Home
မြန်မာသတင်း
မွန်ပြည်နယ်တွင် မူးယစ်ဆေးဖြတ်သူ နှစ်ဆကျော်တိုးလာ
DVB
·
August 2, 2019
မွန်ပြည်နယ်မှာ မူးယစ်ဆေးလာဖြတ်သူ နှစ်ဆကျော်အထိ တိုးလာတယ်လို့ မော်လမြိုင် စိတ်ကျန်းမာရေးနဲ့ မူးယစ်ဆေးစွဲ ကုသရေးဌာန တာဝန်ခံ ဒေါက်တာဝင်းကျော်သူက DVB ကို ပြောပါတယ်။  အဲဒီဌာနရဲ့ စာရင်းဇယားတွေအရ မူးယစ်ဆေးလာဖြတ်သူ အတွင်းအပြင် လူနာဟာ  ၂၀၁၆ မှာ ၁၈၀ ဦး၊ ၂၀၁၇ မှာ ၅၆၇ ဦး၊ ၂၀၁၈ မှာ ၁၀၁၆ ဦးအထိ ရှိလာခဲ့တာ ဖြစ်ပြီး၊ ၂၀၁၉ မေလကုန် စာရင်းဇယားတွေအရတော့ လူနာ ၃၉၅ ဦးအထိ တက်ရောက်ကုသမှုခံယူခဲ့တာ ဖြစ်ပါတယ်။ အခုလို တက်ရောက်ကုသသူ အရေအတွက် တိုးလာတာဟာ မူးယစ်ဆေးဝါး သုံးစွဲသူပိုလာခြင်းကြောင့် ဖြစ်နိုင်တဲ့အပြင် ရပ်ရွာအခြေပြုအရပ်ဘက်အဖွဲ့အစည်းတွေရဲ့ စည်းရုံ လှုံ့ဆော်မှု အားကောင်းခြင်းကြောင့် ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ လာရောက်ကုသသူ ၈၀ ရာခိုင်နှုန်းကျော်ဟာ စိတ်ကြွမူးယစ်ဆေးဝါးတမျိုတည်းကိုသာ သုံးစွဲသူတွေဖြစ်ပြီး ဘိန်းစာရွက်နဲ့ အခြား မူးယစ်ဆေးဝါး သုံးစွဲသူဟာ ၂၀ ရာခိုင်နှုန်း ရှိနေတာပါ။  ဒီဌာနမှာ လာရောက်ကုသသူ ၈၅ ရာခိုင်နှုန်းကျော်ဟာ အသက် ၁၅ နှစ်မှ ၃၄ နှစ်ကြား လူငယ်တွေသာ ဖြစ်နေပြီး၊ အသက် ၆၄ နှစ်အရွယ် သက်ကြီးရွယ်အိုတချို့လည်း ပါဝင်နေတာပါ။ ဒါအပြင် မူးယစ်ဆေးဝါး သုံးစွဲသူများအနေနဲ့ မူးယစ်ဆေးဝါး ဖြတ်လိုရင်ဌာနကို လာရောက် တွေ့ဆုံဆွေးနွေးနိုင်တဲ့အပြင် ဖမ်းဆီးမှုတွေကို လုပ်ဆောင်သွားမှာ မဟုတ်ဘူးလို့ ဒေါက်တာဝင်းကျော်သူက ပြောပါတယ်။ ။မွန်ပြည်နယ်မှာတော့ မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုဟာ ၂၀၁၆ ခုနှစ်ကစ မြင့်တက်လာတာဖြစ်ပြီး ၂၀၁၆ မှာ ၂၅၃ မှု၊ ၂၀၁၇မှာ ၂၇၀ မှု၊ ၂၀၁၈ မှာ ၄၃၄ မှုအထိ ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
Zawgyi Version မြန္ျပည္နယ္တြင္ မူးယစ္ေဆးျဖတ္သူ ႏွစ္ဆေက်ာ္တိုးလာ DVB မြန္ျပည္နယ္မွာ မူးယစ္ေဆးလာျဖတ္သူ ႏွစ္ဆေက်ာ္အထိ တိုးလာတယ္လို႔ ေမာ္လၿမိဳင္ စိတ္က်န္းမာေရးနဲ႔ မူးယစ္ေဆးစြဲ ကုသေရးဌာန တာဝန္ခံ ေဒါက္တာဝင္းေက်ာ္သူက DVB ကို ေျပာပါတယ္။ အဲဒီဌာနရဲ႕ စာရင္းဇယားေတြအရ မူးယစ္ေဆးလာျဖတ္သူ အတြင္းအျပင္ လူနာဟာ  ၂၀၁၆ မွာ ၁၈၀ ဦး၊ ၂၀၁၇ မွာ ၅၆၇ ဦး၊ ၂၀၁၈ မွာ ၁၀၁၆ ဦးအထိ ရွိလာခဲ့တာ ျဖစ္ၿပီး၊ ၂၀၁၉ ေမလကုန္ စာရင္းဇယားေတြအရေတာ့ လူနာ ၃၉၅ ဦးအထိ တက္ေရာက္ကုသမႈခံယူခဲ့တာ ျဖစ္ပါတယ္။ အခုလို တက္ေရာက္ကုသသူ အေရအတြက္ တိုးလာတာဟာ မူးယစ္ေဆးဝါး သုံးစြဲသူပိုလာျခင္းေၾကာင့္ ျဖစ္ႏိုင္တဲ့အျပင္ ရပ္႐ြာအေျချပဳအရပ္ဘက္အဖြဲ႕အစည္းေတြရဲ႕ စည္း႐ုံ လႈံ႕ေဆာ္မႈ အားေကာင္းျခင္းေၾကာင့္ ျဖစ္ႏိုင္တယ္လို႔ ဆိုပါတယ္။ လာေရာက္ကုသသူ ၈၀ ရာခိုင္ႏႈန္းေက်ာ္ဟာ စိတ္ႂကြမူးယစ္ေဆးဝါးတမ်ိဳတည္းကိုသာ သုံးစြဲသူေတြျဖစ္ၿပီး ဘိန္းစာ႐ြက္နဲ႔ အျခား မူးယစ္ေဆးဝါး သုံးစြဲသူဟာ ၂၀ ရာခိုင္ႏႈန္း ရွိေနတာပါ။ ဒီဌာနမွာ လာေရာက္ကုသသူ ၈၅ ရာခိုင္ႏႈန္းေက်ာ္ဟာ အသက္ ၁၅ ႏွစ္မွ ၃၄ ႏွစ္ၾကား လူငယ္ေတြသာ ျဖစ္ေနၿပီး၊ အသက္ ၆၄ ႏွစ္အ႐ြယ္ သက္ႀကီး႐ြယ္အိုတခ်ိဳ႕လည္း ပါဝင္ေနတာပါ။ ဒါအျပင္ မူးယစ္ေဆးဝါး သုံးစြဲသူမ်ားအေနနဲ႔ မူးယစ္ေဆးဝါး ျဖတ္လိုရင္ဌာနကို လာေရာက္ ေတြ႕ဆုံေဆြးေႏြးႏိုင္တဲ့အျပင္ ဖမ္းဆီးမႈေတြကို လုပ္ေဆာင္သြားမွာ မဟုတ္ဘူးလို႔ ေဒါက္တာဝင္းေက်ာ္သူက ေျပာပါတယ္။ ။မြန္ျပည္နယ္မွာေတာ့ မူးယစ္ေဆးဝါး ဖမ္းဆီးရမိမႈဟာ ၂၀၁၆ ခုႏွစ္ကစ ျမင့္တက္လာတာျဖစ္ၿပီး ၂၀၁၆ မွာ ၂၅၃ မႈ၊ ၂၀၁၇မွာ ၂၇၀ မႈ၊ ၂၀၁၈ မွာ ၄၃၄ မႈအထိ ဖမ္းဆီးႏိုင္ခဲ့တယ္လို႔ ဆိုပါတယ္။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024