ႏိုင္ငံေတြ စာရင္းကေန ေတာင္ကိုရီးယားကို ဖယ္ရွားဖို႔ ဂ်ပန္အစိုးရအဖြဲ႕က ေသာၾကာေန႔မွာ အတည္ျပဳလိုက္ၿပီး ၾသဂုတ္လ ၂၈ ရက္ေန႔မွာ စတင္အသက္ဝင္မွာပါ။ ကုန္သြယ္ေရး မမွ်တတဲ့ ဂ်ပန္အစိုးရရဲ႕ လုပ္ရပ္ကို တုံျပန္သြားမယ္လို႔ ေတာင္ကိုရီးယားသမၼတ မြန္ေဂ်အင္းက ကတိျပဳခဲ့ပါတယ္။ ဒုတိယကမာၻစစ္ အတြင္းမွာ အဓမၼ လုပ္အားေပး ခိုင္းေစခံရတဲ့ ေတာင္ကိုရီးယား ႏိုင္ငံသားေတြကို ဂ်ပန္ နစ္ပြန္ သံမဏိလုပ္ငန္းက ေလ်ာ္ေၾကး ေပးရမယ္လို႔ ေတာင္ကိုရီးယား တရား႐ုံးခ်ဳပ္က ၂၀၁၈ ေအာက္တိုဘာမွာ အမိန႔္ခ် ဆုံးျဖတ္ခဲ့ပါတယ္။ ဒီကိစၥနဲ႔ ပတ္သက္ၿပီး အျငင္းပြားေနဆဲမွာ ဂ်ပန္က ေတာင္ကိုရီးယားဆီ တင္ပို႔မယ့္ အဆင့္ျမင့္ နည္းပညာသုံး ပစၥည္းေတြကို ကန႔္သတ္တင္းၾကပ္ လိုက္တဲ့ ျပႆနာက စၿပီး ႏွစ္ႏိုင္ငံအၾကား ဆက္ဆံေရး တင္းမာခဲ့ပါတယ္။