ဆူဒန်ဆန္ဒပြပွဲအတွင်း ကျောင်းသားအချို့ သေဆုံးခဲ့သဖြင့် စာသင်ကျောင်းများ ခေတ္တပိတ်

782
ဆူဒန်နိုင်ငံ အယ်အိုဘီမြို့ ဆန္ဒပြပွဲအတွင်း ပစ်ခတ်ခံရလို့ ကျောင်းသား ၄ ယောက်ထက်မနည်း သေဆုံးပြီးနောက် ကျောင်းတွေကို ခေတ္တပိတ်ခဲ့ပါတယ်။
လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဆန္ဒပြလူအုပ်ကို လူစုခွဲရာကနေ ကျောင်းသား ၄ ယောက် ပစ်သတ်ခံရတာပါ။
ဒါကြောင့် ကျောင်းသားတွေက ကျောင်းအတွင်း လူထုစည်းဝေးပွဲတွေလုပ်ဖို့ တောင်းဆိုနေတယ်လို့ ကျောင်းအုပ်ကြီးတဦးက ပြောပါတယ်။
ဆူဒန်နိုင်ငံတဝှမ်း ဆန္ဒပြပွဲတွေမှာ ကျောင်းသားတွေ ပူးပေါင်း ပါဝင်လာချိန် အခုလိုမျိုး ကျောင်းတွေကို ရက် အကန့်အသတ်မရှိ ပိတ်လိုက်တာပါ။
ကျောင်းပိတ်တာနဲ့ ပတ်သက်လို့ ကျောင်းဆရာတွေ၊ ကျောင်းသားတွေနဲ့ ကျောင်းသား မိဘတွေ စိတ်အေးသက်သာရာရခဲ့ပါတယ်။
ကျောင်းအုပ်တဦးက “ကျောင်းသားတွေက နိုင်ငံရေးမှာ သွားပတ်သက်တယ်။ သူတို့တောင်းဆိုချက်တွေက နိုင်ငံရေးတင် မဟုတ်ဘူး။ စားဝတ်နေရေး ချောင်လည်ရေး၊ သွားလာမှု အဆင်ပြေရေးနဲ့ ကျောင်းသားတွေရဲ့ အခြေခံ လိုအပ်ချက်တွေကို တောင်းနေတာ ”လို့ ပြောခဲ့ပါတယ်။
ဇူလိုင် ၃၀ ရက်နေ့မှာ ဆူဒန်စစ်ဘက်ကောင်စီ အကြီးအကဲက ကျောင်းသားတွေ သတ်ဖြတ်တာကို လက်မခံနိုင်ဘူးလို့ ပြောခဲ့သလို ဇူလိုင် ၃၁ ရက်နေ့မှာ အာဖရိကသမဂ္ဂကလည်း အဲဒီအတွက် တာဝန်ရှိသူတွေကို အမြန်ဆုံး ရုံးတင်စစ်ဆေးဖို့ တိုက်တွန်းခဲ့ပါတယ်။
Zawgyi Version ဆူဒန္ဆႏၵျပပြဲအတြင္း ေက်ာင္းသားအခ်ိဳ႕ ေသဆုံးခဲ့သျဖင့္ စာသင္ေက်ာင္းမ်ား ေခတၱပိတ္ DVB ဆူဒန္ႏိုင္ငံ အယ္အိုဘီၿမိဳ႕ ဆႏၵျပပြဲအတြင္း ပစ္ခတ္ခံရလို႔ ေက်ာင္းသား ၄ ေယာက္ထက္မနည္း ေသဆုံးၿပီးေနာက္ ေက်ာင္းေတြကို ေခတၱပိတ္ခဲ့ပါတယ္။ လုံၿခဳံေရးတပ္ဖြဲ႕ဝင္ေတြက ဆႏၵျပလူအုပ္ကို လူစုခြဲရာကေန ေက်ာင္းသား ၄ ေယာက္ ပစ္သတ္ခံရတာပါ။ ဒါေၾကာင့္ ေက်ာင္းသားေတြက ေက်ာင္းအတြင္း လူထုစည္းေဝးပြဲေတြလုပ္ဖို႔ ေတာင္းဆိုေနတယ္လို႔ ေက်ာင္းအုပ္ႀကီးတဦးက ေျပာပါတယ္။ ဆူဒန္ႏိုင္ငံတဝွမ္း ဆႏၵျပပြဲေတြမွာ ေက်ာင္းသားေတြ ပူးေပါင္း ပါဝင္လာခ်ိန္ အခုလိုမ်ိဳး ေက်ာင္းေတြကို ရက္ အကန႔္အသတ္မရွိ ပိတ္လိုက္တာပါ။ ေက်ာင္းပိတ္တာနဲ႔ ပတ္သက္လို႔ ေက်ာင္းဆရာေတြ၊ ေက်ာင္းသားေတြနဲ႔ ေက်ာင္းသား မိဘေတြ စိတ္ေအးသက္သာရာရခဲ့ပါတယ္။ ေက်ာင္းအုပ္တဦးက “ေက်ာင္းသားေတြက ႏိုင္ငံေရးမွာ သြားပတ္သက္တယ္။ သူတို႔ေတာင္းဆိုခ်က္ေတြက ႏိုင္ငံေရးတင္ မဟုတ္ဘူး။ စားဝတ္ေနေရး ေခ်ာင္လည္ေရး၊ သြားလာမႈ အဆင္ေျပေရးနဲ႔ ေက်ာင္းသားေတြရဲ႕ အေျခခံ လိုအပ္ခ်က္ေတြကို ေတာင္းေနတာ ”လို႔ ေျပာခဲ့ပါတယ္။ ဇူလိုင္ ၃၀ ရက္ေန႔မွာ ဆူဒန္စစ္ဘက္ေကာင္စီ အႀကီးအကဲက ေက်ာင္းသားေတြ သတ္ျဖတ္တာကို လက္မခံႏိုင္ဘူးလို႔ ေျပာခဲ့သလို ဇူလိုင္ ၃၁ ရက္ေန႔မွာ အာဖရိကသမဂၢကလည္း အဲဒီအတြက္ တာဝန္ရွိသူေတြကို အျမန္ဆုံး ႐ုံးတင္စစ္ေဆးဖို႔ တိုက္တြန္းခဲ့ပါတယ္။