Home
ဆောင်းပါး
ဝါးခယ်မတွင် စက်လှေ ၂ စီးတိုက်မိ၊ ကျောင်းသူ ၁ ဦးပျောက်ဆုံးနေ
DVB
·
August 2, 2019
ဧရာဝတီတိုင်း ဝါးခယ်မမြို့နယ်မှာ စက်လှေ ၂ စီးတိုက်မိရာမှ ကျောင်းသူ ၁ ဦး ရေနစ် ပျောက်ဆုံးနေတယ်လို့ ပြည်ထဲရေးက ထုတ်ပြန်ပါတယ်။ ဝါးခယ်မမြို့နယ်၊ တုံးလှဲချောင်းကျေးရွာ၊ သဘော့ချောင်းအတွင်းမှာ ဩဂုတ်လ ၁ ရက်နေ့ ညနေ ၄ နာရီခွဲက စိုးသိန်း မောင်းနှင်ပြီး ဦးလေးဖြစ်သူ လိုက်ပါလာတဲ့ စက်လှေနဲ့ မျက်နှာချင်းဆိုင်မှ မပန်းအိဖြူ (၁၅-နှစ်) မောင်းနှင်ပြီး မိခင်ဖြစ်သူ လိုက်ပါလာတဲ့ စက်လှေတို့ ပွတ်တိုက်မိခဲ့တာပါ။ ဖြစ်စဉ်ကြောင့် မပန်းအိဖြူနဲ့ မိခင်ဖြစ်သူတို့ ၂ ဦး ရေထဲသို့ ပြုတ်ကျသွားပြီး မိခင်ဖြစ်သူကို ပြန်လည်ဆယ်ယူရရှိခဲ့ပေမယ့် မပန်းအိဖြူကိုတော့ တွေ့ရှိခြင်း မရှိလို့ လိုက်လံရှာဖွေနေတယ်လို့ သိရပါတယ်။ စိုးသိန်းနဲ့ မပန်းအိဖြူ (ပျောက်ဆုံး) တို့အား ကျုံမငေးနယ်မြေရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၂၈၀ (ရေယာဉ်အား အရမ်းဦးစီးသွားလာမှု) နဲ့ အမှုဖွင့် စစ်ဆေးနေတယ်လို့ သိရပါတယ်။
Zawgyi Version ဝါးခယ္မတြင္ စက္ေလွ ၂ စီးတိုက္မိ၊ ေက်ာင္းသူ ၁ ဦးေပ်ာက္ဆုံးေန DVB ဧရာဝတီတိုင္း ဝါးခယ္မၿမိဳ႕နယ္မွာ စက္ေလွ ၂ စီးတိုက္မိရာမွ ေက်ာင္းသူ ၁ ဦး ေရနစ္ ေပ်ာက္ဆုံးေနတယ္လို႔ ျပည္ထဲေရးက ထုတ္ျပန္ပါတယ္။ ဝါးခယ္မၿမိဳ႕နယ္၊ တုံးလွဲေခ်ာင္းေက်း႐ြာ၊ သေဘာ့ေခ်ာင္းအတြင္းမွာ ဩဂုတ္လ ၁ ရက္ေန႔ ညေန ၄ နာရီခြဲက စိုးသိန္း ေမာင္းႏွင္ၿပီး ဦးေလးျဖစ္သူ လိုက္ပါလာတဲ့ စက္ေလွနဲ႔ မ်က္ႏွာခ်င္းဆိုင္မွ မပန္းအိျဖဴ (၁၅-ႏွစ္) ေမာင္းႏွင္ၿပီး မိခင္ျဖစ္သူ လိုက္ပါလာတဲ့ စက္ေလွတို႔ ပြတ္တိုက္မိခဲ့တာပါ။ ျဖစ္စဥ္ေၾကာင့္ မပန္းအိျဖဴနဲ႔ မိခင္ျဖစ္သူတို႔ ၂ ဦး ေရထဲသို႔ ျပဳတ္က်သြားၿပီး မိခင္ျဖစ္သူကို ျပန္လည္ဆယ္ယူရရွိခဲ့ေပမယ့္ မပန္းအိျဖဴကိုေတာ့ ေတြ႕ရွိျခင္း မရွိလို႔ လိုက္လံရွာေဖြေနတယ္လို႔ သိရပါတယ္။ စိုးသိန္းနဲ႔ မပန္းအိျဖဴ (ေပ်ာက္ဆုံး) တို႔အား က်ဳံမေငးနယ္ေျမရဲစခန္းက ရာဇသတ္ႀကီးပုဒ္မ ၂၈၀ (ေရယာဥ္အား အရမ္းဦးစီးသြားလာမႈ) နဲ႔ အမႈဖြင့္ စစ္ေဆးေနတယ္လို႔ သိရပါတယ္။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024