မြောက်ကိုရီးယားက မစ်ဇိုင်းဒုံးကျည်အသစ် စမ်းသပ်ပစ်ခတ်ခဲ့ဟု တောင်ကိုရီးယား ယူဆ

699
မြောက်ကိုရီးယားက ပစ်လွှတ်စမ်းသပ်တဲ့ ဒုံးကျည်ဟာ ပဲ့ထိန်း မစ်ဇိုင်းဒုံးကျည် အမျိုးအစားအသစ်လို့ ယူဆထားကြောင်း တောင်ကိုရီးယားစစ်တပ် ပူးတွဲစစ်ဦးစီး အရာရှိချုပ်က ပြောလိုက်ပါတယ်။
မြောက်ကိုရီးယားနိုင်ငံ အရှေ့တောင်ပိုင်း ကမ်းရိုးတန်းမှာ ဘက်စုံသုံး rocket ဒုံးကျည်ပုံစံသစ်တခုကို ပစ်လွှတ်စမ်းသပ်ခဲ့ပြီး ခေါင်းဆောင်ကင်ဂျုံအန်းကိုယ်တိုင် ကြီးကြပ်ခဲ့တယ်လို့ မြောက်ကိုရီးယားနိုင်ငံပိုင် မီဒီယာက ဇူလိုင် ၃၁ ရက်နေ့ အစောပိုင်းမှာ ဖော်ပြခဲ့ပါတယ်။
ဒါနဲ့ပတ်သက်ပြီး တောင်ကိုရီးယားစစ်တပ် ပူးတွဲစစ်ဦးစီး အရာရှိချုပ် ကင်မ်ဂျွန်နာက “မကြာသေးခင်က မြောက်ကိုရီးယား ပစ်လွှတ် စမ်းသပ်ခဲ့တဲ့ ဒုံးကျည်ဟာ တာတိုပစ် ပဲ့ထိန်း မစ်ဇိုင်းဒုံးကျည် အမျိုးအစားအသစ်လို့ တောင်ကိုရီးယားနဲ့ အမေရိကန် ထောက်လှမ်း အာဏာပိုင်တွေက ယူဆထားဆဲပါပဲ။” လို့ ပြောပါတယ်။
မြောက်ကိုရီးယားဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကလည်း တာတိုပစ်ပဲ့ထိန်းဒုံးကျည် နှစ်စင်းကို ပစ်လွှတ်စမ်းသပ်ခဲ့ပါသေးတယ်။ ကြန့်ကြာနေတဲ့ နျူကလီးယားဆွေးနွေးပွဲတွေ ပြန်အသက်ဝင်ဖို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းနဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်အကြား ဇွန်လက သဘောတူညီမှုရပြီးနောက်ပိုင်း မြောက်ကိုရီးယားက အခုလို ဒုံးကျည်စမ်းသပ်မှုတွေ ပြန်စခဲ့တာပါ။
ဖေဖော်ဝါရီက ဗီယက်နမ်နိုင်ငံမှာ ကျင်းပတဲ့ အမေရိကန်-မြောက်ကိုရီးယား ဒုတိယအကြိမ် ထိပ်သီးဆွေးနွေးပွဲ ပျက်သွားပြီးတဲ့နောက် နျူကလီးယား လက်နက်ဖြုတ်သိမ်းဖို့ ဆွေးနွေးပွဲတွေ ရပ်ဆိုင်းခဲ့ပါတယ်။
မြောက်ကိုရီးယားရဲ့ ဒုံးကျည်စမ်းသပ်မှုတွေဟာ ကင်ဂျုံအန်းနဲ့ ထရမ့်အကြား ကတိကဝတ်ကို ချိုးဖောက်ရာ မရောက်ဘူးလို့ အမေရိကန် အမျိုးသားလုံခြုံရေး အကြံပေး ဂျွန်ဘော်တန်က ပြောပါတယ်။ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးကလည်း မြောက်ကိုရီးယားရဲ့ ဒုံးကျည်ပစ်လွှတ် စမ်းသပ်မှုဟာ ဂျပန်အမျိုးသား လုံခြုံရေးအပေါ် သက်ရောက်မှု မရှိဘူးလို့ ပြောခဲ့ပါတယ်။
Zawgyi Version ေျမာက္ကိုရီးယားက မစ္ဇိုင္းဒုံးက်ည္အသစ္ စမ္းသပ္ပစ္ခတ္ခဲ့ဟု ေတာင္ကိုရီးယား ယူဆ DVB ေျမာက္ကိုရီးယားက ပစ္လႊတ္စမ္းသပ္တဲ့ ဒုံးက်ည္ဟာ ပဲ့ထိန္း မစ္ဇိုင္းဒုံးက်ည္ အမ်ိဳးအစားအသစ္လို႔ ယူဆထားေၾကာင္း ေတာင္ကိုရီးယားစစ္တပ္ ပူးတြဲစစ္ဦးစီး အရာရွိခ်ဳပ္က ေျပာလိုက္ပါတယ္။ ေျမာက္ကိုရီးယားႏိုင္ငံ အေရွ႕ေတာင္ပိုင္း ကမ္း႐ိုးတန္းမွာ ဘက္စုံသုံး rocket ဒုံးက်ည္ပုံစံသစ္တခုကို ပစ္လႊတ္စမ္းသပ္ခဲ့ၿပီး ေခါင္းေဆာင္ကင္ဂ်ဳံအန္းကိုယ္တိုင္ ႀကီးၾကပ္ခဲ့တယ္လို႔ ေျမာက္ကိုရီးယားႏိုင္ငံပိုင္ မီဒီယာက ဇူလိုင္ ၃၁ ရက္ေန႔ အေစာပိုင္းမွာ ေဖာ္ျပခဲ့ပါတယ္။ ဒါနဲ႔ပတ္သက္ၿပီး ေတာင္ကိုရီးယားစစ္တပ္ ပူးတြဲစစ္ဦးစီး အရာရွိခ်ဳပ္ ကင္မ္ဂြၽန္နာက “မၾကာေသးခင္က ေျမာက္ကိုရီးယား ပစ္လႊတ္ စမ္းသပ္ခဲ့တဲ့ ဒုံးက်ည္ဟာ တာတိုပစ္ ပဲ့ထိန္း မစ္ဇိုင္းဒုံးက်ည္ အမ်ိဳးအစားအသစ္လို႔ ေတာင္ကိုရီးယားနဲ႔ အေမရိကန္ ေထာက္လွမ္း အာဏာပိုင္ေတြက ယူဆထားဆဲပါပဲ။” လို႔ ေျပာပါတယ္။ ေျမာက္ကိုရီးယားဟာ ၿပီးခဲ့တဲ့ သီတင္းပတ္ကလည္း တာတိုပစ္ပဲ့ထိန္းဒုံးက်ည္ ႏွစ္စင္းကို ပစ္လႊတ္စမ္းသပ္ခဲ့ပါေသးတယ္။ ၾကန႔္ၾကာေနတဲ့ န်ဴကလီးယားေဆြးေႏြးပြဲေတြ ျပန္အသက္ဝင္ဖို႔ ေျမာက္ကိုရီးယားေခါင္းေဆာင္ ကင္ဂ်ဳံအန္းနဲ႔ အေမရိကန္သမၼတ ေဒၚနယ္ထရန႔္အၾကား ဇြန္လက သေဘာတူညီမႈရၿပီးေနာက္ပိုင္း ေျမာက္ကိုရီးယားက အခုလို ဒုံးက်ည္စမ္းသပ္မႈေတြ ျပန္စခဲ့တာပါ။ ေဖေဖာ္ဝါရီက ဗီယက္နမ္ႏိုင္ငံမွာ က်င္းပတဲ့ အေမရိကန္-ေျမာက္ကိုရီးယား ဒုတိယအႀကိမ္ ထိပ္သီးေဆြးေႏြးပြဲ ပ်က္သြားၿပီးတဲ့ေနာက္ န်ဴကလီးယား လက္နက္ျဖဳတ္သိမ္းဖို႔ ေဆြးေႏြးပြဲေတြ ရပ္ဆိုင္းခဲ့ပါတယ္။ ေျမာက္ကိုရီးယားရဲ႕ ဒုံးက်ည္စမ္းသပ္မႈေတြဟာ ကင္ဂ်ဳံအန္းနဲ႔ ထရမ့္အၾကား ကတိကဝတ္ကို ခ်ိဳးေဖာက္ရာ မေရာက္ဘူးလို႔ အေမရိကန္ အမ်ိဳးသားလုံၿခဳံေရး အႀကံေပး ဂြၽန္ေဘာ္တန္က ေျပာပါတယ္။ ဂ်ပန္ဝန္ႀကီးခ်ဳပ္ ရွင္ဇိုအာေဘးကလည္း ေျမာက္ကိုရီးယားရဲ႕ ဒုံးက်ည္ပစ္လႊတ္ စမ္းသပ္မႈဟာ ဂ်ပန္အမ်ိဳးသား လုံၿခဳံေရးအေပၚ သက္ေရာက္မႈ မရွိဘူးလို႔ ေျပာခဲ့ပါတယ္။