ဗြိတိန်တွင် ရေကာတာတခုမှ ရေများစီးကျ၊ ဒေသခံထောင်ချီ ဘေးလွတ်ရာ ရွှေ့ပြောင်း

ဗြိတိန်နိုင်ငံ အလယ်ပိုင်းမှာ ပျက်စီးနေတဲ့ ရေကာတာတခုကနေ ရေတွေ စီးကျနေတာကြောင့် သြဂုတ်လ ၁ ရက်မှာ အနားက ထောင်ချီတဲ့ ဒေသခံတွေကို ဘေးလွတ်ရာ ကြိုတင်ရွှေ့ပြောင်းပေးခဲ့ရတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
ဒါ့အပြင် နောက်ဆက်တွဲ ရေကြီးနိုင်တဲ့ အန္တရာယ်သတိပေးချက်တွေလည်း ထုတ်ပြန်ထားပါတယ်။
ဗြိတိန်နိုင်ငံ အလယ်ပိုင်း ဝေလီဘရစ်ချ်မြို့အပေါ်ပိုင်းက တက်ခ်ဘရွတ်ခ် ရေကာတာရဲ့ နံရံ ပျက်စီးနေတဲ့ ရုပ်သံဖိုင်ကို ရိုက်တာသတင်းဌာနက ဖော်ပြခဲ့ပါတယ်။
ရေကာတာ နံရံပျက်စီးနေပြီး ရေတွေ စီးကျနေတာကြောင့် ဝေလီဘရစ်ချ်မြို့ ဒေသခံ ၅၀၀၀ လောက်ကို မြို့ထဲကထွက်ခွာကြဖို့နဲ့ လိုအပ်တဲ့ဆေးဝါးတွေ တပါတည်း ယူဆောင်သွားကြဖို့ ကြေညာခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
ဒါ့အပြင် ဝေလီဘရစ်ချ်မြို့ကို ဖြတ်သန်းစီးဆင်းနေတဲ့ မြစ်မှာ ရေမျက်နှာပြင် မြင့်တက်နေတာကြောင့်လည်း ဗြိတိန် သဘာဝပတ်ဝန်းကျင် အေဂျင်စီက အဲဒီမြို့မှာ ရေကြီးမှု သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။
လွန်ခဲ့တဲ့ နှစ်ရက်လောက်က ဗြိတိန်မြောက်ပိုင်းတလျောက် မိုးသည်းသည်းမည်းမည်းရွာပြီး ရေကြီးတာကြောင့် လမ်းတံတားတွေလည်း ပျက်စီးခဲ့ပါတယ်။
Zawgyi Version
DVB
ဗြိတိန်နိုင်ငံ အလယ်ပိုင်း ဝေလီဘရစ်ခ်ျမြို့အပေါ်ပိုင်းက တက်ခ်ဘရွတ်ခ် ရေကာတာရဲ့ နံရံ ပျက်စီးနေတဲ့ ရုပ်သံဖိုင်ကို ရိုက်တာသတင်းဌာနက ဖော်ပြခဲ့ပါတယ်။
ရေကာတာ နံရံပျက်စီးနေပြီး ရေတွေ စီးကျနေတာကြောင့် ဝေလီဘရစ်ခ်ျမြို့ ဒေသခံ ၅၀၀၀ လောက်ကို မြို့ထဲကထွက်ခွာကြဖို့နဲ့ လိုအပ်တဲ့ဆေးဝါးတွေ တပါတည်း ယူဆောင်သွားကြဖို့ ကြေညာခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
ဒါ့အပြင် ဝေလီဘရစ်ခ်ျမြို့ကို ဖြတ်သန်းစီးဆင်းနေတဲ့ မြစ်မှာ ရေမျက်နှာပြင် မြင့်တက်နေတာကြောင့်လည်း ဗြိတိန် သဘာဝပတ်ဝန်းကျင် အေဂျင်စီက အဲဒီမြို့မှာ ရေကြီးမှု သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။