Live
Home
မြန်မာသတင်း
ရခိုင် စစ်ဘေးဒုက္ခသည်များ၏ အခက်အခဲများကို ကူညီဖြေရှင်းပေးရန် တောင်းဆို
DVB
·
August 2, 2019
ရခိုင်ပြည်နယ်က စစ်ဘေးဒုက္ခသည်တွေ ခံစားနေရတဲ့ ဒုက္ခတွေနဲ့ အခက်အခဲတွေကို တာဝန်ရှိသူတွေက ကူညီဖြေရှင်းပေးဖို့  စစ်ဘေးရှောင်အမျိုးသမီးတွေက တောင်းဆိုလိုက်ပါတယ်။  ဇူလိုင် ၃၁ ရက်က ရခိုင်ပြည်နယ်၊ စစ်တွေမြို့ အာရီယန်ခန်းမမှာ ရိုက်ကူးတဲ့  ဒီဗွီဘီ သတင်းဌာနရဲ့ Peace 360 ရုပ်သံအစီအစဉ်မှာ အမျိုးသမီးတွေရဲ့ အလုပ်အကိုင် အခွင့်အလမ်းဆိုင်ရာ ခေါင်းစဉ်နဲ့ ဆွေးနွေးစဉ် စစ်ဘေးရှောင် အမျိုးသမီးတွေက တင်ပြ တောင်းဆိုလိုက်တာပါ။ ပြီးခဲ့တဲ့ ဒီဇင်ဘာလကနေ ဇူလိုင်လဆန်းပိုင်းအထိ နှစ်ဖက် တိုက်ပွဲတွေအတွင်း တပ်မတော်က အေအေအဖွဲ့ဝင် ဆိုတဲ့ သံသယနဲ့ ဖမ်းဆီး စစ်ဆေးသူ ၉၀ ရှိခဲ့ပြီး၊ လက်ရှိ စိစစ်နေဆဲ ၃၆ ဦး၊ ပြန်လွှတ်ပေးခဲ့သူ ၈ ဦး ရှိပါတယ်။ ဒါအပြင် အမှုဖွင့်ထားသူ ၄၅ ဦးနဲ့ ပြစ်ဒဏ်ချမှတ်ပြီးသူ ၃ ဦးရှိတယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။ ဖမ်းဆီးခံရတဲ့အထဲမှာ ဒုက္ခသည်တယောက် ဖြစ်တဲ့ ဒေါ်သိန်းမေရဲ့ အမျိုးသားလည်း ပါဝင်ပါတယ်။ အခုလို ခံစားနေကြရတဲ့ ဒုက္ခတွေက ကင်းဝေးဖို့အတွက်ဆိုရင် စစ်ပွဲတွေကို အဓိက ရပ်စဲဖို့ လိုအပ်ပြီး တိုင်းပြည်ရဲ့စနစ်ကို မပြောင်းလဲနိုင်သေးသရွေ့ အဲဒီဒုက္ခတွေကို ခံစားနေကြရမှာမို့ ပြောင်းလဲဖို့ လိုအပ်တဲ့အကြောင်းကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြတယ်လို့ ရခိုင် ပြည်လွတ်မြောက်ရေးပါတီက ဆိုပါတယ်။ အဲဒီဆွေးနွေးပွဲမှာ ဒီဗွီဘီသတင်းဌာနရဲ့ Peace 360 အစီအစဉ် အဖွဲ့သားတွေ အပါအဝင် ရခိုင်ပြည်နယ်အတွင်းက နိုင်ငံရေးလှုပ်ရှားသူတွေ၊ အရပ်ဘက် လူမှုအသိုက်အဝန်းက အမျိုးသမီးတွေ၊ စစ်ဘေးရှောင်အမျိုးသမီးတွေ၊ ကျောင်းသားလူငယ်တွေလည်း တက်ရောက်ကြပြီး  အလုပ်အကိုင် အခွင့်အလမ်း နည်းပါးမှု၊ ပြည်နယ်အတွင်း လက်ရှိကြုံနေကြတဲ့ အခက်အခဲတွေကို တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။ ရက္ခိုင့်တပ်တော် အေအေနဲ့ မြန်မာ့တပ်မတော်တို့ရဲ့ စစ်ပွဲတွေကြားမှာ ပြည်သူ ၅၀၀၀၀ ကျော် စစ်ဘေးရှောင်နေကြရပြီး စားဝတ်နေရေးကအစ ပညာရေး၊ ကျန်းမာရေးနဲ့ ကဏ္ဍအသီးသီးမှာ လိုအပ်ချက်တွေများစွာ ရှိနေပါတယ်။ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ ရခိုင္ စစ္ေဘးဒုကၡသည္မ်ား၏ အခက္အခဲမ်ားကို ကူညီေျဖရွင္းေပးရန္ ေတာင္းဆို ရခိုင္ျပည္နယ္က စစ္ေဘးဒုကၡသည္ေတြ ခံစားေနရတဲ့ ဒုကၡေတြနဲ႔ အခက္အခဲေတြကို တာဝန္ရွိသူေတြက ကူညီေျဖရွင္းေပးဖို႔  စစ္ေဘးေရွာင္အမ်ိဳးသမီးေတြက ေတာင္းဆိုလိုက္ပါတယ္။ ဇူလိုင္ ၃၁ ရက္က ရခိုင္ျပည္နယ္၊ စစ္ေတြၿမိဳ႕ အာရီယန္ခန္းမမွာ ႐ိုက္ကူးတဲ့  ဒီဗြီဘီ သတင္းဌာနရဲ႕ Peace 360 ႐ုပ္သံအစီအစဥ္မွာ အမ်ိဳးသမီးေတြရဲ႕ အလုပ္အကိုင္ အခြင့္အလမ္းဆိုင္ရာ ေခါင္းစဥ္နဲ႔ ေဆြးေႏြးစဥ္ စစ္ေဘးေရွာင္ အမ်ိဳးသမီးေတြက တင္ျပ ေတာင္းဆိုလိုက္တာပါ။ ၿပီးခဲ့တဲ့ ဒီဇင္ဘာလကေန ဇူလိုင္လဆန္းပိုင္းအထိ ႏွစ္ဖက္ တိုက္ပြဲေတြအတြင္း တပ္မေတာ္က ေအေအအဖြဲ႕ဝင္ ဆိုတဲ့ သံသယနဲ႔ ဖမ္းဆီး စစ္ေဆးသူ ၉၀ ရွိခဲ့ၿပီး၊ လက္ရွိ စိစစ္ေနဆဲ ၃၆ ဦး၊ ျပန္လႊတ္ေပးခဲ့သူ ၈ ဦး ရွိပါတယ္။ ဒါအျပင္ အမႈဖြင့္ထားသူ ၄၅ ဦးနဲ႔ ျပစ္ဒဏ္ခ်မွတ္ၿပီးသူ ၃ ဦးရွိတယ္လို႔ တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕က ထုတ္ျပန္ထားပါတယ္။ ဖမ္းဆီးခံရတဲ့အထဲမွာ ဒုကၡသည္တေယာက္ ျဖစ္တဲ့ ေဒၚသိန္းေမရဲ႕ အမ်ိဳးသားလည္း ပါဝင္ပါတယ္။ အခုလို ခံစားေနၾကရတဲ့ ဒုကၡေတြက ကင္းေဝးဖို႔အတြက္ဆိုရင္ စစ္ပြဲေတြကို အဓိက ရပ္စဲဖို႔ လိုအပ္ၿပီး တိုင္းျပည္ရဲ႕စနစ္ကို မေျပာင္းလဲႏိုင္ေသးသေ႐ြ႕ အဲဒီဒုကၡေတြကို ခံစားေနၾကရမွာမို႔ ေျပာင္းလဲဖို႔ လိုအပ္တဲ့အေၾကာင္းကိုလည္း ထည့္သြင္းေဆြးေႏြးခဲ့ၾကတယ္လို႔ ရခိုင္ ျပည္လြတ္ေျမာက္ေရးပါတီက ဆိုပါတယ္။ အဲဒီေဆြးေႏြးပြဲမွာ ဒီဗြီဘီသတင္းဌာနရဲ႕ Peace 360 အစီအစဥ္ အဖြဲ႕သားေတြ အပါအဝင္ ရခိုင္ျပည္နယ္အတြင္းက ႏိုင္ငံေရးလႈပ္ရွားသူေတြ၊ အရပ္ဘက္ လူမႈအသိုက္အဝန္းက အမ်ိဳးသမီးေတြ၊ စစ္ေဘးေရွာင္အမ်ိဳးသမီးေတြ၊ ေက်ာင္းသားလူငယ္ေတြလည္း တက္ေရာက္ၾကၿပီး  အလုပ္အကိုင္ အခြင့္အလမ္း နည္းပါးမႈ၊ ျပည္နယ္အတြင္း လက္ရွိႀကဳံေနၾကတဲ့ အခက္အခဲေတြကို တက္ေရာက္ေဆြးေႏြးခဲ့ၾကပါတယ္။ ရကၡိဳင့္တပ္ေတာ္ ေအေအနဲ႔ ျမန္မာ့တပ္မေတာ္တို႔ရဲ႕ စစ္ပြဲေတြၾကားမွာ ျပည္သူ ၅၀၀၀၀ ေက်ာ္ စစ္ေဘးေရွာင္ေနၾကရၿပီး စားဝတ္ေနေရးကအစ ပညာေရး၊ က်န္းမာေရးနဲ႔ က႑အသီးသီးမွာ လိုအပ္ခ်က္ေတြမ်ားစြာ ရွိေနပါတယ္။ သတင္း − ဝဏၰခြာညိဳ

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024